Connect with us

International Organizations

နိုင်ငံတကာအသိုက်အဝန်းက ဆူဒန်နိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု ကူညီမှုအား မြှင့်တင်ရန် တရုတ်တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေးကိစ္စ အဆင့်မြင့်အစည်းအဝေးတစ်ခုအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
နိုင်ငံတကာအသိုက်အဝန်းက ဆူဒန်နိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆက်မပြတ်မြှင့်တင်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇန်နဝါရီ ၆ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆူဒန်အရေး တံခါးဖွင့်အစည်းအဝေး၌ တိုက်တွန်းပြောကြားခဲ့သည်။
ကိန်းစွမ်က ဆူဒန်နိုင်ငံပဋိပက္ခဖြစ်ပွားနေသည်မှာ လပေါင်း ၂၀ ကြာပြီဖြစ်ကြောင်း၊ လက်ရှိတွင် စစ်မီးများ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှု အရေအတွက်သည် ဆက်လက်များပြားနေကြောင်း၊ နေရပ်စွန့်ခွာသူ လူဦးရေ အဆက်မပြတ် တိုးပွားလာကာ စားနပ်ရိက္ခာ ပြတ်တောက်မှု၊ ကူးစက်ရောဂါများ မကြာခဏဖြစ်ပွားမှု စသည့်အခြေအနေများ တစ်နေ့တခြား ပိုမိုသိသာထင်ရှားပြီး အခြေမလှဖြစ်ရကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက လက်ပိုက်ကြည့်နေ၍မရသလို လက်ပိုက်ကြည့်နေ၍လည်း မသင့်လျော်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂက ဆူဒန်အစိုးရ စသည့် ဘက်အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ လိုအပ်သည့်လူတိုင်း၏လက်ထဲသို့ ကူညီရေးပစ္စည်းများ အချိန်မီပို့ဆောင်၍ အခက်အခဲတွင်းထဲ ကျရောက်နေသည့် ဆူဒန်ပြည်သူများအတွက် မျှော်လင့်ချက်များ သယ်ဆောင်သွားပေးရန် တိုက်တွန်းကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် သမားရိုးကျကူညီပေးသူသည် ဆူဒန်နှင့် အနီးတစ်ဝိုက်နိုင်ငံများအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများကို မြှင့်တင်၍ ပစ္စည်းများ လှူဒါန်းကူညီပေးမည့်ကတိကဝတ်ကို လက်တွေ့ကျစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ကိန်းစွမ်က တိုက်တွန်းပြောကြားခဲ့သည်။
ကိန်းစွမ်က လူသားချင်းစာနာမှုအရေးကိစ္စကို နိုင်ငံရေးအသွင်ပြောင်းခြင်းအား ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သက်ဆိုင်ရာအဖွဲ့အစည်းက လုပ်ငန်းလုပ်ဆောင်ရာတွင် လူသားချင်းစာနာထောက်ထားမှု၊ ကြားနေမှု၊ တရားမျှတမှု၊ လွတ်လပ်မှု စသည့်မူများကို လေးစားလိုက်နာရမည်ဖြစ်ပြီး ပြဿနာအား ပိုမိုတိကျစွာဖြေရှင်းနိုင်စေရန်အတွက် သက်ဆိုင်ရာအကဲဖြတ်မှုနှင့် အစီရင်ခံစာရလဒ်သည် လက်တွေ့အခြေအနေအား ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်စုံထင်ဟပ်မှုရှိရန် အာမခံပေးရမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုပြဿနာကို စွက်ဖက်ဖိအားပေးသည့် အကြောင်းပြချက်အဖြစ် သုံး၍မရကြောင်း၊ မိမိကိုယ်ကျိုးစီးပွား ရယူသည့်ကိရိယာအဖြစ်လည်း