Connect with us

North America

အပစ်အခတ်ရပ်စဲရေး ယန္တရားမှ ငြိမ်းချမ်းရေးယန္တရားသို့ အသွင်ကူးပြောင်းမှသာလျှင် မြောက်ကိုရီးယားကျွန်းဆွယ်အရေးကို အခြေခံကျကျ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း တရုတ်ကိုယ်စားလှယ်ကဆို

မြောက်ကိုရီးယား ဒဏ်ခက်ပိတ်ဆို့အရေးယူမှုကော်မတီ ပညာရှင်အဖွဲ့၏ တရားဝင်လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးမည့် ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မတ် ၂၈ ရက်၌ ဖြေရှင်းပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

လုံခြုံရေးကောင်စီ မြောက်ကိုရီးယားနျူကလီးယားအရေး တံခါးဖွင့်ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားကျွန်းဆွယ်အရေးသည် စစ်အေးတိုက်ပွဲအဖြစ် ဆယ်စုနှစ်ချီကြာအောင် တည်ရှိခဲ့ပြီး ဖြေရှင်းရန် ကြန့်ကြာနေရသည့်အချက်မှာ အမေရိကန်နှင့် မြောက်ကိုရီးယားကြား အပြန်အလှန်ယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ငြိမ်းချမ်းရေးယန္တရားများ မရှိခြင်းပင်ဖြစ်ကြောင်း၊ ကျွန်းဆွယ်အရေးကို အခြေခံကျကျ ဖြေရှင်းမည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေး ယန္တရားမှ ငြိမ်းချမ်းရေးယန္တရားသို့ အသွင်ကူးပြောင်းမှု အောင်မြင်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ဤအသွင်ကူးပြောင်းမှုအတွက် နှစ်ပေါင်းများစွာ ကြွေးကြော်လာကာ တက်ကြွစွာ ကြိုးစားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
စေ့စပ်ညှိနှိုင်းရေးတွင် နိုင်ငံအားလုံး ပါဝင်ဆွေးနွေးကြပြီး အပြန်အလှန် ကောင်းမွန်သည့် သဘောထား၊ လိုက်လျောညီထွေမှုကို ပြသပြီး အချင်းချင်း စိုးရိမ်ပူပန်မှုများကို ထည့်သွင်းစဉ်းစား၍ စိတ်ရောကိုယ်ပါ သေချာ လုပ်ဆောင်မှသာလျှင် ကိုရီးယားကျွန်းဆွယ်ရှိ အခြေအနေများကို ဖြေလျှော့နိုင်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှု လုပ်ငန်းစဉ်များ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ပါဝင်ပတ်သက်သူအားလုံးအနေဖြင့် ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျသော သဘောထားကို ကျင့်သုံးကာ အကျပ်အတည်းမှ ကျော်လွှားနိုင်သော နည်းလမ်းကို အတူတကွ ကြိုးစားရှာဖွေရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် လက်တွေ့ကျသောလုပ်ဆောင်ချက်များဖြင့် “ခြွင်းချက်မရှိ တွေ့ဆုံဆွေးနွေးရေး” အတွက် ၎င်း၏သဘောထားကို ပြသသင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်မှုနှင့် လုပ်ဆောင်သော အခန်းကဏ္ဍအပေါ် အမေရိကန် ကိုယ်စားလှယ်၏ စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကိန်းစွမ်က ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိကျွန်းဆွယ်အခြေအနေ ဆက်လက် တင်းမာမှုဖြစ်ရသည့် အကြောင်းရင်းများကို လေးလေးနက်နက် စဉ်းစားသင့်ကြောင်း၊ အမြဲတစေ သူတစ်ပါးကို အပြစ်တင်ခြင်း၊ အပြစ်ပုံချရန် ကြိုးစားခြင်း မလုပ်ရန်၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုနှင့် အခန်းကဏ္ဍသည် နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားပြီး အမေရိကန်နိုင်ငံ၏ အပုပ်ချခြင်းကို လက်ခံမည်မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ (Xinhua)

……………………………………………..
(Chinese Version)
中国代表:实现从停战机制到和平机制转变才能从根本上解决朝鲜半岛问题
新华社联合国6月28日电(记者王建刚)中国常驻联合国副代表耿爽28日在安理会朝核问题公开会上表示,朝鲜半岛问题作为冷战残余延宕数十年,症结是美朝互信缺失、和平机制缺位。要从根本上解决半岛问题,必须实现从停战机制到和平机制的转变,中方多年来一直为此大声疾呼并积极努力。
耿爽说,只有各方开展对话谈判,相互释放善意,彼此显示灵活,达成照顾各自关切的方案,并本着诚意认真加以执行,半岛局势才能走向缓和,政治解决进程才能取得进展。中方呼吁有关方面采取理性务实态度,共同努力探求破局之策。美国要以实际行动体现愿意“无条件对话” 的诚意。
耿爽对美国代表对中国在半岛问题上的立场和作用进行攻击指责表示坚决反对。他说,美方应对造成当前半岛局势持续紧张的原因进行深刻反思,不要总是习惯性地归咎于他人、试图甩锅推责。中方努力和作用得到国际社会普遍认可,容不得美方抹黑。(完)
图说:3月28日,在位于纽约的联合国总部,中国常驻联合国副代表耿爽(前中)在安理会表决朝鲜制裁委员会专家小组授权延期决议草案后作解释性发言

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.