Connect with us

Africa & Middle East

တစ်ဖက်က အပစ်အခတ်ရပ်စဲရေး တွန်းအားပေးနေသလို တစ်ဖက်ကလည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဂါဇာအရေး မည်သို့ ဖြေရှင်းနိုင်မည်နည်း

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်းတွင် ပျက်စီးနေသည့်နေအိမ်တစ်ခုအနီး ထိုင်နေကြသူများအား ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ ထာဝရ အပစ်အခတ်ရပ်စဲမှု အကောင်အထည်ဖော်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံသူများ လွတ်မြောက်ရေး အဆိုပြုချက်သစ်ကို အမေရိကန် သမ္မတ ဘိုင်ဒန် ထုတ်ပြန်ပြီးနောက်ပိုင်း ကြားဝင်စေ့စပ်ပေးသည့် ဘက်ပေါင်းစုံက အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်)တို့ အပစ်အခတ်ရပ်စဲကြရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် ဇွန် ၂ ရက် ညပိုင်းနှင့် ဇွန် ၃ ရက်တွင် အစ္စရေးက ဂါဇာကမ်းမြောင်ကို ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန် လျှော့ချခြင်း မရှိခဲ့ပေ။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ Jabalia ဒုက္ခသည်စခန်းတွင် အပျက်အစီးများကြား ပစ္စည်းရှာဖွေနေကြသူများအား မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးတပ်၏ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂါဇာမြို့ ၊ တောင်ပိုင်းရှိ ရာဖာ၊ ခန်ယွန်းနစ် စသည့်မြို့များတွင် ဇွန် ၂ ရက် ညပိုင်းမှ ၃ ရက်အထိ အစ္စရေး လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံများ၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ အနောက်မီဒီယာများက ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Zawaida နှင့် Nuseirat ဒုက္ခသည်စခန်းစသည့် ဒေသများကို ဇွန် ၂ ရက်က ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း ထိုမတိုင်မီ ပါလက်စတိုင်းရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့သည်။ ဂါဇာကမ်းမြောင် မြောက်ပိုင်း ဂါဇာမြို့ နေရာအများအပြားတွင်လည်း ယင်းနေ့က အစ္စရေးတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် အစ္စရေးစစ်တပ်က ယင်းနေ့တွင် ရာဖာ ဒေသနေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘက်ပေါင်းစုံက အပစ်အခတ်ရပ်စဲရန် တိုက်တွန်းကြ

အစ္စရေး လေကြောင်းတိုက်ခိုက်နေသည့် တစ်ချိန်တည်းတွင်ပင် အစ္စရေး-ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရန်၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်ခံရန် ကြားဝင်ညှိနှိုင်းပေးသည့် ဘက်ပေါင်းစုံက တိုက်တွန်းခဲ့ကြသည်။

