Connect with us

International Organizations

တရုတ်နိုင်ငံက ဒေသတွင်း နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဖော်ဆောင်ခြင်းက အားတက်ဖွယ်ဖြစ်သည်ဟု UNODC အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ယာယီတာဝန်ခံ Benedikt Hofmann ဆို

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ယာယီတာဝန်ခံ Benedikt Hofmann က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည်ကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

လတ်တလောကာလအတွင်း တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ စသည့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရေးကို မြှင့်တင်မှုသည် အဆိုပါကဏ္ဍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသည့် တက်ကြွသောအလားအလာ ဖြစ်ပေါ်လာလျက်ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ယာယီတာဝန်ခံ Benedikt Hofmann သည် မကြာသေးမီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မူးယစ်ဆေးဝါးနှင့် ဆက်သွယ်ရေးလိမ်လည်မှု ပြစ်မှုကျူးလွန်မှုများအား တိုက်ဖျက်သည့်ကဏ္ဍတွင် အခြားနိုင်ငံများအား အရေးပါသောပံ့ပိုးမှုများ ပေးခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထိခိုက်နစ်နာသူအရေအတွက်၊ ရိုက်ခတ်မှုခံရသည့် အတိုင်းအတာနှင့် အမှုတွင်ပါဝင်ပတ်သက်သည့် ငွေကြေးပမာဏအရ ကြည့်ပါက ဆက်သွယ်ရေးလိမ်လည်မှုများသည် လတ်တလောနှစ်ပိုင်းတွင် ပိုမိုထင်ရာစိုင်းလာသည်ဟု Benedikt Hofmann ကဆိုသည်။ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသ၌ နှစ်စဥ် အဆိုပါပြစ်မှုမျိုးကျူးလွန်ခြင်းကြောင့် စီးပွားရေးအရ နစ်နာဆုံးရှုံးမှုသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံမှ ၄၀ ဘီလီယံ ရှိသည်ဟု UNODC ၏ ခန့်မှန်းတွက်ချက်မှုအရ သိရကြောင်း၊ “ဆက်သွယ်ရေးလိမ်လည်မှုဟာ ဒေသတွင်းအခြေအနေကနေ တစ်ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်လာနေပါပြီ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဆက်သွယ်ရေးလိမ်လည်မှုနှင့် သက်ဆိုင်ရာ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု နည်းလမ်းများသည် တစ်နေ့တခြား ပိုမိုရှုပ်ထွေးလာကြောင်း၊ ရာဇဝတ်ဂိုဏ်းများကလည်း ဉာဏ်ရည်တု (AI) စသည့် နည်းပညာများ အသုံးပြုလာသဖြင့် နိုင်ငံအသီးသီးမှ တရားဥပဒေစိုးမိုးရေးဌာနများအတွက် စိန်ခေါ်မှုဖြစ်စေသည်ဟု Benedikt Hofmann က ထောက်ပြခဲ့သည်။

“အွန်လိုင်းကနေ ပြစ်မှုကျူးလွန်မှုဟာ နောက်ကွယ်က ရာဇဝတ်ဂိုဏ်းကို ခြေရာခံနိုင်ဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ပြစ်မှုကျူးလွန်သူဟာ နိုင်ငံတစ်နိုင်ငံမှာ ပြစ်မှုကျူးလွန်နေပြီး လိမ်လည်ခံရသူက အခြားတစ်နိုင်ငံ ဒါမှမဟုတ် အခြားတိုက်ကြီးတစ်တိုက်မှာ ဖြစ်နေနိုင်ပါတယ်” ၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှုစနစ်သည် ပိုမိုရှုပ်ထွေးလာသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းကပြောကြားခဲ့သည်။

Benedikt Hofmann က ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ထိရောက်စွာရင်ဆိုင်ရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ အားကိုးရမည်ဟု ယူဆသည်။ “သတင်းအချက်အလက် အတူမျှဝေတာ၊ ရဲဘက်ဆိုင်ရာလှုပ်ရှားမှု ညှိနှိုင်းမှု ဖြစ်စေ၊ တရားစီရင်မှုအရ အပြန်အလှန်ကူညီမှု၊ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်စေ အရေးကြီးဆုံးက ဒေသတွင်းအပြင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ပြီး အတူတကွရင်ဆိုင်တဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိခြင်းပဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
သက်ဆိုင်ရာနိုင်ငံများ သဘောတူညီချက်ရရှိခြင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ခြင်းတို့ကို UNODC က အမြဲတွန်းအားပေးဖော်ဆောင်လျက်ရှိကြောင်း၊ လတ်တလောကာလအတွင်း တရုတ်နိုင်ငံသည် ထိုင်း၊ မြန်မာ စသည့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ခြင်းအား မြှင့်တင် နေသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရကြောင်း၊ “ဒီကြိုးပမ်းမှုတွေက အားတက်ဖွယ်ဖြစ်စေပြီး ဒါကနေ ပေါ်ထွက်လာတဲ့ တက်ကြွတဲ့အလားအလာကလည်း လတ်တလောနှစ်ပိုင်းမှာ တွေ့ရခဲပါတယ်” ဟု Benedikt Hofmann က သတင်းထောက်ကို ပြောကြားခဲ့သည်။

Benedikt Hofmann ၏အမြင်တွင် တရုတ်နိုင်ငံသည် ဒေသတွင်း တရားဥပဒေစိုးမိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အမြဲဖော်ဆောင်လျက်ရှိပြီး မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းနှင့် မှောင်ခိုကူးခြင်းအား တိုက်ဖျက်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုကို ကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတွင် ရရှိသည့်အတွေ့အကြုံများက အခြားနိုင်ငံများ သက်ဆိုင်ရာပြဿနာကို ရင်ဆိုင်ဖြေရှင်းရန် ကူညီပေးနိုင်သည် ဟု ၎င်းက ယူဆသည်။

