China
ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက တွေ့မြင်လိုသည်ဟု တရုတ်ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်-ရုရှား ရရှိထားသော ငြိမ်းချမ်းရေးဆွေးနွေးမှုစတင်ရန်နှင့်စပ်လျဉ်းသည့် သဘောတူညီချက်အပါအဝင် ယူကရိန်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက တွေ့မြင်လိုကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၁၇ ရက် လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေး စိစစ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၁၀ နှစ်က ယူကရိန်းအရေး သက်ဆိုင်သူများ ဆွေးနွေးမှုမှတစ်ဆင့် မင့်ခ်စ် သဘောတူညီချက်အသစ် ရရှိခဲ့ပြီး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၂၂၀၂ ကို တစ်ပြေးညီ အတည်ပြုပြီး စိစစ်ခွင့်ပြုခဲ့ကြောင်း၊ ယင်းမှာ ဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုနှင့် အငြင်းပွားမှုကို ဖြေရှင်းခြင်း၏ မှန်ကန်သော ဦးတည်ချက်ကို ကိုယ်စားပြုကြောင်း ဖုချုံးက အမှာစကားတွင် ပြောကြားခဲ့သည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ သဘောတူညီချက် ရရှိပြီးနောက် အကြောင်းအရာအများစုကို ဘက်စုံ၊ ထိရောက်စွာ ဖော်ဆောင်မှု မရှိခဲ့ကြောင်း၊ မူလက တင်းမာမှုများ တစ်ဆင့်ချင်း ပြေလျော့လာသင့်သည့် အခြေအနေမှာ ပို၍ပင် ဆိုးရွားလာပြီး အကျပ်အတည်း ဘက်စုံ အရှိန်အဟုန်မြင့်မားသည့် အခြေအနေဖြစ်လာကာ ပိုမိုကြီးမားကျယ်ပြန့်သော ပဋိပက္ခများက ယနေ့တိုင်ဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့ အငြင်းပွားမှုနှင့် ပဋိပက္ခများအပေါ် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ သတ်မှတ်ချက်များအရ တွေ့ဆုံညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ်နိုင်ငံက အစဉ်တစိုက် အဆိုပြုခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခတွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှာ ဤအကျပ်အတည်းကို ဖန်တီးသူမဟုတ်သလို သက်ဆိုင်သူပို၍ပင်မဟုတ်ကြောင်း၊ သို့သော် တရုတ်ဘက်က စစ်မီးကို တစ်ဖက်ကမ်းမှာ လက်ပိုက်ကြည့်မနေသလို အခွင့်ယူပြီး အကျိုးစီးပွား ပို၍ပင် မရှာကြောင်း၊ အကျပ်အတည်း ပေါက်ကွဲဖြစ်ပွားပြီး ကနဦးတွင် တွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြရန် တရုတ်နိုင်ငံက တိုက်တွန်းခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က “လုပ်ဆောင်သင့်သော အကြောင်းအရာ ၄ ရပ်” ကို အဆိုပြုခဲ့ရာ နိုင်ငံသီးသီး၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားသင့်မှု၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို လေးစားလိုက်နာသင့်မှု၊ ဘက်ပေါင်းစုံ၏ လျော်ကန်သော လုံခြုံရေးစိုးရိမ်မှုများကို အလေးထားသင့်မှု၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအားလုံးကို အားပေးထောက်ခံသင့်မှုအား အလေးထားပြောကြားခဲ့ကြောင်း၊ ယင်းမှာ ယူကရိန်းအရေး၌ တရုတ်နိုင်ငံ၏ အခြေခံမူ ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သံတမန်ရေး ကြားဝင်ညှိနှိုင်းပေးမှုများ တက်ကြွစွာ ဆောင်ရွက်ခဲ့ရာ ရုရှား၊ ယူကရိန်း အပါအဝင် သက်ဆိုင်ဘက်ပေါင်းစုံနှင့် ထိတွေ့မှုများ ထားရှိကြောင်း၊ အပစ်ရပ်၍ စစ်ပွဲရပ်တန့်ပြီး နိုင်ငံရေးအရ ဖြေရှင်းမှုတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် တရုတ်နိုင်ငံက ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ မူဘောင်အောက်တွင် ယူကရိန်းအရေးနှင့်စပ်လျဉ်းသည့် စိစစ်ဆွေးနွေးမှုများ၌ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံက ဘရာဇီး စသည့် နိုင်ငံများနှင့်အတူ “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအစုအဝေး၏ ဉာဏ်ပညာကို စုစည်းခဲ့ရာ ငြိမ်းချမ်းရေးကို ထောက်ပံ့တွန်းအားပေးသည့် အရေးကြီးအင်အား ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အဆိုပြုမှုသည် ဓမ္မဓိဋ္ဌာန်ကျမှု၊ တရားမျှတမှု၊ တရားနည်းလမ်းကျမှု၊ လက်တွေ့ကျမှုရှိပြီး နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော ဘုံသဘောထားအမြင်အား ထင်ဟပ်သည်ကို အခြေအနေတိုးတက်မှုများက သက်သေပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ရှိ ယူကရိန်းအရေးသည် ဆွေးနွေးမှုဖြင့် ဖြေရှင်းရမည့် အချက်အချာကျသော အချိန်အခါကို ရောက်ရှိလာတော့မည် ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ အမေရိကန်-ရုရှား ရရှိထားသော ငြိမ်းချမ်းရေးဆွေးနွေးမှုစတင်ရန်နှင့်စပ်လျဉ်းသည့် သဘောတူညီချက်အပါအဝင် ယူကရိန်း ငြိမ်းချမ်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက တွေ့မြင်လိုကြောင်း၊ တစ်ချိန်တည်းတွင်ပင် သက်ဆိုင်သူနှင့် အကျိုးစီးပွားပတ်သက်သူများအားလုံး ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်လာပြီး တရားမျှတသော၊ ရေရှည်ဖြစ်သော၊ အထိန်းအကွပ်အားရှိသော၊ သက်ဆိုင်သူအားလုံးက လက်ခံနိုင်သော ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ စစ်ပွဲသည် ဥရောပတိုက်၌ ဖြစ်ရာ ဥရောပအနေဖြင့် ငြိမ်းချမ်းရေးအခန်းကဏ္ဍမှ ပို၍ပါဝင်ရမည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံက အကျပ်အတည်း၏ အရင်းအမြစ်ပြဿနာကို ဆွေးနွေးခြင်းဖြင့် အတူတကွ ဖြေရှင်းကာ မျှတသော၊ ထိရောက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးမူဘောင်ကို ရှာဖွေလျက် ဥရောပ၏ ရေရည်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ကြရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
中国代表:中方乐见一切致力于乌克兰和平的努力
新华社联合国2月17日电 中国常驻联合国代表傅聪17日在安理会审议乌克兰问题时表示,中方乐见一切致力于乌克兰和平的努力,包括美俄达成的关于启动和谈的共识。
傅聪在发言中表示,10年前,乌克兰问题当事方通过谈判达成了新明斯克协议,安理会一致通过第2202号决议予以核可,代表了通过对话谈判解决分歧和争端的正确方向。遗憾的是,协议达成后,大部分条款未能得到全面、有效执行,本该逐步降温的局势反而愈演愈烈,进而导致危机全面升级,酿成更大规模的冲突,持续延宕至今。
傅聪说,对于世界上的争端和冲突,中国一贯主张根据联合国宪章规定通过对话协商,以和平方式解决。在俄乌冲突问题上也一样。中国不是这场危机的制造者,更不是当事方,但中方没有隔岸观火,更没有借机牟利。从危机爆发之初,中方就呼吁对话协商政治解决。习近平主席提出“四个应该”,强调各国主权和领土完整应得到尊重,联合国宪章宗旨和原则应得到遵守,各方合理安全关切应得到重视,一切致力于和平的努力应得到支持,这是中方在乌克兰问题上的根本遵循。中方积极开展外交斡旋,同包括俄罗斯、乌克兰在内的有关各方保持接触。中方深入参与联合国和安理会框架下关于乌克兰问题的审议,为推动停火止战、政治解决发挥建设性作用。中方还同巴西等国发起“和平之友”小组,汇聚全球南方国家集体智慧,形成支持和推动和平的重要力量。形势发展证明,中方的主张客观、公正、理性、务实,与国际社会的广泛共识是高度一致的。
傅聪表示,当前,乌克兰问题即将迎来谈判解决的关键时刻。中方乐见一切致力于和平的努力,包括美俄达成的关于启动和谈的共识。同时中方也期待所有当事方和利益攸关方都能参与到和谈进程中来,达成公平、持久、有约束力、所有当事方都接受的和平协议。战事发生在欧洲大地,欧洲有必要为和平发挥作用。中方希望各方通过谈判共同解决危机的根源性问题,找到均衡、有效、可持续的安全框架,实现欧洲大陆的长治久安。(完)
1. 2月3日,在位于纽约的联合国总部,中国常驻联合国代表傅聪(后中)在记者会上发言。