Connect with us

China

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစီအစဉ် အခြေအနေများအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မိတ်ဆက်ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဇွန် ၂၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဖြစ်ပေသည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် နှစ် ၇၀ ပြည့် ညီလာခံ စသည့် အစီအစဉ်များကို ဇွန် ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အထိမ်းအမှတ် ညီလာခံအခမ်းအနားသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ် အစီအစဉ်များ၏ အခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇွန် ၂၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းချက်များအား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ က ဝန်ကြီးချုပ် ချူအင်လိုင်းသည် “ တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်၊ နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းရန်နှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရန်” ဟူသော မူကြီး ၅ ချက်ကို ပထမဆုံး ပြည့်စုံစွာ အဆိုပြုခဲ့ကြောင်း ၊ နှစ်ပေါင်း ၇၀ ကြာကာလတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်သည် ကမ္ဘာ့နိုင်ငံ အသီးသီး၏ ကျယ်ပြန့်စွာ လက်ခံအသိအမှတ်ပြုမှုကို ရရှိခဲ့ရာ နိုင်ငံတကာဆက်ဆံရေး၏ စံတင်ရသည့် အခြေခံမူ နှင့် နိုင်ငံတကာဥပဒေ၏ အခြေခံမူ ဖြစ်ခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။
အခြေအနေသစ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ဆက်လက်ကျယ်ပြန့်စေရန် ၊ မျက်မှောက်ကမ္ဘာတွင် အန္တရာယ်နှင့်စိန်ခေါ်မှုအထပ်ထပ်ကို အတူတကွ ရင်ဆိုင်ဖြေရှင်းရန်၊ နိုင်ငံအသီးသီး ပြည်သူများ၏ ငြိမ်းချမ်းရေးကို လိုလားမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှု၊ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မှု ဟူသော တောင်းဆိုသံကို တုံ့ပြန်ရန်အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစီအစဉ်များကို ဇွန် ၂၈ ရက်တွင် ပေကျင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ပွဲ အစီအစဉ်များသည် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်မှသည် လူသားမျိုးနွယ်တို့၏ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးဆီသို့ ” ဟူသော ခေါင်းစဉ်ဖြင့် အဓိကထားကျင်းပသွားမည် ဖြစ်ရာ အထိမ်းအမှတ် ညီလာခံအပြီးတွင် နေ့လယ်စာ တည်ခင်းဧည်ခံပွဲနှင့် ဆွေးနွေးပွဲ ဖိုရမ်များ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က အထိမ်းအမှတ် ညီလာခံအခမ်းအနားသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားမည် ဖြစ်ပြီး ဝန်ကြီးချုပ် လီချန်က အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နေ့လယ်စာတည်ခင်းဧည့်ခံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရအရာရှိဟောင်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ ချစ်ကြည်ရေးကဏ္ဍ လူပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် စီးပွားရေးနှင့်စက်မှုလုပ်ငန်းကဏ္ဍများမှ ကိုယ်စားလှယ်များသည် ဖိတ်ကြားချက်အရ အထိမ်းအမှတ် ညီလာခံ၊ နေ့လယ်စာ တည်ခင်းဧည့်ခံပွဲနှင့် ဆွေးနွေးပွဲဖိုရမ်များသို့ တက်ရောက်အမှာစကားပြောကြားကြမည် ဖြစ်ကြောင်း သိရသည်။

“မိမိတို့အနေနဲ့ အခမ်းအနားသို့ တက်ရောက်သော ကိုယ်စားလှယ်တွေနဲ့အတူ အထိမ်းအမှတ်အခမ်းအနား အစီအစဉ် ခေါင်းစဉ်များကို အဓိကထား အပြည့်အဝ ဆွေးနွေးကြမယ်လို့ မျှော်လင့်သလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် အဆိုပြုတဲ့ ကနဦး ရည်ရွယ်ချက်ကို ခိုင်မာစွာ စောင့်ထိန်းကြကာ နိုင်ငံတကာ အသိုက်အဝန်း အတူလက်တွဲပြီး အန္တရာယ်စိန်ခေါ်မှုများကို ရင်ဆိုင်ရေး၊ လူသားမျိုးနွယ်တို့ရဲ့ သာယာလှပတဲ့ အနာဂတ် အတူဖန်တီးရေးအတွက် ဉာဏ်ပညာနဲ့အင်အား စုစည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
####ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး၅ချက်
……………………….
(Chinese Version)
外交部介绍和平共处五项原则发表70周年纪念活动整体情况
新华社北京6月25日电(记者温馨)今年是和平共处五项原则发表70周年。中方将于6月28日在北京举行和平共处五项原则发表70周年纪念大会等系列活动。国家主席习近平将出席纪念大会并发表重要讲话。25日,外交部发言人毛宁在例行记者会上应询介绍了纪念活动整体情况。
毛宁说,70年前,周恩来总理首次完整提出“互相尊重主权和领土完整、互不侵犯、互不干涉内政、平等互利、和平共处”五项原则。70年来,和平共处五项原则被世界各国普遍接受和认可,成为国际关系基本准则和国际法基本原则。
毛宁表示,为在新形势下继承弘扬和平共处五项原则,共同应对当今世界多重危机挑战,回应各国人民要和平、谋发展、促合作的呼声,中方将于6月28日在北京举行和平共处五项原则发表70周年纪念活动。
她说,纪念活动将聚焦“从和平共处五项原则到构建人类命运共同体”主题,包括纪念大会和随后举行的午餐会及分论坛。习近平主席将出席纪念大会并发表重要讲话,李强总理主持。中共中央政治局委员、外交部长王毅将出席午餐会并致辞。世界多国前政要、专家学者、友好人士、媒体和工商界代表将应邀出席纪念大会并分别在午餐会和分论坛致辞发言。
“我们期待与会代表围绕纪念活动的主题充分讨论,坚守提出和平共处五项原则的初心,为国际社会携手应对危机挑战、共创人类美好未来汇聚智慧和力量。”毛宁说。(完)