Connect with us

Europe

မက်ခရွန်က ထရမ့်၊ ဇယ်လန်းစကီးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဖုန်းဖြင့်ဆက်သွယ်

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန် (အလယ်)၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့် (ယာဘက်)၊ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပြင်သစ်နိုင်ငံ အီလီဇီး နန်းတော်မှ ထွက်လာသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဥရောပနိုင်ငံများစွာမှ ခေါင်းဆောင်များနှင့် ယူကရိန်းအရေးကိစ္စ အရေးပေါ်အစည်းအဝေး ကျင်းပပြီးနောက် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်၊ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု မက်ခရွန်က ဖေဖော်ဝါရီ ၁၈ ရက် နံနက်ခင်းတွင် ပြောကြားခဲ့သည်။

“ဥရောပနိုင်ငံခေါင်းဆောင်အချို့နဲ့ တွေ့ဆုံပြီးနောက် ကျွန်တော် ခုနက သမ္မတ ထရမ့်နဲ့ သမ္မတ ဇယ်လန်းစကီး တို့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပါတယ်” ဟု မက်ခရွန်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

မက်ခရွန်က ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည့် အကြောင်းအရာကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့က “ယူကရိန်းမှာ အားကောင်းသော၊ ကြာရှည်သော ငြိမ်းချမ်းမှုကို ဖော်ဆောင်ရန် ရှာဖွေလျက်ရှိ” ကြောင်း၊ အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် ရုရှားက ၎င်း၏စစ်ရေးလှုပ်ရှားမှုကို မဖြစ်မနေ ရပ်တန့်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် “ယူကရိန်းပြည်သူများအတွက် အားကောင်းသော၊ ယုံကြည်ရသော လုံခြုံရေးအာမခံချက် မဖြစ်မနေပေးရမယ်” ဟုလည်း ဆိုခဲ့သည်။

မက်ခရွန်က ဥရောပသည် ၎င်း၏လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကဏ္ဍများတွင် “ပိုမိုကောင်းမွန်သော၊ ပိုမိုများပြားသော အတူတကွရင်းနှီးမြှုပ်နှံမှုများ” ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ “ဥရောပပြည်သူတွေက မိမိရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ယှဉ်ပြိုင်မှုစွမ်းရည် လုပ်ငန်းစဉ်ကို အရှိန်မြှင့်ဖော်ဆောင်ဖို့ မျှော်လင့်ကြပါတယ်” ၊ “ယူကရိန်းအား ထောက်ခံအားပေးမှုနဲ့ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းအပိုင်းမှာ ကျွန်တော်တို့က ဥရောပကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားပါမယ်”၊ လာမည့်ရက်အနည်းငယ်အတွင်း ၎င်းက အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်သူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက်ခရွန်၏ အကြံပြုမှုဖြင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်၌ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီး ယူကရိန်းအခြေအနေနှင့် ဥရောပအုပ်စု လုံခြုံရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထိုနေ့အရေးပေါ်အစည်းအဝေး မစတင်မီ မက်ခရွန်သည် ထရမ့်နှင့် အချိန် မိနစ် ၂၀ ခန့်ကြာ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်ဟု ပြင်သစ်သမ္မတအိမ်တော်မှ ထုတ်ပြန်သည့်သတင်းအရ သိရသည်။ (Xinhua)

……………………………
(Chinese Version)
马克龙先后同特朗普和泽连斯基通话
新华社巴黎2月18日电 法国总统马克龙18日凌晨说,在欧洲多国领导人举行乌克兰问题紧急会议后,他先后同美国总统特朗普和乌克兰总统泽连斯基通电话。
马克龙在社交媒体上发文写道:“在同几位欧洲领导人会面后,我刚刚与特朗普总统和泽连斯基总统通电话。”
马克龙没有透露通话内容,但表示,他们“寻求在乌克兰实现有力、持久和平”。为实现这一目标,俄罗斯必须结束其军事行动,同时“必须为乌克兰人提供有力、可信的安全保障”。
马克龙称,欧洲必须在其安全和防务方面进行“更好、更多的共同投资”。“欧洲人希望加快落实自己的主权、安全和竞争力议程。”“在支持乌克兰以及加强和投资我们的防务方面,我们将根据欧盟委员会的建议继续开展工作。”未来几天,他将就此同相关方面继续展开讨论。
在马克龙的提议下,欧洲多国领导人17日在法国首都巴黎举行紧急会议,商讨乌克兰局势和欧洲集体安全等议题。另据法国总统府发布的消息,马克龙当天在紧急会议开始前与特朗普进行了电话交谈,通话持续了大约20分钟。(完)
图说:2024年12月7日,法国总统马克龙(中)与美国当选总统特朗普(右)和乌克兰总统泽连斯基会晤后走出爱丽舍宫。新华社发(亨利·施瓦茨摄)