Connect with us

Europe

ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်ခြင်းမူဝါဒ အန္တရာယ်ကို မည်သို့တုံ့ပြန်မည်နည်း

ပြင်သစ်နိုင်ငံ စထရက်စ်ဘာ့ဂ်မြို့တွင် ကျင်းပသော ဥရောပပါလီမန်အစည်းအဝေး၌ Ursula von der Leyen (ဝဲဘက်) ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဖြစ်ပွားလုနီးပါးဖြစ်သော အမေရိကန်- ဥရောပ ကုန်သွယ်ရေးစစ်ပွဲကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဥရောပကော်မရှင် ကုန်သွယ်ရေးနှင့် စီးပွားရေး၊ လုံခြုံရေး စသည့် အရေးကိစ္စများဆိုင်ရာ တာဝန်ခံ Maroš Šefčovič က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝါရှင်တန်မြို့သို့ သွားရောက်၍ အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိ ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်း ကမောက်ကမဖြစ်နေသည့် အခြေအနေတွင် အမေရိကန်၏ အကောက်ခွန်စည်းကြပ်ခြင်း အစီအမံသည် အီးယူ၏ တင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေနိုင်ကာ နဂိုကပင် လျော့ရဲလျက်ရှိသော ဥရောပစီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း၊ အီးယူသည် အမေရိကန်အပေါ် မဟာဗျူဟာများကို ပြန်လည်သုံးသပ်လျက်ရှိပြီး အသုံးပြုနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

အကောက်ခွန်စည်းကြပ်ခြင်းက စိုးရိမ်ပူပန်မှုကို ပို၍ဆိုးရွားစေ

အမေရိကန်အစိုးရက ကုန်သွယ်ရေးမိတ်ဖက်များအပေါ် “ညီမျှသော အကောက်ခွန်” စည်းကြပ်မည်ဟု မကြာသေးမီရက်က ကြေညာခဲ့ရာ ဥရောပကော်မရှင်က ၎င်းနှင့် ပတ်သက်၍ “ချက်ချင်း အခိုင်အမာ” ပြန်လည်တုံ့ပြန်ခဲ့သည်။ အီးယူသည် အမေရိကန်၏ အကြီးဆုံး စီးပွားရေးမိတ်ဖက်များအနက် တစ်ခုဖြစ်ပြီး နှစ်ဖက် နှစ်စဉ် ကုန်သွယ်မှု ပမာဏသည် ယူရို ၁.၅ ထရီလီယံရှိကြောင်း၊ အီးယူ၏ အဓိက စီးပွားရေးအစုအဖွဲ့သည် စီးပွားရေးတိုးတက်မှု အားနည်းခြင်း၊ စွမ်းအင်ကုန်ကျစရိတ်ကြီးမားခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ အကယ်၍ အမေရိကန်အနေဖြင့် ဥရောပကုန်ပစ္စည်းများအပေါ် အကောက်ခွန် တိုးမြှင့်စည်းကြပ်ပါက ဥရောပစီးပွားရေးအပေါ် သက်ရောက်မှုက အလွန်ကြီးမားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့သည်။
“ဥရောပစီးပွားရေး၏ မီးရထားခေါင်း” ဖြစ်သော ဂျာမနီ၏ စီးပွားရေးက ၂ နှစ်ဆက်တိုက် ကျဆင်းခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့်လတွင် ဂျာမနီအစိုးရသည် ၂၀၂၅ ခုနှစ်၏ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို ၁.၁ ရာခိုင်နှုန်းမှ ၀.၃ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်မှုအစီအမံက ဂျာမနီနိုင်ငံ တင်ပို့မှုကို ကျဆင်းစေနိုင်ပြီး ဂျာမနီစီးပွားရေးကို တစ်ဆင့်တိုး ရိုက်ခတ်နိုင်ကြောင်း သိရသည်။
ဂျာမနီ လုပ်ငန်းကျွမ်းကျင်သူများက အမေရိကန်အဆိုပြုသော “ညီမျှသော အကောက်ခွန်စည်းကြပ်မှု” အပေါ် ကျေနပ်မှုမရှိကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်အစိုးရက ၎င်းတင်သွင်းသော ခရီးသည်တင်ကားများအပေါ် အကောက်ခွန် ၂.၅ ရာခိုင်နှုန်းသာ စည်းကြပ်ပြီး အီးယူက ၁၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းအပေါ် ဝေဖန်ခဲ့သော်လည်း အမေရိကန်သည် ရောင်းအားကောင်းသော ပစ်ကပ်ကားများအပေါ် အကောက်ခွန်စည်းကြပ်မှုမှာ ၂၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ဂျာမနီ မော်တော်ကားလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ Hildegard Müller က ထောက်ပြခဲ့သည်။

