Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် SCO အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများကောင်စီ ၂၄ ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန် အက်စ်တာနာမြို့သို့ ရောက်ရှိ၊ ကာဇက်စတန်နိုင်ငံ နိုင်ငံတော်အလည်အပတ်ခရီးစဉ် စတင်

အက်စ်တာနာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ ကောင်စီ ၂၄ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန် ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းက အထူးလေယာဉ်ဖြင့် အက်စ်တာနာမြို့သို့ ရောက်ရှိခဲ့ပြီး ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် ၏ ဖိတ်ကြားချက်အရ ကာဇက်စတန်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် စတင်ခဲ့ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန် လိုက်ပါခဲ့သည့် အထူးလေယာဉ်သည် ကာဇက်စတန် လေပိုင်နက်သို့ ဝင်ရောက်ပြီးနောက် ကာဇက်စတန် လေတပ်တိုက်လေယာဉ် သုံးစင်း ပျံတက်၍ ဝန်းရံခဲ့ကြသည်။
အက်စ်တာနာ Nursultan Nazarbayev အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ် ဦးဆောင်သော ပထမ ဒုတိယဝန်ကြီးချုပ် Roman Sklyar ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Nurtleu ၊ သမ္မတ၏ နိုင်ငံခြားရေးအကြံပေး Kazykhan ၊ အက်စ်တာနာ မြို့တော်ဝန် Zhenis Kassymbek စသည့် အဆင့်မြင့် အရာရှိကြီးများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ခမ်းနားလှပစွာ ဝတ်ဆင်ထားသည့် ကာဇက်စတန် လူငယ်အမျိုးသမီးများကလည်း သမ္မတ ရှီကျင့်ဖိန်အား ဂုဏ်ပြုပန်းပေးကာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်က လေဆိပ်တွင် သမ္မတ ရှီကျင့်ဖိန်အား ကြိုဆိုသည့် အခမ်းအနားကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။ တည်ကြည်ခန့်ညားသည့် ဂုဏ်ပြုတပ်ဖွဲ့ဝင် ၁၀၀ ကျော်က စစ်တီးဝိုင်းဖြင့် တီးမှုတ်ကြိုဆိုခဲ့ကြသလို ကာဇက်စတန် ကလေးငယ် ၁၀၀ နီးပါးက တရုတ်-ကာဇက်စတန် နှစ်နိုင်ငံ အလံများ ဝှေ့ယမ်းကာ “မင်္ဂလာပါ” ဟု သံပြိုင်ဟစ်ကြွေးကာ ရှီကျင့်ဖိန်၏ နိုင်ငံတော်ခရီးစဉ်ကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြည့်ရှုခဲ့သည်။ ကာဇက်စတန် ကလေးများက တရုတ်ဘာသာစကားဖြင့် 《အမိမြေအတွက် သီချင်းဆိုခြင်း》တေးသီချင်းအား သီဆိုဖျော်ဖြေခဲ့ကြသည်။