အီဂျစ်၊ ကာတာနှင့် အမေရိကန် တို့က ဇွန် ၁ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ အမေရိကန် ထုတ်ပြန်သည့် အဆိုပြုချက်သစ်အရ ဂါဇာကမ်းမြောင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရယူကြရန် ဟားမက်စ်နှင့် အစ္စရေးကို အတူတကွ တိုက်တွန်းခဲ့သည်။ ထိုနေ့တွင်ပင် ပြင်သစ်သမ္မတ မက်ခရွန်က ယင်းအဆိုပြုချက်သစ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သလို ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က ဇွန် ၂ ရက်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ယင်းအဆိုပြုချက်သစ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဘိုင်ဒန်သည် မေ ၃၁ ရက်က အိမ်ဖြူတော်တွင် ဂါဇာကမ်းမြောင်ဒေသ ထာဝရ အပစ်အခတ်ရပ်စဲမှု အကောင်အထည်ဖော်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူများ လွတ်မြောက်ရေးကို ရည်ရွယ်သည့် အဆိုပြုချက်သစ်ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဆိုပြုချက်သစ်တွင် အဆင့် ၃ ဆင့်ပါဝင်ကြောင်း သိရသည်။ ပထမအဆင့်အနေဖြင့် ရက်သတ္တပတ် ၆ ပတ်ကြာ “အပြည့်အဝ အပစ်အခတ်ရပ်စဲ”ထားရမည် ဖြစ်ပြီး ယင်းကာလတွင် အစ္စရေးတပ်က ဂါဇာကမ်းမြောင်ဒေသ လူဦးရေထူထပ်သောနေရာများမှ ရုပ်သိမ်းရမည် ဖြစ်ကာ ဟားမက်စ်နှင့် အစ္စရေး ဖမ်းဆီးထိန်းသိမ်းထားသူများကို အပြန်အလှန် လွှတ်ပေးရမည့် စသည့်အချက်များပါရှိသည်။ ဒုတိယအဆင့်အနေဖြင့် ဟားမက်စ်က ကျန်ရှိနေသေးသော ဖမ်းဆီးထားသူများကို လွှတ်ပေးရမည်ဖြစ်ရာ အပြန်အလှန်အနေဖြင့် အစ္စရေးတပ်ကလည်း ဂါဇာကမ်းမြောင်မှ အလုံးစုံ ရုပ်သိမ်းရမည် ဖြစ်သည်။ တတိယအဆင့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကြီးများကို စီစဉ်ခြင်း စသည်တို့ ဖြစ်ပေသည်။

အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရာတွင် အတားအဆီးအထပ်ထပ်ရှိနေ

အစ္စရေး စစ်ဆင်ရေး အဆုံးသတ်စေမည့် အချက်က “ပြောင်းလဲမည်မဟုတ်”၊ ဟားမက်စ်၏ စစ်ရေးနှင့် စီမံအုပ်ချုပ်နိုင်စွမ်းကို ဖျက်ဆီးရန်၊ ဖမ်းဆီးခံရသူ အားလုံး လွတ်မြောက်ရန်နှင့် ဂါဇာကမ်းမြောင်သည် အစ္စရေးအတွက် အန္တရာယ် မဖြစ်နိုင်သည့် အာမခံချက် ရှိစေရန်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုအချက်များ မပြည့်စုံမီ ထာဝရအပစ်ရပ်ရေးကို အစ္စရေး သဘောတူလိမ့်မည်ဟူသော ယူဆခြင်းမှာ “အလုပ်မဖြစ်”ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နေတန်ယာဟု အကြံပေး Ophir Falk က ဗြိတိန် The Sunday Times ၏ ဇွန် ၂ ရက် တွေ့ဆုံမေးမြန်းမှုတွင် သမ္မတ ဘိုင်ဒန်၏ အဆိုပြုချက်ကို မိမိတို့အနေဖြင့် သဘောတူကြောင်း၊ ၎င်းမှာ အဆိုပြုချက်ကောင်းတစ်ခုမဟုတ်သော်လည်း အသေးစိတ် ဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးနှင့် ဟားမက်စ်အား ချေမှုန်းမည့် စသည့် ရည်ရွယ်ချက်များက ပြောင်းလဲမှုမရှိကြောင်း ပြောကြားခဲ့သည်။

