Connect with us

International Organizations

အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ပိုမိုကြီးမားသော ကပ်ဆိုးဆိုက်အောင် မလုပ်ဆောင်ကြရန် တရုတ်ကိုယ်စားလှယ် ပြောကြား

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း တိုက်ခိုက်ခံရမှုအခြေအနေအား ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိကြရန်၊ တင်းမာမှုများ ဆိုးရွားစေမည့် လှုပ်ရှားမှုများကို ရှောင်ရှားကြရန်၊ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ပိုမိုကြီးမားသော ဧရာမကပ်ဆိုးကြီးထဲသို့ ဆွဲမသွင်းကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဇွန် ၂၅ ရက် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေးအရေး တံခါးဖွင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင် အပစ်ရပ်ရေး အဆင့် ၃ ဆင့် အဆိုပြုချက်ကို မေ ၃၁ ရက်က ကြေညာပြီးနောက် အမေရိကန်နိုင်ငံသည် လုံခြုံရေးကောင်စီတွင် အမှတ် ၂၇၃၅ ဆုံးဖြတ်ချက် အတည်ပြုရန် တွန်းအားပေးဆောင်ရွက်ခဲ့ကာ အစ္စရေးနှင့် ပါလက်စတိုင်းအစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်)တို့ ယင်းအဆိုပြုချက်ကို လက်ခံရန် တိုက်တွန်းခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ထိုစဉ်က အပစ်ရပ်ရေး အဆိုပြုချက်ကို အစ္စရေးက လက်ခံပြီးဖြစ်ကြောင်း အမေရိကန်အနေဖြင့် ပြောကြားခဲ့သော်လည်း ဝမ်းနည်းဖွယ်ကောင်းသည်မှာ ရေရှည်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီရန် အစ္စရေးဘက်မှ ခိုင်မာသည့်အရိပ်အယောင်အား နိုင်ငံတကာအသိုက်အဝန်းက မတွေ့ရသေးကြောင်း၊ အစ္စရေးက စစ်ရေးလှုပ်ရှားမှုများ ဆက်လက် ကျယ်ပြန့်စွာ ဆက်လက် လုပ်ဆောင်နေခြင်း၊ ရာဖာ၊ နူဆေးရက်တ်၊ ဂါဇာမြို့များရှိ ဒုက္ခသည်စခန်းများကို အဖန်တလဲလဲ ထိုးစစ်ဆင်ကာ လူသေဆုံးဒဏ်ရာရမှုများ ထပ်မံဖြစ်ပွားနေစေခြင်း၊ အရှေ့ပါလက်စတိုင်းအနီးရှိ ကုလသမဂ္ဂ ဒုက္ခသည် ကူညီကယ်ဆယ်ရေးနှင့်လုပ်ငန်းအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) စသည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများကို အန္တရာယ်ဖြစ်နိုင်စေခြင်းကိုသာ နိုင်ငံ အသီးသီးက တွေ့မြင်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချက်ချင်းအပစ်အခတ်ရပ်စဲရမည်ဖြစ်ပြီး အပစ်ရပ်လိုက်သည်နှင့် စစ်ပွဲကို ပြန်စ၍ မရကြောင်း၊ ၎င်းမှာ လုံခြုံရေးကောင်စီ အမှတ် ၂၇၂၈ နှင့် အမှတ် ၂၇၃၅ ဆုံးဖြတ်ချက်၏ အဓိကအနှစ်သာရဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အရပ်သားသေဆုံးဒဏ်ရာရမှုများဖြစ်ပွားအောင် ဆောင်ရွက်ခြင်းသည် ဖမ်းဆီးထိန်းသိမ်းထားသူများအား ကယ်ဆယ်သည့် နည်းလမ်းမဟုတ်ကြောင်း၊ တရုတ်နိုင်ငံက အစ္စရေးအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏တခဲနက်တောင်းဆိုသံကို နားထောင်ကာ ဂါဇာ၌ စစ်ရေးလှုပ်ရှားမှုများ တွန်းအားပေးလုပ်ဆောင်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ ဂါဇာလူထုကို အစုလိုက် ဒဏ်ပေးနေမှုအား ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း၊ အချင်းဖြစ်ပွားသောသက်ဆိုင်ရာနိုင်ငံအပေါ် အဓိကဩဇာရှိသည့် နိုင်ငံများအနေဖြင့် တရားမျှတမှုကို လက်ကိုင်ထား ရပ်တည်ရန်၊ အပစ်ရပ်ရေးအတွက် စေတနာမှန်သည့် ကြိုးပမ်းမှုများကို လက်တွေ့ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖုချုံးက လက်ရှိ ဂါဇာ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ လွန်စွာ ဆိုးရွားကြောင်း ပြောကြားခဲ့သည်။ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများက လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်နေသူများအတွက် ဆိုးဝါးသည့် ခြိမ်းခြောက်မှု ဖြစ်စေခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့များက အလုပ်မလုပ်ကြောင်း အရိပ်အမြွက်ပြောခြင်း၊ အပြစ်တင်နေခြင်း၊ ၎င်းတို့မှာ လက်ခံဖွယ်ရာမရှိကြောင်း၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ အစ္စရေးတွင် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့နှင့်ဝန်ထမ်းများ၏ လုံခြုံရေးကို ကာကွယ်ရမည့် တာဝန်ရှိသလို လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ အမြန်ဆုံး ဂါဇာသို့ ဝင်ရောက်ပြီး လိုအပ်မှုရှိသည့် လူထုလက်ထဲသို့ လုံခြုံဘေးကင်းစွာ စနစ်တကျ ရောက်ရှိနိုင်အောင် အာမခံရမည့် တာဝန် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းတွင် အစ္စရေး အင်အားစုများက ပါလက်စတိုင်းသားများကို ရှာဖွေဖမ်းဆီးမှု၊ တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက အစ္စရေးအနေဖြင့် ပါလက်စတိုင်းအရပ်သားများအပေါ် အကြမ်းဖက်မှုကို လက်တွေ့တားဆီးရန်၊ အခွန်ငွေများ သိမ်းထားခြင်းကို အမြန်ဆုံး ပြန်ပေးရန် အပါအဝင် ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့၏ စီမံအုပ်ချုပ်မှုအခြေခံအား ဖျက်ဆီးနေမှုကို ရပ်တန့်ရန် တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခြေချလှုပ်ရှားနေမှုသည် နိုင်ငံတကာ ဥပဒေနှင့် လုံခြုံရေးကောင်စီ အမှတ် ၂၃၃၄ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း”၏ အလားအလာကို ဖျက်ဆီးခြင်း ဖြစ်ရာ အစ္စရေးအနေဖြင့် အခြေချလှုပ်ရှားမှုအားလုံးကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံက ထပ်မံအလေးထားပြောကြားခဲ့သည်။

