Connect with us

Africa & Middle East

ဘက်ပေါင်းစုံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ဖြေလျှော့ရေးအတွက် တိုးမြှင့်လုပ်ဆောင်ကြရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်း

ကုလသမဂ္ဂ၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကို ဖြေလျှော့ပြီး ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိရန်အတွက် ဘက်ပေါင်းစုံအနေဖြင့် ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric မှတစ်ဆင့် ဇူလိုင်လ ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် ကြိုးပမ်းမှုအားလုံးသည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဖြစ်မြှောက်ရန်၊ ထိန်းသိမ်းခံထားရသော အစ္စရေးနိုင်ငံသားအားလုံးကို လွှတ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများစွာ တိုးမြှင့်ပေးရန်၊ လက်ဘနွန်နှင့် လက်ဘနွန်-အစ္စရေးနယ်စပ် ”အပြာစည်း” တစ်လျှောက် တည်ငြိမ်မှု ပြန်လည်တည်ငြိမ်ရန် တို့ကို ဇောက်ချလုပ်ဆောင်သင့်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။ သို့သော် မကြာသေးမီက ဖြစ်ပွားမှုများသည် အဆိုပါရည်မှန်းချက်များအောင်မြင်ရန် ကြိုးပမ်းမှုများကို ပျက်ပြားစေကြောင်း၊ လက်ဘနွန်မြို့တော် ဘေရွတ်၏ တောင်ဘက် ဆင်ခြေဖုံးနေရာများနှင့် အီရန်မြို့တော် တီဟီရန်တို့၌ ဖြစ်ပွားခဲ့သောတိုက်ခိုက်မှုများသည် အခြေအနေ အန္တရာယ်ပို၍ တိုးမြင့်လာသည်ကို ပြသကြောင်း ပြောကြားခဲ့သည်။
ယခုလို အလွန် ထိလွယ်ရှလွယ်သော အခိုက်အတန့်တွင် ထိန်းထိန်းသိမ်းသိမ်းနေခြင်း တစ်ခုတည်းနှင့် မလုံလောက်တော့ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို အန္တရာယ်နံဘေးသို့ တွန်းပို့နေသော၊ အရပ်သားများအပေါ် ဆိုးရွားသော ပျက်စီးစေမည့် အကျိုးသက်ရောက်မှုများ ဖြစ်နိုင်ခြေရှိသော မည်သည့်လုပ်ရပ်ကိုမဆို တားဆီးရန် အတူတကွလုပ်ဆောင်သင့်ကြောင်း၊ ဒေသတွင်းတင်းမာမှုများကို လျှော့ချရန် ဘက်စုံ သံတမန်ရေးလှုပ်ရှားမှုကို မြှင့်တင်ခြင်းသည် ယင်းရည်မှန်းချက်များ အကောင်အထည်ပေါ်ရာ နည်းလမ်းပင်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံ၏ ထိုဒေသတွင်း လုပ်ဆောင်သော လှုပ်ရှားမှုများသည် အလွန်အန္တရာယ်များပြီး ယင်းလုပ်ရပ်များကြောင့် ဖြစ်နိုင်ခြေရှိသော ဆိုးရွားသည့် အကျိုးဆက်များကို ကြိုမမြင်ထားကြောင်း ထိုနေ့တွင်ပင် အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Gheit က ကြေညာချက်ထုတ်ပြန်ရာတွင် သတိပေးခဲ့သည်။ ဒေသတွင်း ပဋိပက္ခများ ဘက်စုံ ဖြစ်ပွားခြင်းကို ကာကွယ်တားဆီးရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အစ္စရေးနိုင်ငံအား လိုအပ်သော ဖိအားများ ပေးရန်လိုအပ်ကြောင်း Gheit က အလေးအနက် ပြောကြားခဲ့သည်။
အစ္စရေးလေတပ် တိုက်လေယာဉ်များသည် “ပစ်မှတ်ထားရှင်းလင်းခြင်း”လှုပ်ရှားမှုကို ဇူလိုင် ၃၀ ရက် ဘေရွတ်ဒေသ၌ ပြုလုပ်ခဲ့ရာ လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ စစ်ဦးစီးချုပ် Fouad Shokor သေဆုံးခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ထိုနေ့ ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း Shokor သေဆုံးခဲ့ကြောင်း လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ဇူလိုင် ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟားမက်စ် နိုင်ငံရေးဗျူရို ခေါင်းဆောင် Ismail Haniyeh သည် ဇူလိုင် ၃၁ ရက်က တီဟီရန်မြို့ရှိ နေအိမ်၌ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)
………………………
(Chinese Version)
联合国秘书长敦促各方加大努力缓和中东局势
新华社联合国7月31日电(记者潘云召)联合国秘书长古特雷斯7月31日通过发言人迪雅里克发表声明,敦促各方加大努力,缓和中东地区局势,以实现长期和平与稳定。
声明说,当前,所有努力都应致力于促成加沙地带停火、释放所有以色列被扣押人员、大幅增加对加沙地带的人道主义援助以及恢复黎巴嫩和黎以边境“蓝线”沿线的平静。然而,近期的事态发展破坏了实现这些目标的努力。发生在黎巴嫩首都贝鲁特南郊和伊朗首都德黑兰的袭击代表着局势的“危险升级”。
声明说,在这个极其敏感的时刻,单靠克制是不够的。国际社会应共同努力,阻止任何可能将整个中东推向危险边缘、对平民造成毁灭性影响的行动。实现这一目标的方法是推进全面的外交行动,以缓和地区紧张局势。
同一天,阿拉伯国家联盟秘书长盖特发表声明,警告以色列在该地区采取的行动十分危险,没有预见到行动可能造成的严重后果。盖特强调,国际社会需要对以色列施加必要的压力,以防止地区全面爆发冲突。
以色列国防军7月30日晚发表声明说,以空军战机当天在贝鲁特地区展开“定点清除”行动,炸死黎巴嫩真主党军事指挥官福阿德·舒库尔。黎巴嫩真主党31日发表声明,证实舒库尔在以色列空袭中丧生。
巴勒斯坦伊斯兰抵抗运动(哈马斯)31日发表声明说,哈马斯政治局领导人伊斯梅尔·哈尼亚当天在其位于德黑兰的住所内遭以色列空袭身亡。(参与记者:姚兵)(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.