လေ့လာသုံးသပ်သူများက သတိပြုကြသည်မှာ လက်ရှိ နေတန်ယာဟုအနေဖြင့် ပြည်တွင်း၊ ပြည်ပ နှစ်ဖက်ဖိအားကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ပထမအနေဖြင့် လူထုအများစုက အဆိုပြုချက်သစ်ကို အစ္စရေးအစိုးရ လက်ခံရန် တိုက်တွန်းကြခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့် အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း လက်ယာစွန်းပါတီနှစ်ခုက အကယ်၍ အဆိုပြုချက်သစ်ကို နေတန်ယာဟု လက်ခံမည်ဆိုလျှင် အစိုးရ ပြိုကွဲနိုင်သည်ဟု သတိပေးနေခြင်း ဖြစ်သည်။ အစ္စရေး အမျိုးသားလုံခြုံရေး ဝန်ကြီး Ben-Gvir၊ ဘဏ္ဍာရေးဝန်ကြီး Smotrich တို့က ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ရာတွင် အဆိုပြုချက်သစ်ကို နေတန်ယာဟု လက်ခံပြီး ဂါဇာစစ်ရေးလှုပ်ရှားမှုကို အဆုံးသတ်လိုက်မည်ဆိုပါက ၎င်းတို့ နှစ်ဦး ဦးဆောင်သည့် ပါတီများက အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေး အတိုက်အခံပါတီ “Yesh Atid” ခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း Yair Lapid ကမူ အဆိုပြုချက်သစ်ကို နေတန်ယာဟု လက်ခံရေးကို ထောက်ခံကြောင်း၊ အစိုးရအနေဖြင့် ယင်းအဆိုပြုချက်သစ်ကို “ဥပက္ခာပြု၍ မရ”ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ဂါဇာအရေး မည်သို့မည်ပုံ ဖြေရှင်းနိုင်မည်နည်း

အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ဟားမက်စ် စီမံအုပ်ချုပ်နေမှု “အခြားသော ဒေသခံအင်အားစု” ဖြင့် အစားထိုးရန် ရှာဖွေနေကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
“ရန်လိုမှုမရှိသည့် ဒေသခံအင်အား”ကို ရှာဖွေပြီး ဂါဇာကမ်းမြောင်ကို အုပ်ချုပ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ Yoav Gallant အနေဖြင့် “ပါလက်စတိုင်းလူမျိုးကို ပါလက်စတိုင်းလူမျိုးက အုပ်ချုပ်သင့်သည်” ဟု ယူဆကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အမေရိကန် မီဒီယာများကို ပြောကြားခဲ့သည်။

ဟားမက်စ်က မေ ၃၁ ရက် ကြေညာချက်ထုတ်ပြန်ရာတွင် ဘိုင်ဒန် ထုတ်ပြန်သည့် ဖမ်းဆီးခံထားရသူများအား လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင် ထာဝရ အပစ်ရပ်ရေးကို ဖော်ဆောင်ရေးဟူသော သက်ဆိုင်ရာအဆိုပြုချက်များကို “အပြုသဘောရှုမြင်” ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယင်းအဆိုပြုချက်သစ်၏ အသေးစိတ်အကြောင်းအရာများကို မရရှိသေးကြောင်း ဟားမက်စ် အဆင့်မြင့်အရာရှိ Mahmoud Mardawi က မီဒီယာများ၏ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်မှ အစ္စရေးတပ် ရုပ်သိမ်းရမည်ဟူသော တောင်းဆိုချက် မပြည့်မီ “မည်သည့်သဘောတူညီချက်မျှ ရနိုင်မည်မဟုတ်” ဟု Mahmoud Mardawi က ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းရေး John Kirby က “ကျွန်တော်ကြိုတင်ခန့်မှန်းထားတာက ဒီအဆိုပြုချက်သစ်ကို ဟားမက်စ် သဘောတူမယ်ဆိုရင်…အစ္စရေးဘက်ကလည်း သဘောတူပါလိမ့်မယ်”၊ “ကျွန်တော်တို့ ဟားမက်စ်ဘက်က တရားဝင်ဖြေကြားချက်ကို စောင့်ဆိုင်းနေပါတယ်” ဟု ဇွန် ၂ ရက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(Chinese Version)

