Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ မြောက်ပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသောကြောင့် နေရာအများအပြား မီးလောင်ကျွမ်းမှု ဖြစ်ပွား

အစ္စရေးနိုင်ငံမြောက်ပိုင်း ဆာဖက်မြို့သို့ ဝင်ရောက်လာသော ဒုံးကျည်များကို အစ္စရေးစစ်တပ်မှ ကြားဖြတ်ဟန့်တားမှုများ ပြုလုပ်နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆာဖက် (အစ္စရေး)၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဇွန် ၂၇ ရက်က ဒုံးကျည် ၃၅ စင်းခန့် ပစ်ခတ်ခဲ့ရာ မီးလောင်ကျွမ်းမှုနှင့် ဓာတ်အားပြတ်တောက်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့သည်။
၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ခတ်လာသော ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ထုတ်ပြန်ချက်အရ သိရသည်။ လက်ဘနွန် ဟစ်ဇ်ဘိုလာက ယခုအကြိမ် ဒုံးကျည် တိုက်ခိုက်မှုသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
以色列北部遭火箭弹袭击引发多起火灾
塞费德(以色列),2024年6月28日
以色列国防军27日发表声明说,约35枚火箭弹当天从黎巴嫩射向以色列北部,造成多起火灾和停电事故。根据以军声明,其防空系统拦截了大部分来袭火箭弹。黎巴嫩真主党称此次火箭弹袭击是对以色列空袭的回应。
图说:这是6月27日在以色列北部塞费德拍摄的以军为应对来袭火箭弹发射的拦截导弹。新华社发(阿亚尔·马戈林摄/基尼图片社)