Connect with us

Africa & Middle East

ဂါဇာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် အမေရိကန်နိုင်ငံက ကြံရာပါဖြစ်ကြောင်း ရာထူးမှနုတ်ထွက်ထားသော အမေရိကန်အရာရှိများ စုပေါင်းပြောကြား

ဂါဇာကမ်းမြောင်ဒေသ ခန်ယွန်းနစ်မြို့ တွင် အစ္စရေးစစ်တပ်၏ အဓမ္မ တောင်းဆိုချက်ကြောင့် ယင်းနယ်မြေမှ စွန့်ခွာလာသော ပါလက်စတိုင်းပြည်သူများအား ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ယခုအကြိမ်ဖြစ်ပွားသော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် ပတ်သက်၍ အမေရိကန် အစိုးရမှ ချမှတ်ထားသော မူဝါဒများကို ရှုတ်ချကြောင်း၊ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအရပ်သား အများအပြား သေဆုံး၍ ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ရသည့် ကိစ္စတွင် အမေရိကန်နိုင်ငံသည် ငြင်းဆို၍မရသော ကြံရာပါဖြစ်သည်ဟု ထင်မှတ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ မူဝါဒသည် အရှေ့အလယ်ပိုင်းဒေသများသို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မပေးနိုင်ရုံသာမက ၎င်းတို့ နိုင်ငံလုံခြုံရေးကိုပါ ထိခိုက်စေပြီး အမေရိကန်နိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေကြောင်း အမေရိကန် အစိုးရ အရာရှိဟောင်း ၁၂ ဦး၏ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့သည်။
အထက်ဖော်ပြပါ အရာရှိများသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အိမ်ဖြူတော်စသည့် စီမံခန့်ခွဲရေးဌာနများနှင့် စစ်တပ်တို့မှ ဖြစ်ပြီး အမေရိကန် အစိုးရ၏ မူဝါဒများကို မကျေနပ်သောကြောင့် ရာထူးမှ ရှေ့ဆင့်နောက်ဆင့် နှုတ်ထွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“အစိုးရ၏ ဂါဇာကမ်းမြောင်ဆိုင်ရာ မူဝါဒသည် အောင်မြင်မှုမရှိသောမူဝါဒဖြစ်ပြီး အမေရိကန်နိုင်ငံ၏ နိုင်ငံလုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်”၊ “ဂါဇာတွင် ပိတ်မိနေသော ပါလက်စတိုင်းများ သတ်ဖြတ်ခံနေရပြီး ငတ်မွတ်ခေါင်းပါးနေချိန်တွင် အမေရိကန်နိုင်ငံက သံတမန်ရေးအရ အစ္စရေးအား အကာအကွယ်ပေးပြီး လက်နက်များ ဆက်လက်ပေးပို့ခြင်းသည် မိမိတို့အား ငြင်းဆို၍မရသော ကြံရာပါဖြစ်စေသည်” ဟု အိတ်ဖွင့်ပေးစာ၌ ရေးသားထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ လုပ်ရပ်သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် အမေရိကန်နိုင်ငံ ဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ထောက်ပြခဲ့သည်။
ရှည်ကြာသောကာလတစ်လျှောက်တွင် အမေရိကန်နိုင်ငံ၏ ပါလက်စတိုင်း-အစ္စရေးအရေး မူဝါဒ၊ အထူးသဖြင့် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း မူဝါဒသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို “ဆိုးရွားစွာ” အထောက်အကူဖြစ်စေခဲ့သည်ဟု ၎င်းအရာရှိဟောင်းများက ရေးသားခဲ့ကြောင်း သိရသည်။
ယခုအကြိမ်ပဋိပက္ခတွင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများအပေါ် ဟန့်တားနေခြင်းကို အပြစ်မယူခဲ့ရုံသာမက ပါလက်စတိုင်းအား ကူညီပံ့ပိုးပေးသော ကုလသမဂ္ဂအေဂျင်စီသို့ ရန်ပုံငွေများ ပေးအပ်ခြင်းကိုလည်း ရပ်တန့်ခဲ့သည်ဟု ၎င်းအရာရှိဟောင်းများက ရေးသားခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………………………….
(Chinese Version)
美辞职官员集体发声:加沙遭屠戮,美国是同谋
新华社北京7月3日电 12名原美国政府官员2日发表公开信,谴责美国政府就本轮巴以冲突采取的政策,认为在以色列军事行动造成加沙地带大批巴勒斯坦平民死亡和严重人道主义危机一事上,美方是“无可辩驳的同谋”。美方政策不仅没有给中东地区带来和平安全,而且危害美国国家安全,让美国声誉扫地。
上述官员来自美国国务院、内政部、白宫等行政部门和军方,因不满美国政府的政策先前相继辞职。
“政府的加沙政策是失败的政策,威胁到美国国家安全,”公开信写道,“加沙受困巴勒斯坦民众遭杀戮、被迫挨饿,而美国在外交上袒护以色列,并持续输送武器,使我们无可辩驳地成为同谋。”
公开信指出,美方做法“明显违反国际人道主义法和美国法律”。
这些前官员写道,长期以来,美国对巴以问题的政策、特别是本轮巴以冲突爆发后的政策助长了“严重”的人道主义问题。美国在本轮冲突中不仅没有追究以方阻挠人道主义援助活动的责任,而且停止向联合国援助巴勒斯坦机构提供资金。
图说:7月2日,在加沙地带汗尤尼斯,巴勒斯坦人被迫按照以军要求离开该地区。新华社发(里泽克·阿卜杜勒贾瓦德摄)