Connect with us

Asia

ရုရှားနယ်စပ်အနီး စစ်ရေးလေ့ကျင့်ရန် ဂျပန်နိုင်ငံ စီစဉ်နေခြင်းအပေါ် ရုရှားနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်

မော်စကို၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ရုရှားနယ်စပ်အနီး ဂျပန်နိုင်ငံက ဂျာမနီ၊ စပိန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရုရှားနိုင်ငံက ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံရုံးထံ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဂျပန်နိုင်ငံက ရုရှားနယ်စပ်အနီးရှိ ဟော့ကိုင်းဒိုးကျွန်းတွင် ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်အထိ ဂျာမနီ၊ စပိန်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားရာ ထိုအပေါ် ရုရှားနိုင်ငံအနေဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း၊
ရုရှားအရှေ့ဖျားနယ်စပ်အနီးတွင် ဒေသတွင်း ပြင်ပမှ NATO အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရန်စသည့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်မည်ကို ရုရှားနိုင်ငံက လုံးဝသည်းခံခွင့်ပြုမည်မဟုတ်ကြောင်း၊ ၎င်းတို့ကို ရုရှားနိုင်ငံလုံခြုံရေးအပေါ်ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်၀န်ကြီးချုပ် ဖူမီအို ခီရှီဒါ အစိုးရ၏ တာဝန်မဲ့မူဝါဒများကြောင့် အရှေ့မြောက်အာရှနှင့် အာရှ-ပစိဖိတ်ဒေသတွင် တင်းမာမှုများ တိုးမြင့်လာကာ ဂျပန်နိုင်ငံအား အန္တရာယ်ရှိသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေခဲ့ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တန်ပြန်အရေးယူမှုများ အပြည့်အဝ လုပ်ဆောင်မည်ဖြစ်ပြီး ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ကာ ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
俄罗斯强烈抗议日本计划在俄边界附近军演
新华社莫斯科6月28日电(记者陈汀)俄罗斯外交部28日发布消息说,俄方就日本计划与德国、西班牙在俄边界附近进行联合军事演习向日本驻俄大使馆提出强烈抗议。
消息说,日本计划于7月19日至25日在靠近俄边境的北海道与德国和西班牙举行系列联合军事演习,俄方对此强烈抗议。俄方绝不容许日方在俄远东地区边界附近与区域外北约成员国合作开展挑衅性军事活动,视其为对俄安全的潜在威胁。
俄外交部强调,日本首相岸田文雄政府不负责任的政策造成东北亚和亚太地区紧张局势升级,使日本走上危险道路。俄方将充分采取反制措施,加强防御能力,保护俄主权。(完)