Connect with us

China

ရုရှား ကာကွယ်ရေးစက်မှုလုပ်ငန်းများကို တရုတ်နိုင်ငံ အားပေးနေသည် ဟူသော အမေရိကန်၏ သတင်းအမှား ဆက်တိုက်ဖြန့်ဝေမှုအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
မည်သည့် သက်သေအထောက်အထားမျှ မရှိသည့်အခြေအနေတွင် ရုရှား ကာကွယ်ရေး စက်မှုလုပ်ငန်းကို တရုတ်နိုင်ငံ အားပေးနေသည်ဟုဆိုကာ အမေရိကန်က မဟုတ်မမှန် သတင်းများ ဖြန့်ကျက်နေသည့်အပေါ် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

NATO ထိပ်သီးအစည်းအဝေး လူထုဖိုရမ်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ သက်ဆိုင်ရာ ပြောကြားချက်အပေါ် လျင်ကျန့်က ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီအပေါ် တရုတ်နိုင်ငံရဲ့ လေးနက်တဲ့ ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားပြီး ဖြစ်တယ်” ၊ “အမေရိကန်ရဲ့ မှားယွင်းတဲ့ ပြောကြားချက်တွေကို ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိသလို အခိုင်အမာ ကန့်ကွက်တယ်” ဟု လျင်ကျန့်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ပေါက်ကွဲလာသည့်ကနဦးကာလတွင် တရုတ်က ရုရှားအား စစ်ရေးအထောက်အပံ့ပေးသည်ဟု အမေရိကန်က ကောလာဟလဖြန့်ခဲ့သော်လည်း ယနေ့အချိန် မည်သည့် လက်တွေ့သက်သေအထောက်အထားမျှ မပြနိုင်ခဲ့သလို ပဋိပက္ခအတွင်း တရုတ်က ရုရှားအား စစ်ရေး အကူအညီမပေးကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများပင်လျှင် ဝန်ခံခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
အမှန်စင်စစ်တွင်မူ ရုရှား တင်သွင်းသော လက်နက်ပစ္စည်းအစိတ်အပိုင်းနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် အမေရိကန်နှင့် အနောက်နိုင်ငံများမှ လာခြင်းဖြစ်ပြီး ယူကရိန်းက ဖျက်ဆီးခဲ့သည့် ရုရှား စက်ပစ္စည်း အဓိက အစိတ်အပိုင်း ၉၅ ရာခိုင်နှုန်းမှာ အနောက်နိုင်ငံများက လာခြင်းဖြစ်သလို ရုရှားထုတ် လက်နက်များရှိ အနောက်နိုင်ငံများ၏လက်နက်ပစ္စည်းအစိတ်အပိုင်း ၇၂ ရာခိုင်နှုန်းမှာ အမေရိကန်ကုမ္ပဏီမှလာခြင်း ဖြစ်သည်ကို ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားကြောင်း၊ ထို့အပေါ် အမေရိကန်အနေဖြင့် မည်သို့ ရှင်းပြမည်နည်း ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ရုရှားနှင့် ကုန်သွယ်ရေးကို ယနေ့အထိ မဖြတ်တောက်သေးကြောင်း၊ ပြီးခဲ့သည့်နှစ် ရုရှားနှင့်ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံကျော် ရှိရာ ရုရှားကုန်သွယ်ရေးပမာဏ၏ ၁၈ ရာခိုင်နှုန်းရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရကြောင်း ၊ ကမ္ဘာ့နိုင်ငံ အများစုသည်လည်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု သို့မဟုတ် ရုရှားနှင့် ကုန်သွယ်ရေးဖြတ်တောက်မှုတွင် ပါဝင်ခြင်း မရှိကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်နိုင်ငံကို အပြစ်တင်၍ မရကြောင်း ၎င်းက ပြောကြားခဲ့သည်။
လျင်ကျန့်က အမေရိကန်သည် တစ်ဖက်တွင် ယူကရိန်းကို ကြီးမားသည့် အကူအညီများပေးရန် ဥပဒေများပြဋ္ဌာန်းနေသလို တစ်ဖက်တွင်လည်း တရုတ်-ရုရှား ပုံမှန် ကုန်သွယ်စီးပွား သွားလာမှုကို အကြောင်းမဲ့ စွပ်စွဲနေကြောင်း၊ ၎င်းမှာ ပြောင်ပြောင်တင်းတင်း စံချိန်နှစ်မျိုးကို အရေခြုံထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် မိမိကိုယ်ကို “တရားမျှတမှု၏ သံတမန်”၊ “လူအခွင့်အရေး၏ ကာကွယ်သူ”၊ “ကမ္ဘာ၏ ပြည်သူ့ရဲ” ဟူ၍ အသွင်ယူဟန်ဆောင်နေသော်လည်း ၎င်း၏ လုပ်ရပ်များမှာ မီးလောင်ရာလေပင့်၊ အခြေအနေများ ရှုပ်ထွေးလာအောင်၊ ထိပ်တိုက်ရင်ဆိုင်မှု စစ်ပွဲများ ဖြစ်ပွားလာအောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ကြောင်း၊ မည်သူက ယူကရိန်းအကျပ်အတည်း အစပြုသူ ဖြစ်သနည်း၊ မည်သူက ဒေသတွင်း ပဋိပက္ခနှင့် စစ်ပွဲများ၏ နောက်ကွယ်က တွန်းအားပေးသူ ဖြစ်သနည်း ၊ မည်သူက အကျပ်အတည်းများ ရေရှည် မပြီးဆုံးအောင်လုပ်သည့် တရားခံဖြစ်သနည်း၊ မည်သူက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှု၏ ပြဿနာ အရင်းအမြစ် ဖြစ်သနည်း ဆိုသည်မှာ နိုင်ငံတကာ အသိုက်အဝန်းက ရှင်းလင်းစွာ သိမြင်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော် ထပ်မံပြောကြားလိုတာက တရုတ်နိုင်ငံဟာ ယူကရိန်းအကျပ်အတည်းကို ဖန်တီးသူမဟုတ်သလို အချင်းပွားသူ ပိုပြီး မဟုတ်ပါဘူး။ ဒါပေမဲ့ မိမိတို့အနေနဲ့ လက်ပိုက်မကြည့်နေဘဲ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သလို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ တွန်းအားပေးခဲ့ပါတယ်။ မိမိတို့အနေနဲ့ မီးလောင်ရာလေ့ပင့်၊ အခွင့်ကောင်းယူ ကြားဝင် အမြတ်ထုတ်တဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်သလို ပဋိပက္ခ ဖြစ်ပွားတဲ့ ဘယ်ဘက်ကိုမှ လက်နက်ထောက်ပံ့ပေးခြင်း မလုပ်ဘူး။ ဒီရပ်တည်ချက်က ရှင်းရှင်းလင်းလင်းနဲ့ တသမတ်တည်းရှိတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ကုမ္ပဏီလုပ်ငန်းတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်း၊ ဈေးကွက် စည်းမျဉ်းစည်းကမ်းတွေအရ ယူကရိန်း၊ ရုရှား အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ပုံမှန် စီးပွားရေးနဲ့ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာက ကျိုးကြောင်းဆီလျော်မှုရှိသည့်အပေါ် အခြားနိုင်ငံအချို့အနေနဲ့ လက်ညှိုးထိုးသုံးသပ်ပြောဆိုစရာမလိုဘူး ” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ပဋိပက္ခတွင် တစ်ဖက်တည်း ဖျောင်းဖျနေမည့်အစား အကျပ်အတည်း၏ အရင်းအမြစ်ကို ကောင်းမွန်စွာ ပြန်လည်သုံးသပ်ကာ ငြိမ်းချမ်းရေး အမှန်တကယ် ဖော်ဆောင်နိုင်မည့် လက်တွေ့ကိစ္စများကိုသာ လုပ်ရမည် ဖြစ်ကြောင်း၊ အမေရိကန်က ၎င်း၏အမှားအတွက် တရုတ်နိုင်ငံ တာဝန်ယူခိုင်းရန် စိတ်ကူးယဉ်၍ မရကြောင်း၊ တရုတ်နိုင်ငံကလည်း အမေရိကန်၏ တာဝန်ရှောင် အပြစ်တင်မှုနှင့် ဗိုလ်ကျအနိုင်ကျင့် အကျပ်ကိုင်မှုကို လုံးဝ ဥဿုံ လက်ခံမည် မဟုတ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံ အနေနဲ့ ခိုင်မာအားကောင်းသော နည်းလမ်းများနဲ့ မိမိရဲ့ တရားဝင် အကျိုးစီးပွားကို ဆက်လက်ကာကွယ် ထိန်းသိမ်းသွားမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
外交部:坚决反对美方持续散布所谓中国支持俄国防工业的虚假信息
新华社北京7月11日电(记者冯歆然、温馨)针对美国国务卿布林肯在北约峰会公共论坛上的有关言论,外交部发言人林剑11日说,中方坚决反对美方在没有任何证据的情况下持续散布所谓中国支持俄罗斯国防工业的虚假信息。   “中方就此已多次阐明严正立场。”林剑在例行记者会上说,“我们对美方有关错误言论表示强烈不满和坚决反对。”   林剑说,乌克兰危机爆发之初,美方就造谣中国向俄提供军事支持,但迄今未给出任何实质性证据,连美军负责人也坦承中国并未在冲突中向俄提供军事援助。事实上,有数据显示,俄罗斯进口武器零部件和两用物项超过60%来自美西方,被乌克兰摧毁的俄方装备95%的关键零部件也来自西方,俄制武器72%的西方零部件来自美国公司。不知美方对此作何解释?我们也看到,美国及其盟友至今没有中断对俄贸易,去年对俄贸易额高达1300多亿美元,占到俄外贸18%。世界上大多数国家也没有参与对俄制裁或中断对俄贸易。美方的锅甩不到中国头上。   林剑说,美国一边出台大规模援乌法案,一边无端指责中俄正常经贸往来,这是赤裸裸的虚伪双标。美国惯于把自己伪装成所谓“正义使者”“人权卫士”“世界警察”,干的却都是拱火浇油、挑乱生战、对立对抗的事。谁是乌克兰危机的始作俑者?谁是地区陷入冲突战乱的幕后推手?谁是让危机延宕不绝的罪魁祸首?谁是全球和平稳定的最大乱源?国际社会看得清清楚楚。   “我愿重申,中国不是乌克兰危机的制造者,更不是当事方,但我们没有袖手旁观,而是积极劝和促谈,推动政治解决。我们从不拱火浇油、借机渔利,更不会向冲突任何一方提供武器,这一立场一贯明确。同时,中国企业按照世贸规则和市场原则同包括俄乌在内的世界各国开展正常的经贸合作合情合理,轮不到个别国家指手画脚。”林剑说。   林剑说,美国与其在冲突中拉偏架,不如好好反思一下危机根源,为真正实现和平做点实事。美国不要妄想让中国为其错误行径埋单,中国也绝不接受美国的甩锅推责和霸凌胁迫。“中方将继续采取坚决有力措施,维护自身正当合法权利。”(完)