North America
“မင်္ဂလာပါ တရုတ်နိုင်ငံ – မဟာပင်လယ်ကွေ့ဒေသ မကာအိုခရီးစဉ်” ပထမဆုံးခရီးသွားအဖွဲ့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှ စတင်ထွက်ခွာ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Air China လေကြောင်းလိုင်းကုမ္ပဏီ မြောက်အမေရိကဒေသရုံးချုပ်နှင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် တရုတ်ခရီးသွားလာရေးရုံးတို့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ “မင်္ဂလာပါ တရုတ်နိုင်ငံ – မဟာပင်လယ်ကွေ့ဒေသ မကာအိုခရီးစဉ်” ပထမဆုံးခရီးသွားအဖွဲ့အတွက် နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ ပထမဆုံးခရီးသွားအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် Air China လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းကာ ပေကျင်း၊ မကာအို၊ ဟောင်ကောင်၊ ဆန်းကျန့်သို့ သွားရောက်သည့်ခရီးစဉ်ကို စတင်ခဲ့သည်။ “မင်္ဂလာပါ တရုတ်နိုင်ငံ – မဟာပင်လယ်ကွေ့ဒေသ မကာအိုခရီးစဉ်” သည် တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တစ်ကမ္ဘာလုံးတွင် “မင်္ဂလာပါ တရုတ်နိုင်ငံ” နိုင်ငံခရီးသွားပုံရိပ်မြှင့်တင်ရေး လှုပ်ရှားမှုကျင်းပပြီးနောက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် တရုတ်ခရီးသွားလာရေးရုံးနှင့် အမေရိကန် ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ (USTOA) တို့ အတူတကွ မိတ်ဆက်ပေးသည့် ခရီးသွားလာရေး ထုတ်ကုန်အသစ်တစ်ခုဖြစ်သည်။ ယင်းသည် အမေရိကန်ခရီးသွားများက “သိပ္ပံနည်းပညာရှေ့ပြေးသော၊ လုံခြုံ၍ တံခါးဖွင့်လှစ်သော၊ ကောင်းမွန်သာယာလှပသော” တရုတ်နိုင်ငံကို ခံစားရစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အထက်ပါခရီးသွားအဖွဲ့နှင့် အတူလိုက်ပါထွက်ခွာမည့် အမေရိကန်ခရီးသွား ဘိုင်ရွန်နှင့် ဇနီးလောင်းတို့သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်းဖြစ်သည်။ ဘိုင်ရွန်က အမေရိကန်-တရုတ် နှစ်နိုင်ငံ၏ ယဉ်ကျေးမှုကွာခြားချက်ကြီးမားကြောင်း၊ ကိုယ်တိုင်ကြုံတွေ့ရပြီး တရုတ်ယဉ်ကျေးမှုကို ကိုယ်တိုင်ခံစားရမှသာလျှင် တရုတ်နိုင်ငံအကြောင်း အစစ်အမှန် နားလည်သိရှိနိုင်မည်ဟုဆိုသည်။ အဆိုပါအဖွဲ့နှင့် အတူလိုက်ပါမည့် အခြားခရီးသွားတစ်ဦးဖြစ်သည့် ကေသီက ၎င်းသည် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်လည်ပတ်ခြင်းဖြစ်ကြောင်း၊ “တရုတ်နိုင်ငံက ဒီလောက်ကျယ်ပြီး ဒီလောက်လှတာ တစ်ကြိမ်တည်းသွားလို့ ဘယ်လုံလောက်ပါ့မလဲ” ဟု ပြောကြားခဲ့သည်။
ယခုအကြိမ် “မဟာပင်လယ်ကွေ့ဒေသ မကာအိုခရီးစဉ်” ခရီးသွားထုတ်ကုန် စတင်မိတ်ဆက်သည့် ကာလသည် တရုတ်နိုင်ငံက ခရီးတစ်ထောက်နား ဗီဇာကင်းလွတ်ခွင့်မူဝါဒ (visa-free transit policy)ကို တစ်ဆင့်တိုးပြင်ဆင်သည့် ကာလနှင့် တိုက်ဆိုင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာမှစ၍ တရုတ်နိုင်ငံသည် ခရီးတစ်ထောက်နား ဗီဇာကင်းလွတ်ခွင့်ကြာချိန်ကို ၁၄၄ နာရီမှ ၂၄၀ နာရီအထိ တိုးမြှင့်လိုက်ပြီး အဆိုပါမူဝါဒ အသုံးပြုရန် သင့်လျော်သည့်ပြည်ဝင်ဂိတ်နှင့် သွားလာလှုပ်ရှားနိုင်သည့်ဧရိယာကို တိုးချဲ့လိုက်သဖြင့် နိုင်ငံတကာခရီးသွားများ ခရီးစဉ်စီစဉ်ရန် ပိုမိုလွယ်ကူသွားစေခဲ့သည်။ ယခုအကြိမ် “မဟာပင်လယ်ကွေ့ဒေသ မကာအိုခရီးစဉ်” ထုတ်ကုန် စတင်မိတ်ဆက်ပြီးနောက် Air China လေကြောင်းလိုင်းသည် ခရီးသွားကုမ္ပဏီများနှင့် ပူးပေါင်းကာ “၂၄၀ နာရီ ခရီးတစ်ထောက်နား ဗီဇာကင်းလွတ်မှု” ခရီးသွားလမ်းကြောင်းများ စီစဉ်ကာ နယ်စပ်ဖြတ်ကျော် ခရီးသွားစားသုံးမှု အလားအလာကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
“你好!中国——大湾区暨澳门主题游”首发团在美国洛杉矶启程
新华社洛杉矶2月16日电(记者高山 谭晶晶)中国国际航空公司北美地区总部与中国驻洛杉矶旅游办事处16日在美国洛杉矶国际机场共同为“你好!中国——大湾区暨澳门主题游”首发团举行欢送仪式。
该首发团当天将搭乘中国国航航班开启到访北京、澳门、香港、深圳之旅。“你好!中国——大湾区暨澳门主题游”是中国文化和旅游部在全球开展“你好!中国”国家旅游形象推广活动后,由中国驻洛杉矶旅游办事处和美国旅游批发商协会共同推出的旅游新产品,意在让美国游客亲身体验一个“科技领先、安全开放、健康靓丽”的中国。
随团出发的美国游客拜伦和未婚妻是第一次前往中国旅行。拜伦表示,美中两国文化差异巨大,只有亲眼目睹、亲身体验中国文化,才能真正了解中国。另一名随团游客凯蒂表示,她是第二次去中国旅游,“中国这么大,这么美,去一次哪里够!”
此次“大湾区暨澳门主题游”旅游产品上线正值中国进一步优化过境免签政策之际。自2024年11月起,中国将过境免签停留时间从144小时延长至240小时,并延伸适用口岸及活动区域,为国际旅客提供了更灵活的行程安排空间。据悉,此次“大湾区暨澳门主题游”产品上线后,中国国航将联合旅行社持续开发“240小时过境免签”系列线路,进一步激活跨境旅游消费潜力。(完)
图说:2月16日,参加“你好!中国——大湾区暨澳门主题游”首发团的美国游客在洛杉矶国际机场合影。新华社发(曾慧摄)