အသုံးပြု၍မရကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲမှုသည် လူသားချင်းစာနာထောက်ထားမှု အခြေအနေအား ပြေလျော့စေသည့် လက်တွေ့အကျဆုံးနည်းလမ်းဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ ပဋိပက္ခဘက်အသီးသီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာဆုံးဖြတ်ချက် တောင်းဆိုမှုများကို ဖော်ဆောင်ပြီး လက်ရှိဒေသတွင်းအခြေအနေ အရှိန်လျော့လာစေရေး တွန်းအားပေးရန်၊ ဆွေးနွေးမှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်၊ အရပ်သားပြည်သူများနှင့် အရပ်ဘက်သုံးအဆောက်အအုံများ ထိခိုက်မှုမရှိစေရေး ကာကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဝန်ထမ်းများ လုံခြုံမှုကို အာမခံရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ အောက်ထစ်စည်းမျဉ်းကို ကျော်လွန်ခြင်းအား ရှောင်ရှားရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက ဆူဒန်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံရေးအား အပြည့်အဝလေးစားသည့် အခြေခံပေါ်တွင် ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှု ပူးပေါင်းအားကို အရှိန်မြှင့်ဖော်ဆောင်ကာ ဆန်းသစ်တီထွင်၍ ထိရောက်သောနည်းလမ်းကို စူးစမ်းလေ့လာပြီး နိုင်ငံရေးအရ ဖြေရှင်းမှုလမ်းကြောင်းကို အတူရှာဖွေကာ ဆူဒန်နိုင်ငံငြိမ်းချမ်းရေး ဆောလျင်စွာပြန်လည်ဖော်ဆောင်ရေးအား ကူညီသွားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်းလည်း ကိန်းစွမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ဆူဒန်နိုင်ငံထံသို့ ထောက်ပံ့ပေးသည့် နောက်ဆုံးအသုတ် စားနပ်ရိက္ခာကူညီမှုများမှာ ပို့ဆောင်ရောက်ရှိသွားပြီဖြစ်ကြောင်း၊ ယင်းသည် ဆူဒန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေပြေလျော့စေရန်အတွက် အကျိုးထမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံသည် တတ်စွမ်းသမျှကူညီမှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းနှင့်တူ ဆူဒန်နိုင်ငံက ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
中方呼吁国际社会持续加大对苏丹人道援助力度   新华社联合国1月6日电 中国常驻联合国副代表耿爽6日在安理会苏丹问题公开会上发言,呼吁国际社会持续加大对苏丹人道援助力度。  耿爽说,苏丹冲突已持续20个月之久。当前战火仍在延宕,平民伤亡人数持续增加,流离失所者规模不断扩大,粮食短缺、传染病频发等状况日益突出,形势不容乐观,国际社会不应也不能袖手旁观。  耿爽呼吁联合国同苏丹政府等各方加强合作,确保援助物资及时送到每一位有需要的人手中,给处于困境的苏丹民众带去希望。国际社会特别是传统援助方应增加对苏丹及周边邻国的人道支持,切实兑现捐资承诺。  耿爽指出,要避免人道问题政治化。有关机构开展工作应遵守人道、中立、公正、独立等原则,确保有关评估及报告结果客观、全面反映实际情况,以便更有针对性地解决问题。人道问题不应被用作干涉施压的借口,更不能沦为谋取私利的工具。  耿爽表示,停火止战是缓解人道局势的根本途径。中方呼吁冲突各方落实安理会有关决议要求,推动现地局势降温降级,通过对话协商化解分歧,保护平民和民用设施不受波及,确保人道工作者安全,避免逾越国际人道法底线。中方呼吁国际社会在充分尊重苏丹主权、独立和领土完整基础上,加快形成斡旋合力,探索创新有效办法,共同寻找政治解决之道,帮助苏丹早日恢复和平。  耿爽说,中方向苏丹提供的最新一批粮食援助已经运达,相信将为缓解苏丹的人道形势作出贡献,中方将继续提供力所能及的支持,并愿同国际社会一道,为苏丹早日恢复和平稳定发挥建设性作用。(完) 图说:2024年11月18日,在位于纽约的联合国总部,安理会召开中东问题高级别会议。新华社记者 谢锷 摄