一边推动停火,一边照打不误,加沙何解?
新华社耶路撒冷/华盛顿6月3日电 在美国总统拜登公布一项旨在实现加沙地带永久停火并确保被扣押人员获释的新提议后,多个调停方呼吁以色列与巴勒斯坦伊斯兰抵抗运动(哈马斯)停火。但在2日夜间至3日,以色列继续轰炸加沙地带,并未放缓军事行动。
——以军照打不误
加沙地带北部的加沙城,南部的拉法、汗尤尼斯等城市,2日夜间至3日均报告遭到以色列空袭。西方媒体援引多家医院数据报道,这些空袭造成至少19人死亡,多人受伤。
在此之前的2日,巴勒斯坦电视台报道,以色列军队当天密集轰炸加沙地带中部扎瓦伊达和努赛赖特难民营等多个地区发动空袭,造成至少9人死亡。加沙地带北部加沙城多个地区当天遭到以军轰炸,至少4人死亡。此外,以军当天持续轰炸拉法多个地区,造成至少2人死亡。
——多方呼吁停火
在以色列发动空袭的同时,多个调停方呼吁以巴停火,接受新停火协议。
埃及、卡塔尔和美国1日发表联合声明,共同呼吁哈马斯和以色列根据美方公布的新提议达成加沙地带停火协议。当天,法国总统马克龙表示支持这一新提议,德国总理朔尔茨则在2日和以色列总理内塔尼亚胡通话,表示支持这一提议。
美国总统拜登5月31日在白宫公布一项旨在实现加沙地带永久停火并确保被扣押人员获释的新提议。新提议包含三个阶段的措施,第一阶段是为期6周的“完全停火”,其间以军从加沙地带所有人口聚集区撤出,哈马斯和以色列相互释放部分关押人员等;第二阶段,哈马斯将释放剩余被扣押人员,作为交换以军将全部撤出加沙地带;第三阶段,将开启加沙地带的大规模重建计划等。
——停火障碍重重
以色列总理办公室1日说,以方结束作战的条件“没有改变”,即摧毁哈马斯的军事和治理能力,所有被扣押人员获释,并确保加沙地带不再对以色列构成威胁。在满足这些条件之前,认为以色列会同意永久停火的想法是“行不通的”。
内塔尼亚胡顾问奥菲尔·法尔克2日接受英国《星期日泰晤士报》采访时说,“我们认同”拜登公布的新提议,尽管“这不是一份好提议……还有许多细节需要敲定”,并且以方关于被扣押人员获释、消灭哈马斯等目标没有改变。
观察人士注意到,内塔尼亚胡眼下面临国内两方面压力。一是大批民众呼吁以政府接受新提议;二是执政联盟内的两个极右翼政党警告,如果内塔尼亚胡接受新提议,可能造成政府垮台。以国家安全部长本-格维尔、财政部长斯莫特里赫分别发表声明说,如果内塔尼亚胡接受提议结束在加沙地带的军事行动,两人领导的政党将离开执政联盟。
以色列反对党“拥有未来”党领导人、前总理拉皮德则表示支持内塔尼亚胡接受新提议,认为政府“不能忽视”这份新提议。
——加沙战事何解?
以国防部长加兰特2日说,以方正在探讨以“其他当地力量”取代哈马斯治理加沙地带的选项。一名以色列国防部官员告诉美国媒体,以方正在寻找“非敌对的当地角色”治理加沙地带,加兰特认同“应由巴勒斯坦人治理巴勒斯坦人”。
哈马斯5月31日发表声明说,哈马斯“积极看待”拜登公布的有关释放被扣押人员和在加沙地带实现永久停火的相关提议。不过,哈马斯高级官员马哈茂德·马尔达维接受媒体采访时说,尚未收到这份新提议的详细内容。
马尔达维还表示,在以军撤离加沙地带等要求得到满足前,“不可能达成任何协议”。
美国白宫国家安全委员会战略沟通协调员约翰·柯比2日告诉媒体,“我们预期,如果哈马斯同意这份新提议……以色列也会表示同意”,“我们在等待哈马斯的正式回应”。(记者:吕迎旭、王卓伦、柳伟建、邓仙来、董修竹;编辑:杨舒怡、董亚雷、王丰丰)
1. 6月2日,在加沙地带北部杰巴利耶难民营,人们坐在一处被炸毁的房屋内。新华社发(马哈茂德·扎基摄)
2. 5月31日,在加沙地带北部杰巴利耶难民营,人们从废墟中搜集物品。新华社发(马哈茂德·扎基摄)