ဂါဇာပဋိပက္ခ၏ အနုတ်လက္ခဏာသက်ရောက်မှုသည် ပြင်ပသို့ လျင်မြန်စွာ ကူးစက်နေပြီဖြစ်ကြောင်း၊ ပင်လယ်နီ၊ လက်ဘနွန်နှင့် အစ္စရေးနယ်စပ် အခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အစ္စရေးက လက်ဘနွန်အား စစ်ရေး ထိုးစစ်ဆင်ရန် အသင့်ပြင်နေပြီဖြစ်သည့် သတင်းကို တရုတ်နိုင်ငံအနေဖြင့် အထူးဂရုပြုလျက်ရှိကြောင်း၊ လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေသည် အလွန်အန္တရာယ်များရာ နောက်ထပ် ဂါဇာအခြေအနေမျိုး လက်ဘနွန်တွင် ဖြစ်ပွားလာမည်မှာ လက်ခံဖွယ်ရာမရှိဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လိုအပ်သည့် လုပ်ဆောင်ချက် အားလုံးကို လုပ်ဆောင်ကြရန်၊ ဂါဇာ ချက်ချင်း ရေရှည်အပစ်ရပ်ရေးကို တွန်းအားပေးကြရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အမြန်ဆုံး ပြန်လည်စတင်ရေး တွန်းအားပေးကြရန်၊ အရှေ့အလယ်ပိုင်းဒေသ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ရေး တွန်းအားပေးကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
中国代表:不要把整个中东地区拖入更大的浩劫

新华社联合国6月25日电(记者王建刚)中国常驻联合国代表傅聪25日在安理会巴以问题公开会上表示,中方呼吁所有各方保持克制,避免采取加剧紧张局势的行动,不要把整个中东地区拖入一场更大的浩劫。
傅聪说,在5月31日宣布关于加沙地带停火的三阶段倡议之后,美国推动安理会通过第2735号决议,敦促以色列和巴勒斯坦伊斯兰抵抗运动(哈马斯)接受这一倡议。美国当时称以色列已经接受停火倡议。但遗憾的是,直到现在,国际社会没有从以色列方面看到同意实现持久停火的确切迹象。相反,各国看到以色列还在持续开展大规模军事行动,反复进攻拉法、努赛赖特、加沙城的多处难民营,一再造成新的重大人员伤亡,并将联合国近东巴勒斯坦难民救济和工程处、红十字国际委员会等人道机构置于危险境地。
傅聪说,必须立即停火,停火一旦实现就不能再重启战端,这是安理会第2728号和第2735号决议的核心要义。制造更多平民伤亡也不是解救被扣押人员的出路。中方敦促以色列听取国际社会的压倒性呼声,立即停止推进在加沙的军事行动,立即停止对加沙民众的集体惩罚。中方呼吁对当事方有重要影响的国家秉持公正立场,切实为推动停火止战作出真诚努力。
傅聪表示,当前,加沙的人道局势十分严峻。以色列开展的军事行动对人道工作者造成严重威胁,却暗示甚至指责人道机构不作为,这是不可接受的。根据国际人道法,以色列有义务保护人道机构和人道工作者安全,有义务保障充足的人道物资快速进入加沙,并安全、有序地送到所有有需要的民众手中。
傅聪说,在约旦河西岸,以色列强力部门针对巴勒斯坦人的搜查、抓捕、袭击每天都在发生。中方要求以色列切实遏制针对巴勒斯坦平民的暴力,停止破坏巴勒斯坦民族权力机构的治理基础,包括尽快返还被扣的代征税款。中方重申,定居点活动违反国际法和安理会第2334号决议,侵蚀“两国方案”前景,以色列应该立即停止一切定居点活动。
傅聪表示,加沙冲突的负面影响正加速外溢,红海以及黎巴嫩和以色列边境局势令人担忧。中方对有关以色列正准备对黎巴嫩开展军事进攻的报道表示严重关切。联合国秘书长古特雷斯21日表示,当前的中东局势岌岌可危,无法承受黎巴嫩成为另一个加沙。中方呼吁国际社会采取一切必要行动,推动加沙立即持久停火,推动尽快重启“两国方案”,推动中东地区早日实现长治久安。(完)
1.  这是1月4日从加沙边境以色列一侧拍摄的加沙北部遭袭情况。