ပြင်သစ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှုမှာ ၁.၁ ရာခိုင်နှုန်းရှိသော်လည်း ပြီးခဲ့သည့်နှစ် စတုတ္တ သုံးလပတ်မှာ ယခင်ကာလ သုံးခုနှင့် နှိုင်းယှဉ်လျှင် ကျုံ့သွားခဲ့သည်။ လက်ရှိတွင် ပြင်သစ်အစိုးရသည် မြင့်မားသော ပြည်သူ့ကြွေးမြီများနှင့် ဘဏ္ဍာရေးလိုငွေပြမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ပြင်သစ်နိုင်ငံ၏ မော်တော်ကား၊ ဆေးဝါးထုတ်လုပ်မှု၊ စပျစ်ဝိုင်စသည့် လုပ်ငန်းများ၏ ကုမ္ပဏီများက အမေရိကန်၏ အကောက်ခွန်စည်းကြပ်မှုက အမေရိကန်ဈေးကွက်သို့ ၎င်းတို့ တင်ပို့မှုကို လျော့နည်းစေနိုင်မည်ဟု စိုးရိမ်ကြသည်။

အမေရိကန်၏ အကောက်ခွန်စည်းကြပ်ခြင်း အစီအမံက ဥရောပစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် လူအများ၏ စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။ မကြာသေးမီနှစ်များတွင် စွမ်းအင်ကုန်ကျစရိတ်မြင့်မားမှုနှင့် စားသုံးသူဝယ်လိုအား လျော့နည်းမှုကြောင့် ဥရောပစက်မှုလုပ်ငန်းက အကျပ်အတည်းထဲ ရောက်ရှိခဲ့ပြီး အမေရိကန်-အီးယူ ကုန်သွယ်ရေးစစ်ပွဲက ဥရောပစက်မှုလုပ်ငန်း ရင်ဆိုင်နေရသော အန္တရာယ်များကို ပိုမိုဆိုးရွားစေနိုင်သည်။ အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်ခြင်းက “ဥရောပစက်မှုလုပ်ငန်းကို ရေရှည် မှေးမှိန်” စေမည်ဟု Internationale Nederlanden Group (ING) ၏ စီးပွားရေးပညာရှင် Bert Colijn က ယူဆသည်။

ပြီးခဲ့သည့်နှစ် နွေရာသီမှစ၍ ဥရောပဗဟိုဘဏ်က ဒေသတွင်းစီးပွားရေးကို မြှင့်တင်ရန်အတွက် အတိုးနှုန်းကို ဆက်တိုက် တစ်ဆင့်ချင်း လျှော့ချခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲက ယူရိုဇုန်အတွင်း ငွေကြေးဖောင်းပွမှုကို ထပ်မံမြင့်တက်စေပြီး ဥရောပဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချမှုအရှိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အမေရိကန်အစိုးရ စီစဉ်ထားသော အကောက်ခွန်စည်းကြပ်ခြင်းသည် “ကမ္ဘာလုံးဆိုင်ရာ အပျက်သဘောဆောင်သော သက်ရောက်မှုများ” ဖြစ်ပေါ်စေမည်ဟု ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌ Christine Lagarde က ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုတွင် အရန်အစီအစဉ်များထားရှိ

