Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ဘက်စုံ အပစ်အခတ် ရပ်စဲရန် လက်ဘနွန် ဝန်ကြီးချုပ် တိုက်တွန်း

အစ္စရေးနိုင်ငံ သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် Majdal Shams မြို့နယ်တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်၍ သေဆုံးခဲ့သူများ၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာသူများအား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
သည် လက်ဘနွန် တောင်ပိုင်းတွင် လက်ရှိ အခြေအနေ ပိုမိုဆိုးရွာလာမှုကို ရှောင်ရှားရေး ဘက်စုံ အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ရန် လက်ဘနွန်နိုင်ငံ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် Mikati က ဇူလိုင် ၂၈ ရက်တွင် တိုက်တွန်းခဲ့သည်။
လက်ဘနွန်နိုင်ငံ အစိုးရသည် အရပ်သားများအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချကြောင်းနှင့် စစ်မျက်နှာအားလုံး၌ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးရရှိခြင်းသည် နောက်ထပ်ထိခိုက်သေဆုံးခြင်းနှင့် ဒေသတွင်းအခြေအနေ ပိုမိုဆိုးရွာလာခြင်းများကို တားဆီးရန် တစ်ခုတည်းသော အဖြေဖြစ်သည်ဟု လက်ဘနွန်ဝန်ကြီးချုပ်ရုံးက အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့သည်။ Mikati သည် လက်ရှိ အရေးပေါ်အခြေအနေနှင့် လက်ဘနွန်အပေါ် အစ္စရေး၏ အကြိမ်ကြိမ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် သက်ဆိုင်ရာ သံတမန်ရေးနှင့် နိုင်ငံရေး အဆက်အသွယ်များကို စတင်လုပ်ဆောင်ခဲ့သည်။
အစ္စရေးနိုင်ငံ သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ကို ဇူလိုင် ၂၇ ရက်၌ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး Abdallah Bou Habib က နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ယင်းနေ့တွင် တောင်းဆိုခဲ့ကြောင်း လက်ဘနွန်နိုင်ငံသတင်းအေဂျင်စီ၏သတင်းများအရ သိရသည်။ လက်ဘနွန်နိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်၊ လက်ဘနွန်တွင် ဖြစ်စေ အစ္စရေး တွင်ဖြစ်စေ ကမ္ဘာပေါ်ရှိ မည်သည့်နေရာကမဆို အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံ၏ အကြီးစားတိုက်ခိုက်မှုများက ဒေသတွင်းစစ်ပွဲများ ဖြစ်ပွားစေနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က ဂိုလန်ကုန်းမြင့်ကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ဂိုလန်ကုန်းမြင့် Majdal Shams မြို့နယ်တွင် အနည်းဆုံး ၁၂ ဦး သေဆုံးပြီး လူ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အစ္စရေးစစ်တပ်နှင့် အရေးပေါ်အဖွဲ့အစည်း၏ အချက်အလက်များအရ သိရသည်။ လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က Majdal Shams မြို့နယ်အား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ငြင်းဆိုခဲ့ပြီး ၎င်းတိုက်ခိုက်မှုနှင့် လုံးဝ မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(Chinese Version)
黎巴嫩总理呼吁在黎南部实现全面停火
新华社贝鲁特7月28日电(记者谢昊)黎巴嫩看守总理米卡提28日呼吁在黎南部实现全面停火,避免当前局势升级。
黎总理办公室当天发表声明说,黎政府谴责一切形式针对平民的暴力行为,在所有战线上实现可持续停火是防止进一步人员伤亡和避免当地局势进一步恶化的唯一可能解决方案。米卡提开展了一系列外交和政治接触,以应对当前的紧急状况和以色列对黎巴嫩的一再威胁。
据黎巴嫩国家通讯社报道,黎外长哈比卜当天呼吁对以色列占领的戈兰高地27日遭袭事件展开国际调查。他表示,黎巴嫩反对在世界任何地方以平民为目标进行袭击,无论是在加沙地带、黎巴嫩还是以色列。他警告说,以色列对黎巴嫩的大规模袭击会导致“地区战争的爆发”。
据以色列军方和急救组织消息,黎巴嫩真主党27日晚向戈兰高地发动火箭弹袭击,导致戈兰高地城镇迈季代勒舍姆斯至少12人死亡、30余人受伤。黎真主党否认向迈季代勒舍姆斯发射火箭弹,表示与此次袭击“毫无关系”。
图说:7月28日,在以色列占领的戈兰高地城镇迈季代勒舍姆斯,人们参加火箭弹袭击遇难人员的葬礼。新华社发(贾马尔·阿瓦德摄)