Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဘီလာရုဇ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maksim Ryzhenkov တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘီလာရုဇ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maksim Ryzhenkov တို့ ဇူလိုင် ၈ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘီလာရုဇ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maksim Ryzhenkov နှင့် ဇူလိုင် ၈ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ လူကာရှင်ကို တို့၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်-ဘီလာရုဇ် ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းထားခဲ့ပါကြောင်း ပြောကြားခဲ့သည်။ ဘီလာရုဇ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို အတူဖော်ဆောင်သွားကာ တရုတ်-ဘီလာရုဇ် အချိန်အခါမရွေး ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာအောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သည့် အချိန်အခါတွင် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ “ရှန်ဟိုင်း စိတ်ဓာတ်” ကို မြှင့်တင်သွားခြင်း၊ “ဘုံမိသားစုဥယျာဉ် ၅ ခု ”တည်ဆောက်ခြင်းဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အသံပို၍ ကြည်လင်တောက်ပလာအောင် ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Maksim Ryzhenkov က သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်များကို ဘီလာရုဇ်နိုင်ငံအနေဖြင့် အထူးတန်ဖိုးထားသလို ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူ ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


…………………………
(Chinese Version)
王毅同白俄罗斯外长雷任科夫会谈
新华社北京7月8日电 中共中央政治局委员、外交部长王毅8日在京同白俄罗斯外长雷任科夫会谈。
王毅说,在习近平主席和卢卡申科总统战略引领下,中白关系保持强劲发展势头。愿同白方共同落实好两国元首重要共识,推动中白全天候全面战略伙伴关系不断走深走实。中方愿以担任上合组织轮值主席国为契机,同各方一道弘扬“上海精神”,打造“五个共同家园”,使上合声音更加响亮。
雷任科夫表示,白方高度赞赏并将继续深度参与习近平主席提出的系列全球倡议,坚持践行多边主义,共同应对全球性挑战。(完)