Asia
ရုရှားနှင့် တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူညီချက် ၄ ရပ် ရရှိဟု အမေရိကန် ဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များသည် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်တွင် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အမေရိကန်နှင့် ရုရှားတို့သည် နှစ်နိုင်ငံအကြား “လက်ပူမိနေသည့် ပြဿနာ” ဖြေရှင်းရန်နှင့် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် စသည်တို့နှင့် စပ်လျဉ်း၍ သဘောတူညီချက် ၄ ရပ် ရရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ဆုံဆွေးနွေးပွဲအပြီးထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ကြေညာချက်တွင် ပထမဦးဆုံး နှစ်ဖက်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှု ယန္တရား တည်ဆောက်ပြီး နှစ်ဖက်ဆက်ဆံရေးအတွင်း လက်ပူမိနေသည့် ပြဿနာများကို ဖြေရှင်းရန် သဘောတူညီခဲ့ကြကြောင်း၊ ယင်းရည်ရွယ်ချက်မှာ နှစ်နိုင်ငံ သံတမန်အဖွဲ့များ၏ လည်ပတ်လှုပ်ရှားမှုများ ပုံမှန်အသွင် ဖြစ်စေရန် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဒုတိယအနေဖြင့် ရေရှည်၊ စဉ်ဆက်မပြတ် ဖြစ်ပြီး ဘက်ပေါင်းစုံလက်ခံနိုင်သည့် နည်းလမ်းဖြင့် ယူကရိန်း ပဋိပက္ခကို ဆောလျင်စွာ အဆုံးသတ်ရေး အားထားကြိုးပမ်းဆောင်ရွက်ရေးအတွက် အဆင့်မြင့်အဖွဲ့များ ကိုယ်စီ စေလွှတ်ရန် နှစ်ဖက် သဘောတူညီခဲ့ကြကြောင်း၊ တတိယအနေဖြင့် အနာဂတ်တွင် ဘုံပထဝီနိုင်ငံရေး အကျိုးစီးပွား ပြဿနာ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်များအတွက် အခြေခံ အုတ်မြစ်ချပေးရန် နှစ်ဖက် သဘောတူညီခဲ့ကြရာ ယင်းပူးပေါင်းဆောင်ရွက်မှုများမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်မှုနှင့်အတူ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ စတုတ္ထအနေဖြင့် အချိန်မီ၊ အောင်မြင်ထိရောက်မှုမြင့်မားသော နည်းလမ်းဖြင့် ဆွေးနွေးမှုဖြစ်စဉ်ကို တွန်းအားပေးရေးအား အာမခံနိုင်ရန်အတွက် ယင်းနေ့ ဆွေးနွေးပွဲတက်ရောက်သူများက ထိတွေ့ဆက်ဆံမှုများ ထိန်းသိမ်းထားရှိမည် ဟု ကတိပြုခဲ့ကြကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
美说与俄会谈达成四点共识
新华社华盛顿2月18日电(记者邓仙来)美国和俄罗斯代表团18日在沙特阿拉伯首都利雅得举行会谈。美国国务院于会谈结束后发表声明说,美俄就解决两国间“棘手问题”和结束俄乌冲突等达成四点共识。
声明说,首先,双方同意建立磋商机制,解决双边关系中的棘手问题,其目标是采取必要措施,使两国外交使团的运作正常化。其次,双方同意任命各自的高级团队,着手努力以持久、可持续且为各方接受的方式尽快结束乌克兰冲突。第三,双方同意为未来在共同地缘政治利益问题及经济和投资机会方面的合作奠定基础,这些合作将随着俄乌冲突结束而出现。第四,当天与会团队承诺将保持接触,确保以及时和富有成效的方式推进谈判进程。(完)
1. 这是2月18日拍摄的沙特首都利雅得美俄官员会谈现场。(新华社/沙通社)