ပြီးခဲ့သည့် သီတင်းပတ်တွင် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှ ကုန်သွယ်ရေးဆိုင်ရာ တာဝန်ရှိဝန်ကြီးများ ဗီဒီယိုအစည်းအဝေးပြုလုပ်ကာ အမေရိကန်၏ အကောက်ခွန်စည်းကြပ်ခြင်းအစီအမံကို တုံ့ပြန်ရန် ဆွေးနွေးခဲ့ကြသည်။ စေ့စပ်ညှိနှိုင်းမှုသည် အကောင်းဆုံးရွေးချယ်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုဖြင့် အမေရိကန်အကောက်ခွန်စည်းကြပ်ခြင်းအစီအမံ တရားဝင်မဖော်ဆောင်မီ “စစ်ပွဲရပ်တန့်ခြင်း” သဘောတူညီမှု ရရှိနိုင်ကြောင်း၊ တစ်ချိန်တည်းမှာပင် အီးယူအနေဖြင့် စည်းလုံးညီညွတ်ပြီး တစ်သားတည်းဖြစ်သော ရပ်တည်ချက်ကို ဖော်ပြသင့်ကြောင်း ယေဘုယျအားဖြင့် ၎င်းတို့ ယူဆကြသည်။

အီးယူအနေဖြင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းရန် အချိန်မရွေး အဆင့်သင့်ဖြစ်ကာ ဖြစ်နိုင်ခြေရှိသော အခြေအနေတွင် ဖြေရှင်းနည်းလမ်းများကို ရှာဖွေမည်ဖြစ်ကြောင်း Maroš Šefčovič က ပြောကြားခဲ့သည်။ အီးယူအနေဖြင့် ကုန်သွယ်ရေးလိုငွေပြမှု၊ မော်တော်ကား၊ ပဲပိစပ်၊ သဘာဝဓာတ်ငွေ့ရည်စသည့် စေ့စပ်ညှိနှိုင်းရေးစားပွဲ၌ ဖြေရှင်းနိုင်သော ကိစ္စရပ်အားလုံးကို အမေရိကန်နှင့် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း ယင်းမတိုင်မီ မြူးနစ်လုံခြုံရေးဆွေးနွေးပွဲတွင် ၎င်းက ထောက်ပြခဲ့သည်။

အီးယူအနေဖြင့် အမေရိကန်၏ ကုန်သွယ်ရေးပိုငွေလျှော့ချခြင်းဖြင့် ဖျက်ဆီးမှုရှိသော ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားရန် မျှော်လင့်ထားရာ အမေရိကန်နိုင်ငံ၌ ဝယ်လိုအားတိုးမြှင့်ခြင်းသည် အခြေခံအားဖြင့် ရိုးရှင်းပြီး လွယ်ကူစွာလုပ်ဆောင်နိုင်သည့် နည်းလမ်းများအနက် တစ်ခုဖြစ်သည်။ ယင်းမတိုင်မီ ဥရောပကော်မရှင်ဥက္ကဋ္ဌ von der Leyen က အမေရိကန်နိုင်ငံမှ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှု တိုးချဲ့ခြင်းကို လုပ်ဆောင်နိုင်သော ကုန်သွယ်ရေးမူဝါဒအဖြစ် ရှုမြင်ခဲ့သည်။ အီးယူသည် အမေရိကန်နိုင်ငံမှ ပိုမိုများပြားသော စိုက်ပျိုးရေးထွက်ကုန်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း တင်သွင်းရန် စဉ်းစားထားပြီး အမေရိကန် မော်တော်ကားတင်သွင်းမှု အကောက်ခွန်ကို ထိုစဉ်က ၁၀ ရာခိုင်နှုန်းမှ အမေရိကန်နိုင်ငံနှင့် တန်းတူဖြစ်သော ၂.၅ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်သည်။

ထို့အပြင် အီးယူသည် အမေရိကန်၏ တစ်ဖက်သက် ဖိအားပေးမှုကို ဖြေရှင်းရန် အခြားသော စီးပွားရေး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းအောင် ဆောင်ရွက်လျက်ရှိသည်။ အမေရိကန် ကုန်သွယ်ရေးမူဝါဒ၏ မသေချာမရေရာမှုကို တုံ့ပြန်နိုင်ရန်နှင့် ဗဟုအသွင် ကုန်သွယ်မှု ဆက်ဆံရေး ဖော်ဆောင်ရန်အတွက် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာတွင် အဖွဲ့ဝင်နိုင်ငံအချို့က ကန့်ကွက်သော်ငြားလည်း အီးယူသည် တောင်အမေရိက ဘုံဈေးကွက် (MERCOSUR) နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို ရရှိခဲ့သည်။ ယခုလတွင် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုး ဘရပ်ဆဲလ်သို့ အလည်အပတ်ရောက်ရှိစဉ်တွင် နှစ်ဖက်အနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကူးလူးဖလှယ်ရန် သဘောတူခဲ့ကြသည်။