လေဆိပ်တွင် သမ္မတ ရှီကျင့်ဖိန်က အမှာစကားပြောကြားခဲ့ရာ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ကာဇက်စတန်နိုင်ငံ ပြည်သူများထံသို့ နွေးထွေးစွာ နှုတ်ခွန်းဆက်သပါကြောင်းနှင့် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီက တရုတ်-ကာဇက်စတန် ချစ်ကြည်ရေးသည် ရှည်လျားသည့်သမိုင်းကြောင်း ရှိပါကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၃၂ နှစ်ကြာ ကာလတွင် တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် ခေတ်ကာလ၏ပြောင်းလဲမှုနှင့် နိုင်ငံတကာအခြေအနေ အပြောင်းအလဲများ၏ စမ်းသပ်မှုကို ခံနိုင်ခဲ့ရာ နှိုင်းယှဉ်မရသော ထာဝရ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖြစ်တည်လာသလို အိမ်နီးချင်းနိုင်ငံများ တက်ညီလက်ညီ အခက်အခဲများကို အတူကျော်ဖြတ်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ခြင်း၊ အပြန်အလှန် အောင်မြင်ဖြစ်မြောက်စေခြင်း ဟူသော ဆက်ဆံရေး၏ စံနမူနာ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည် ၁၁ နှစ်က မိမိအနေဖြင့် ကာဇက်စတန်နိုင်ငံတွင် “ပိုးလမ်းမ စီးပွားရေးရပ်ဝန်း” အတူတည်ဆောက်မည့် အဆိုပြုချက်ကို ပထမဆုံးအကြိမ် အဆိုပြုခဲ့ပါကြောင်း ၊ ယနေ့အခါ တရုတ်-ကာဇက်စတန် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်သည့် ရလဒ်များစွာ ဖြစ်ထွန်းလာကြောင်း၊ မိမိအနေဖြင့် သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်နှင့်အတူ တရုတ်-ကာဇက်စတန် ဆက်ဆံရေးနှင့် ဘုံစိုးရိမ်မှုရှိကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ကာ တရုတ်-ကာဇက်စတန် ထာဝရ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အနာဂတ်အစီအစဉ် ရေးဆွဲ စီမံသွားလိုကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကာဇက်စတန် ထိပ်သီးအစည်းအဝေးကို တက်ရောက်၍ ဘက်ပေါင်းစုံနှင့်အတူ အနာဂတ် စီမံရေးကို အတူပြောကြားလို သလို ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား အတူဆွေးနွေးညှိနှိုင်းကာ အရေးကြီး ဘက်စုံယန္တရား တစ်ခုမှ ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ချိုက်ချီ၊ ဝမ်ရိတို့လည်း ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။ သမ္မတ ရှီကျင့်ဖိန်၏ မော်တော်ယာဉ် လေဆိပ်မှ တည်းခိုရာ ဟိုတယ်သို့ သွားသည့် လမ်းတစ်လျှောက်တွင် ယင်းဒေသရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုယ်စားလှယ်များက လမ်းတစ်ဖက်တစ်ချက်၌ တန်းစီကာ တရုတ်-ကာဇက်စတန် နှစ်နိုင်ငံအလံများအား ဝှေ့ယမ်း၍ “သမ္မတ ရှီကျင့်ဖိန်၏ ကာဇက်စတန်နိုင်ငံ အလည်အပတ်ခရီးအား လှိုက်လှဲစွာ ကြိုဆိုပါတယ်” ဟူသော အနီရောင် စာတန်းများ ကိုင်ဆောင်၍ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)


…………………………..
(Chinese Version)
习近平抵达阿斯塔纳出席上海合作组织成员国元首理事会第二十四次会议并对哈萨克斯坦进行国事访问
新华社阿斯塔纳7月2日电(记者杨依军 马峥)当地时间7月2日中午,国家主席习近平乘专机抵达阿斯塔纳,出席上海合作组织成员国元首理事会第二十四次会议,应哈萨克斯坦共和国总统托卡耶夫邀请,对哈萨克斯坦进行国事访问。
习近平乘坐的专机进入哈萨克斯坦领空后,哈萨克斯坦三架空军战机升空护航。
专机抵达阿斯塔纳纳扎尔巴耶夫国际机场时,哈萨克斯坦总统托卡耶夫率政府第一副总理斯克利亚尔、副总理兼外长努尔特列乌、总统外事顾问卡济汉、阿斯塔纳市长卡瑟姆别克等高级官员热情迎接。身着盛装的哈萨克斯坦女青年向习近平献花。
托卡耶夫在机场为习近平举行盛大隆重的迎宾仪式。100余名仪仗兵英姿挺拔,军乐团奏响迎宾曲和迎宾号角。近百名哈萨克斯坦儿童挥舞中哈两国国旗,欢呼“您好”,热烈欢迎习近平到访。
习近平在托卡耶夫陪同下检阅仪仗队。十余名哈萨克斯坦少年儿童用中文演唱《歌唱祖国》。
习近平发表机场书面讲话,代表中国政府和中国人民,向友好的哈萨克斯坦人民致以诚挚问候和良好祝愿。
习近平指出,中哈友好源远流长。两国建交32年来,中哈关系经受住时代变迁和国际风云变幻的考验,结为独一无二的永久全面战略伙伴关系,树立了邻国和衷共济、互利共赢、相互成就的关系典范。11年前,我在哈萨克斯坦首次提出共建“丝绸之路经济带”倡议。如今,中哈共建“一带一路”硕果累累。我期待同托卡耶夫总统就中哈关系以及共同关心的国际和地区问题深入交换意见,为中哈永久全面战略伙伴关系发展擘画新蓝图、作出新部署。我也期待出席上海合作组织阿斯塔纳峰会,同各方一道共话组织未来,共商合作大计,推动这一重要多边机制实现新的更大发展。
蔡奇、王毅等陪同人员同机抵达。
中国驻哈萨克斯坦大使张霄也到机场迎接。
习近平乘车从机场赴下榻饭店途中,当地中资企业代表等候在道路两旁,挥舞中哈两国国旗,高举“热烈欢迎习近平主席访问哈萨克斯坦”等红色横幅,热烈欢迎习近平主席到访。(完)