“တရုတ်နိုင်ငံရဲ့အတွေ့အကြုံက ဒေသတွင်းနိုင်ငံတွေအတွက် အရေးပါတဲ့ လေ့လာသင်ယူဖွယ်ရာ တန်ဖိုးရှိပါတယ်။ တရုတ်နိုင်ငံက တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုအလွှာမှာ ဒေသတွင်း အခြားနိုင်ငံတွေကို ပံ့ပိုးကူညီမှု အများအပြားပေးထားတာကို ကျွန်တော်တို့ တွေ့မြင်ရပါတယ်” ဟု Benedikt Hofmann က ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် နိုင်ငံများက ဆက်သွယ်ရေးလိမ်လည်မှု ပြဿနာအပေါ် အလေးထားမှု အတိုင်းအတာ သိသိသာသာ တိုးတက်လာသော်လည်း ထိုပြစ်မှုကျူးလွန်မှုများ၏ ရှုပ်ထွေးမှု အတိုင်းအတာနှင့် ဆင့်ကဲပြောင်းလဲမှုအမြန်နှုန်းကြောင့် နိုင်ငံအသီးသီးက အတိုင်းအတာပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်လိုအပ်နေသည်ကို ဆိုလိုနေကြောင်း၊ တရုတ်နိုင်ငံက အဆိုပါကဏ္ဍတွင် စနစ်တကျ ရင်ဆိုင်ဖြေရှင်းမှုပုံစံသည် အခြားနိုင်ငံများအတွက် အရေးပါသောမှီငြမ်းမှု ပေးနိုင်သည်ဟု Benedikt Hofmann က တဲ့တိုးပြောကြားခဲ့သည်။

“ရဲဘက်ဆိုင်ရာ လှုပ်ရှားမှု ဒါမှမဟုတ် ဆက်သွယ်ရေးလိမ်လည်မှုစခန်း တစ်နေရာကို ပိတ်သိမ်းခြင်း စတဲ့ ရေတိုအစီအမံတွေတင်မဟုတ်ဘဲ ပိုမိုမက်ခရိုအလွှာကနေ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဒေသတွင်းနိုင်ငံများ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တာကို ကျွန်တော်တို့ အနာဂတ်မှာတွေ့မြင်ရဖို့ မျှော်လင့်ပါတယ်” ဟု Benedikt Hofmann က ပြောကြားခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်မြို့မှ ရိုက်ကူးထားသော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
专访|中国推动地区打击跨境电诈合作令人鼓舞——访联合国毒罪办东南亚及太平洋地区代理负责人霍夫曼
新华社曼谷2月17日电 专访|中国推动地区打击跨境电诈合作令人鼓舞——访联合国毒罪办东南亚及太平洋地区代理负责人霍夫曼   新华社记者林昊
联合国毒品和犯罪问题办公室(联合国毒罪办)东南亚及太平洋地区代理负责人贝内迪克特·霍夫曼日前在曼谷接受新华社记者专访时说,近期中国与泰国等东盟国家开展合作,加大对电信诈骗等跨境犯罪活动打击力度,正在产生推动该领域国际合作的积极势头。他表示,中国在打击毒品和电诈犯罪方面为其他国家提供了重要支持。
霍夫曼说,从受害者人数、波及范围及涉案金额看,电信诈骗活动近年来愈加猖獗。据联合国毒罪办估算,东亚及东南亚地区每年因此类犯罪蒙受的经济损失达200亿至400亿美元,“电信诈骗已从区域性现象演变为全球性威胁”。
霍夫曼指出,电信诈骗及相关跨境犯罪手段日趋复杂,犯罪团伙使用人工智能等技术,给各国执法部门带来挑战。
“通过网络实施犯罪导致很难追踪到背后的犯罪团伙,因为犯罪分子可能在一个国家作案,诈骗对象却在另一个国家甚至另一个大陆。”他说,区域内执法和司法系统正面临越来越复杂的挑战。
霍夫曼认为,有效应对这类跨境犯罪必须依靠国际合作。“无论是信息共享、警方行动协调,还是司法互助、刑事合作,关键是区域内外国家要开展合作并找到共同应对方式。”
霍夫曼告诉记者,联合国毒罪办一直致力于推动相关国家达成共识、开展多边合作,乐见近期中国与泰国、缅甸等东盟国家加强合作打击电信诈骗。“这些努力令人鼓舞,所产生的积极势头近年来少见。”
在霍夫曼看来,中国一直致力于开展地区执法合作,在与湄公河流域国家合作打击毒品制贩走私等方面发挥重要作用。中国在防范和打击电信诈骗中积累的经验可以帮助其他国家应对相关问题。
“中国的经验对本地区国家具有重要借鉴价值。我们看到,中国在执法合作层面向本地区其他国家提供了大量支持。”霍夫曼说。
霍夫曼直言,尽管近年来各国对电信诈骗问题的重视程度显著提升,但这些犯罪活动的复杂程度与演变速度,意味着各国需要开展更大范围合作,中国在这方面的系统性应对模式可为其他国家提供重要参考。
“我们希望未来能看到本地区国家开展更广泛合作,不再限于警方行动或关闭某个电信诈骗窝点等短期措施,而是从更宏观层面解决这一问题。”霍夫曼说。(完)