Connect with us

North America

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်တွင် ဆိုးရွားသည့် ရာသီဥတုကြောင့် လူ ၁၁ ဦးအထိ သေဆုံး

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ် ပြည်နယ်မြို့တော် ဖရန့်ဖော့တွင် ရေဝပ်နေသောနေရာကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချီကာဂို၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်၌ ဖေဖော်ဝါရီ ၁၅ ရက်က မိုးသက်မုန်တိုင်းစသည့် ဆိုးရွားသည့်ရာသီဥတုကြောင့် ရေကြီးရေလျှံခြင်း ဖြစ်ပေါ်ကာ လူ ၁၁ ဦးအထိ သေဆုံးခဲ့ကြောင်း ၎င်းပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကန်တက်ကီပြည်နယ် ဒေသအသီးသီးတွင် ရေဝပ်လျက်ရှိရာ လမ်းမ ၃၀၀ ကျော်ကို သက်ရောက်မှုရှိကြောင်း၊ ယခုသီတင်းပတ်ပြီးနောက် ၎င်းပြည်နယ်တွင် ဆီးနှင်းများကျမည်ဖြစ်ပြီး ကပ်ဘေးအခြေအနေမှာ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း Beshear က အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြင်းထန်သောရာသီဥတုဖြစ်ပေါ်မှုကြောင့် အိမ်ထောင်စု ၄၀,၀၀၀ နီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ရကြောင်း Beshear က ဖေဖော်ဝါရီ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းအထိ ကန်တက်ကီပြည်နယ်တွင် အိမ်ထောင်စု ၁၄,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်လျက်ရှိပြီး အများပြည်သူသုံး ဝန်ဆောင်မှုစင်တာ ၁၇,၀၀၀ ကျော်တွင် ရေပြတ်တောက်လျက်ရှိကြောင်း PowerOutage.us ဝက်ဘ်ဆိုက်၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။ Beshear က မိုးသက်မုန်တိုင်း မကျရောက်မီ ကန်တက်ကီပြည်နယ်ကို အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသမှ အနောက်ဗာဂျီးနီးယားပြည်နယ်အထိမှာ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်း၌ ဆောင်းရာသီ လေပြင်းမုန်တိုင်းသတိပေးချက်အောက်တွင် ရှိနေကြောင်း၊ အမေရိကန်တွင် နောက်တစ်ကြိမ် ဆောင်းရာသီ လေပြင်းမုန်တိုင်း တိုက်ခတ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းတွင်မူ ကန်တက်ကီပြည်နယ်၌ ဆီးနှင်းများ ကျမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် လေပြင်းမုန်တိုင်းက တန်နက်ဆီပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် သို့ ရွေ့လျားသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။ (Xinhua)


………………………….
(Chinese Version)
美国肯塔基州恶劣天气引发洪水已致11人死亡
新华社芝加哥2月17日电(记者徐静)美国肯塔基州州长贝希尔17日说,该州自15日遭遇暴风雨等恶劣天气并引发洪水,已导致11人死亡。
贝希尔当天在记者会上说,肯塔基州各地仍有积水,300多条道路受到影响。由于本周后期该州将迎来降雪,可能令灾情复杂化。
贝希尔16日在记者会上说,恶劣天气造成近4万个家庭断电。美国电力跟踪网站数据显示,截至17日上午,肯塔基州仍有超过1.4万个家庭断电,逾1.7万个公用事业服务处断水。贝希尔在暴风雨来临前已提前宣布肯塔基州进入紧急状态。
美国国家气象局表示,美国中部平原至西弗吉尼亚州17日上午处于冬季风暴预警中。另一场冬季风暴将袭击美国,18日晚些时候将给肯塔基州带来降雪。风暴19日将移至田纳西州、弗吉尼亚州和北卡罗来纳州。(完)
图说:这是2月17日在美国肯塔基州州府法兰克福拍摄的积水区域。新华社发(汪长征摄)