Connect with us

China

WADA ၏ တရုတ်ရေကူးသမားလက်ရွေးစင်များဆိုင်ရာကိစ္စ ကိုင်တွယ်ဖြေရှင်းမှုတွင် “ဘက်လိုက်ခြင်းမရှိ” ဟု သီးခြား အစိုးရရှေ့နေ၏ အစီရင်ခံစာတွင် ဖော်ပြ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီက ထောက်ခံ

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံမှ သီးခြား အစိုးရရှေ့နေ Eric Cottier က ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ (WADA) မှ ကိုင်တွယ်ဖြေရှင်းသော တရုတ်ရေကူးသမားလက်ရွေးစင်များ၏ အစားအသောက် ညစ်ညမ်းခြင်း(contamination) ကြောင့် positive ဖြစ်ရခြင်းကိစ္စနှင့် ပတ်သက်၍ သီးခြားသုံးသပ်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး WADA ၏ ကိုင်တွယ်ဖြေရှင်းမှုသည် “ဘက်လိုက်ခြင်းမရှိ”ဟု အစီရင်ခံစာက ကောက်ချက်ချခဲ့သည်။ နိုင်ငံတကာ အိုလံပစ်ကော်မတီက WADA အပေါ် ယုံကြည်မှုရှိကြောင်း နှင့် WADA ၏ တားမြစ်ဆေးဝါးသုံးစွဲမှု တိုက်ဖျက်ရေးကဏ္ဍရှိ တရားဝင်ယုံကြည်စိတ်ချရမှုအနေအထားကို အပြည့်အဝထောက်ခံကြောင်း ဇူလိုင် ၁၁ ရက်၌ ဆင်ဟွာသတင်းဌာနမှ သတင်းထောက်အား ထပ်လောင်းပြောကြားခဲ့သည်။


တရုတ်ရေကူးသမားလက်ရွေးစင်များနှင့် ပတ်သက်သော သီးခြား အစိုးရရှေ့နေ Eric Cottier ၏ အစီရင်ခံစာကို သတိထားမိကြောင်း၊ ” WADA က ယင်းဖြစ်ရပ်နဲ့ ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာမှာ ဘယ်စည်းမျဉ်းစည်းကမ်းကိုမှ ကျူးလွန်မှု မရှိကြောင်း အစီရင်ခံစာမှာ ကောက်ချက်ချထားပါတယ်။ သီးခြား အစိုးရရှေ့နေသည် WADA ၏ စာရွက်စာတမ်းနဲ့ အချက်အလက်အားလုံးကို ပြန်လည်သုံးသပ်ပြီး WADA မှ ဝန်ထမ်းတွေကို အကြိမ်ပေါင်းများစွာ တွေ့ဆုံမေးမြန်းခဲ့တယ်။ ပြီးတော့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု၊ တားမြစ်ဆေးဝါးသုံးစွဲမှုရှိ / မရှိစမ်းသပ်စစ်ဆေးခြင်း၊ နှင့် ဥပဒေနယ်ပယ်မှ သီးခြား ကျွမ်းကျင်သူများ၏ အကူအညီ ရယူခဲ့သည်”ဟု နိုင်ငံတကာ အိုလံပစ်ကော်မတီက ပြောကြားခဲ့သည်။
ဤကိစ္စသည် တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သောကြောင့်သာလျှင် ယခုကဲ့သို့ အာရုံစိုက်ခံရခြင်းဖြစ်ပြီး တရုတ်အားကစားသမားများအား အကြောင်းမဲ့ ဝေဖန်နေခြင်းသည် တရားမျှတမှုမရှိကြောင်း WADA ဥက္ကဋ္ဌ Witold Bańka က ယခင်က ပြောကြားခဲ့သည်။

ကျွန်တော်တို့ကို အလွန်ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်ခဲ့တယ်လို့ လူအများက စွပ်စွဲဖို့ ကြိုးစားနေတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ အကယ်၍ ဒီအဖြစ်အပျက်က တရုတ်နိုင်ငံမှာ မဟုတ်ဘဲ တခြားနိုင်ငံတွေမှာ ဖြစ်ပွားခဲ့မယ်ဆိုရင် အာရုံစူးစိုက်မှုခံရမှာ မဟုတ်ပါဘူး” ၎င်းက ဆိုသည်။
WADA သည် အဓိကအားဖြင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှု အခြေအနေများကြောင့် ပြစ်တင်ပြောဆိုခံရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
…………………………………………….
(Chinese Version)
独立检察官报告称WADA对中国游泳选手一事处理“无偏颇” 国际奥委会表态支持
新华社北京7月11日电(记者姬烨、马向菲)瑞士独立检察官埃里克·科迪尔对世界反兴奋剂机构(WADA)处理中国游泳选手食品污染致阳性事件的独立审查报告已经公布,报告认为WADA处理“无偏颇”。国际奥委会11日向新华社记者重申对WADA充满信心,并全力支持WADA在反兴奋剂领域的权威地位。
国际奥委会表示,已注意到独立检察官科迪尔针对中国游泳运动员一事的报告。“这份报告认为WADA在处理这一事件时没有任何违规行为。独立检察官查阅了WADA的所有文件和材料,多次询问了WADA员工,并得到了犯罪刑侦学、药物动力学和法律领域的其他独立专家的协助。”
WADA主席班卡此前表示,只因为事情发生在中国,才引发了如此关注,无故批评中国选手是不公平的。他说:“我很难过,大家试图指责我们做了非常可怕的事情。如果这起案件发生在中国以外的其他国家,根本不会引起关注。”他重申,WADA遭受的指责主要由于地缘政治的紧张局势。