သို့သော် စေ့စပ်ညှိနှိုင်းမှုမအောင်မြင်ပါက အီးယူက တန်ပြန်စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်း၊ အကျပ်ကိုင်မှု ဆန့်ကျင်ရေး နည်းလမ်းများ အသုံးပြုခြင်း၊ အမေရိကန် နည်းပညာကုမ္ပဏီကြီးများကို ပိုမိုတင်းကျပ်စွာ ကြီးကြပ်ခြင်းစသည့် အစီအမံများဖြင့် တန်ပြန်အရေးယူနိုင်သည်။

တန်ပြန်အရေးယူမှုစာရင်း အဆင်သင့်ဖြစ်

အီးယူ၏ တန်ပြန်အရေးယူမှုစာရင်းသည် ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်နှင့် ဥရောပပါလီမန် သတင်းအရင်းအမြစ်၏ ထုတ်ဖော်ချက်အရ သိရသည်။

အမေရိကန်ကို ချက်ချင်း တန်ပြန်အရေးယူနိုင်ကြောင်း၊ အကောက်ခွန်နှုန်းသည် နှစ်ဆ ဖြစ်သွားနိုင်ကြောင်း၊ မော်တော်ဆိုင်ကယ်၊ ဂျင်းဘောင်းဘီ၊ မြေပဲယို၊ ဝီစကီနှင့် အမေရိကန် တင်ပို့ရောင်းချသူများကို ထိခိုက်စေနိုင်သည့် ထုတ်ကုန်များအားလုံးသည် ပစ်မှတ်ဖြစ်သွားမည်ဖြစ်ကြောင်း၊ ရီပက်ဘလစ်ကန်ပါတီ ထောက်ခံသူများပြားသော ပြည်နယ်များ၏ ကုန်ပစ္စည်းများနှင့် သမားရိုးကျ အမေရိကန်နိုင်ငံ၏ တင်ပို့အားကောင်းသည့် ကုန်ပစ္စည်းများကို “အထူး ဂရုစိုက်ပေး” မည်ဖြစ်ကြောင်း ဥရောပပါလီမန် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Bernd Lange က သတိပေး ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် အီးယူဘက်က အမေရိကန်၏ “ညီမျှသော အကောက်ခွန်” ကို တုံ့ပြန်သည့်အနေဖြင့် တားမြစ်ထားသော ပိုးသတ်ဆေးများအသုံးပြုထားသည့် ပဲပိစပ်စသည့် စိုက်ပျိုးရေးထုတ်ကုန်များ၏ တင်သွင်းမှုအား ကန့်သတ်ခြင်းအပါအဝင် ပိုမိုတင်းကျပ်သော သွင်းကုန် ကန့်သတ်ချက်များကို လေ့လာမည်ဖြစ်ပြီး ဥရောပကော်မရှင် အရာရှိက ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရားဝင်အကျုံးဝင်ထားသည့် အီးယူတန်ပြန်အရေးယူမှု အစီအမံများအရ အီးယူသည် စီးပွားရေးဖိအားဖြင့် အဖွဲ့ဝင်နိုင်ငံများအား အတင်းအကျပ် မူဝါဒပြောင်းလဲရန် ကြိုးပမ်းနေသည့် တတိယနိုင်ငံကို လက်တုံ့ပြန်အရေးယူမည်ဖြစ်သည်။ အဆိုပါအစီအမံများသည် ကျယ်ပြန့်သော တန်ပြန်အရေးယူမှု ရွေးချယ်ချက်များကို ပေးထားကာ အီးယူအနေဖြင့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်တိုးမြှင့် စည်းကြပ်နိုင်သည်သာမက တတိယနိုင်ငံမှ ကုမ္ပဏီများကိုလည်း ပြည်သူ့ဝယ်ယူမှုစီမံကိန်းများတွင် ပါဝင်ခွင့်ကို ကန့်သတ်နိုင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်များ ချမှတ်နိုင်သည်။

