Connect with us

China

၃၃ ကြိမ်မြောက် နွေရာသီ အိုလံပစ်ပြိုင်ပွဲ ပဲရစ်တွင် ဖွင့်လှစ်

ပဲရစ်အိုလံပစ် ဖွင့်ပွဲအခမ်းအနားမတိုင်မီ နိုင်ငံတော်အလံ ဝှေ့ယမ်းနေသော တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ အလံကိုင်ဆောင်သူ စားပွဲတင်တင်းနစ်အားကစားသမား မာလုန်အား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
၃၃ ကြိမ်မြောက် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဇူလိုင် ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့တွင် အားကစားသမား ၄၀၅ ဦး အပါအဝင် အဖွဲ့ဝင် ၇၁၆ ဦးဖြင့် အဓိကပြိုင်ပွဲကြီး ၃၀ ခု နှင့် ပြိုင်ပွဲငယ် ၂၃၆ ခုတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းမှာ နိုင်ငံရပ်ခြားတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အိုလံပစ်ပြိုင်ပွဲများ၌ တရုတ်နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲငယ် အရေအတွက် အများဆုံးပွဲလည်း ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့၏ အလံကိုင်ဆောင်သူမှာ စားပွဲတင်တင်းနစ်အားကစားသမား မာလုန်နှင့် အလှပြရေကူးအားကစားမယ် ဖုန်ယွီတို့ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach က မိန့်ခွန်းပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ၃၃ ကြိမ်မြောက် နွေရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
ယခုအကြိမ်အိုလံပစ်ပြိုင်ပွဲတွင် နိုင်ငံ၊ ဒေသနှင့် ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ပေါင်း ၂၀၀ ကျော်မှ အားကစားသမား ၁၀,၅၀၀ ဦးသည် ပြိုင်ပွဲကြီး ၃၂ ခု၊ ပြိုင်ပွဲခွဲ ၄၅ ခုနှင့် ပြိုင်ပွဲငယ် ၃၂၉ ခုတွင် ပါဝင်မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော အားကစားသမားများ၏ အမျိုးသား၊ အမျိုးသမီးအချိုးအစားသည် ပထမအကြိမ် ၁:၁ သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)


………………………………………………
(Chinese Version)
第三十三届夏季奥运会在巴黎开幕
新华社巴黎7月26日电 26日,第三十三届夏季奥林匹克运动会在法国巴黎开幕。
中国体育代表团由716人组成,其中运动员405人,将参加30个大项236个小项的角逐,是境外参加的历届奥运会中参赛小项最多的一届。开幕式中国体育代表团旗手是乒乓球运动员马龙和花样游泳运动员冯雨。
国际奥委会主席巴赫在开幕式上致辞,法国总统马克龙宣布第三十三届夏季奥运会开幕。
在本届奥运会上,来自200余个国家和地区及难民代表团的10500名运动员将参加32个大项45个分项329个小项的比赛,参赛运动员的男、女比例首次达到1:1。(完)
图说:7月26日,中国体育代表团旗手、乒乓球选手马龙在开幕式前挥舞国旗。