Connect with us

Asia

ကွယ်လွန်သူ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်အတွက် ဗီယက်နမ်နိုင်ငံရှိ အလွှာပေါင်းစုံမှ ပြည်သူများက ထပ်တူ ဝမ်းနည်းရကြောင်း ပြောကြား

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံရှိ အလွှာပေါင်းစုံမှ ပြည်သူများက ကွယ်လွန်သူ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်အတွက် ဝမ်းနည်းခြင်းအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းနှင့် အခြားနေရာများတွင် ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့သည်။ နိုင်ငံတော်အလံကိုင်တပ်ဖွဲ့က ဒေသစံတော်ချိန် နံနက် ၆ နာရီတိတိတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Ba Dinh ရင်ပြင်၌ နိုင်ငံတော်အလံ တစ်ဝက်လွှင့်ထူသည့် အခမ်းအနားကျင်းပခဲ့သည်။ ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက် နိုင်ငံတော်ဈာပနအခမ်းအနားကာလတွင် ဗီယက်နမ်နိုင်ငံတစ်ဝန်း ဝမ်းနည်းပူဆွေးခဲ့ကြသည်။ (Xinhua)


………………………………….
(Chinese Version)
越南各界吊唁已故越共中央总书记阮富仲
河内,2024年7月25日
越南各界对已故越共中央总书记阮富仲的吊唁仪式25日在首都河内等地举行。当地时间上午6时整,国旗护卫队在河内市巴亭广场举行降半旗仪式。25日和26日国葬期间,越南全国哀悼。 新华社/越通社
图说:这是7月25日在越南胡志明市拍摄的吊唁仪式现场。