Connect with us

Asia

ဂျပန်နိုင်ငံ မျိုးဆက်သစ် ပင်မသယ်ဆောင်ရေးဒုံးပျံ H3 ဂြိုဟ်တု ပထမဆုံးအကြိမ် အောင်မြင်စွာ လွှတ်တင်

ဂျပန်နိုင်ငံ ကာဂိုရှီးမားခရိုင် ထာနယ်ကာရှီးမားကျွန်းရှိ အာကာသစခန်းမှ လွှတ်တင်ခဲ့သော မျိုးဆက်သစ် ပင်မသယ်ဆောင်ရေးဒုံးပျံ H3 ဂြိုဟ်တု စမ်းသပ်ဂြိုဟ်တုအမှတ် ၂ ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီသည် H3 ဒုံးပျံအမှတ် ၃ အား ဇူလိုင် ၁ ရက်တွင် လွှတ်တင်ခဲ့ပြီး အဆင့်မြင့်မြေပြင်စောင့်ကြည့်ရေးဂြိုဟ်တု “Daichi4 (ALOS-4)” ကို သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ ယင်းမှာ ဂျပန်နိုင်ငံ မျိုးဆက်သစ် ပင်မသယ်ဆောင်ရေးဒုံးပျံဖြင့် ပထမဆုံးအကြိမ် ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

H3 ဒုံးပျံအမှတ် ၃ ကို ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမားခရိုင် ထာနယ်ကာရှီးမားကျွန်းရှိ အာကာသစခန်းမှ ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် ၁း၀၇ နာရီ (ပေကျင်းစံတော်ချိန် ၁၁း၀၇ နာရီ) တွင် လွှတ်တင်ခဲ့ကြောင်း၊ ဒုံးပျံလွှတ်တင်ပြီးနောက် ၁၆ မိနစ် ၃၀ စက္ကန့်ခန့်အကြာတွင် ဒုံးပျံနှင့် ဂြိုဟ်တုတို့ ကွဲကွာသွားခဲ့ကြောင်း၊ ယင်းနောက် ဂြိုဟ်တုသည် ပင်လယ်ပြင်ထက် အမြင့် ၆၂၀ ကီလိုမီတာခန့်ရှိသော Sun-synchronous recursive ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ၏ တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းက ဖော်ပြခဲ့သည်။

“Daichi4 (ALOS-4)” သည် ရေဒါဂြိုဟ်တုတစ်ခုဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အဆင့်မြင့်မြေပြင်စောင့်ကြည့်ရေးဂြိုဟ်တု “Daichi2 (ALOS-2)” ၏ နောက်မျိုးဆက်ဖြစ်သည်။ “Daichi4 (ALOS-4)” သည် ၃ မီတာမှ ကြည်လင်ပြတ်သားမှုဖြင့် မြင်ကွင်းအကျယ်ကို ၅၀ ကီလိုမီတာ မှ ၂၀၀ ကီလိုမီတာအထိ တိုးမြှင့်ထားကြောင်း၊ ဂျပန်နိုင်ငံ၏ ဧရိယာတစ်ခုလုံးကို စောင့်ကြည့်သော အကြိမ်ရေမှာလည်း တစ်နှစ်လျှင် ၄ ကြိမ်မှ တစ်နှစ်လျှင် အကြိမ် ၂၀ တိုးလာကြောင်း သိရသည်။

“ALOS-4” အား သဘာဝဘေးအန္တရာယ်အခြေအနေများကို စောင့်ကြည့်လေ့လာစစ်ဆေးမှုတို့တွင် အသုံးပြုရန်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးတောင်လှုပ်ရှားမှု၊ အဆောက်အဦအောက်ခြေပြိုကျခြင်း၊ မြေပြိုခြင်းစသည့်အခြေအနေတို့ကို အတတ်နိုင်ဆုံး ဆောလျင်စွာ သိရှိနိုင်စေရန်အတွက် ဖြစ်သည်။ ထို့အပြင် “ALOS-4” ကို သစ်တော သယံဇာတ စီမံခန့်ခွဲမှု၊ သမုဒ္ဒရာနှင့် ရာသီဥတု ဆိုင်ရာ သုတေသန စသည်တို့အတွက်လည်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………..
(Chinese Version)
日本新一代主力运载火箭H3首次成功发射卫星
新华社东京7月1日电(记者钱铮)日本宇宙航空研究开发机构1日发射H3火箭3号,成功将地球观测卫星“大地4号”送入预定轨道。这是日本新一代主力运载火箭首次成功发射卫星。
宇宙航空研究开发机构直播画面显示,当地时间1日12时7分(北京时间11时7分)H3火箭3号从日本南部鹿儿岛县种子岛宇宙中心升空。发射后约16分30秒,火箭和卫星分离。随后,卫星进入高度约620公里的太阳同步准回归轨道。
“大地4号”是一颗雷达卫星,它是现役陆地观测技术卫星“大地2号”的后继卫星。“大地4号”在3米的高分辨率下观测宽度从50公里增至200公里,观测整个日本的频率也从一年4次增加至20次。
“大地4号”将用于灾害情况观测和监测地壳变动等,以期尽早发现与灾害相关的火山活动、地基下沉、滑坡等情况。此外,“大地4号”还将用于森林资源管理、海洋和气候研究等。
图为2月17日,日本新一代主力运载火箭H3火箭试验2号在鹿儿岛县种子岛宇宙中心发射。新华社记者杨光摄