အမေရိကန်သည် အီးယူ၏ ကုန်ပစ္စည်း ကုန်သွယ်မှုကဏ္ဍတွင် လိုငွေပြမှုများရှိနေသော်လည်း ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင် ပိုငွေရှိနေသည်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးအများအပြား ဥပမာ အမေဇုံ၊ မိုက်ခရိုဆော့ဖ် စသည်တို့သည် အီးယူဈေးကွက်ကို မှီခိုနေရသည်။ တန်ပြန်အရေးယူမှုဖြင့် အီးယူသည် အမေရိကန်ကုမ္ပဏီများ၏ ဥရောပစျေးကွက်ရှိ ဉာဏပိုင်ဆိုင်ခွင့် ကာကွယ်ပေးမှုကို အားနည်းစေနိုင်သည့်အပြင် အမေရိကန်နည်းပညာကုမ္ပဏီများ၏ ဥရောပရှိ စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်စီမံမှုနည်းလမ်းဖြင့် ကန့်သတ်နိုင်သည်။

လက်ရှိတွင် အီးယူသည် “ဒစ်ဂျစ်တယ်ဈေးကွက် ဥပဒေမူကြမ်း” နှင့် “ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဥပဒေမူကြမ်း” အရ Apple ၊ Alphabet Inc ၊ X ပလက်ဖောင်းနှင့် Meta ပလက်ဖောင်းကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် အီးယူသည် “ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်” ကို ပြန်လည်တွန်းအားပေးနိုင်ပြီး အမေရိကန် နည်းပညာကုမ္ပဏီများက ပေးအပ်သော အွန်လိုင်းကြော်ငြာများ၊ ဒေတာရောင်းချမှု စသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအပေါ် အခွန် စည်းကြပ်မည်ဖြစ်သည်။ (Xinhua)

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အီးယူထိပ်သီးအစည်းအဝေးမတိုင်မီ မေးမြန်းမှုကို လက်ခံဖြေကြားနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………….
(Chinese Version)
国际观察|欧盟如何应对美关税政策风险
新华社布鲁塞尔2月18日电 新华社记者康逸 单玮怡
据媒体报道,欧盟委员会负责贸易和经济安全等事务的委员马罗什·谢夫乔维奇17日前往华盛顿与美方展开会谈,以应对一触即发的美欧贸易战。观察人士表示,在当前全球地缘政治和经济格局动荡的背景下,美国的关税措施可能会抑制欧盟出口和投资,对本已低迷的欧盟经济造成打击。欧盟正重新评估对美战略,动用一切可用工具来维护自身经济利益。
关税加剧担忧
美国政府日前宣布将对贸易伙伴征收“对等关税”,欧委会对此表示欧盟将“立即且坚决地”作出回应。分析人士指出,欧盟是美国最大的经济伙伴之一,双边年贸易额超过1.5万亿欧元。欧盟主要经济体正遭遇经济增长乏力、能源成本高企等挑战,美国若提高对欧洲商品的关税,欧洲经济受到的影响可能相当大。
“欧洲经济火车头”德国的经济已经连续两年衰退。上月,德国政府将2025年经济增长预期从1.1%下调至0.3%。美国的关税措施可能导致德国出口下降,进一步冲击德国经济。
德国行业人士对美国提出的所谓“对等关税”表示不满。德国汽车工业协会主席希尔德加德·穆勒指出,美国政府批评欧盟对进口乘用车征收10%的关税,而美国仅征收2.5%的关税,但美国对最畅销的皮卡汽车征收的进口关税高达25%。
法国2024年经济增长1.1%,但去年四季度环比萎缩。目前法国政府正努力控制高企的公共债务和财政赤字。法国汽车、制药、葡萄酒等行业的企业担心,美国的关税措施可能会减少其对美国市场的出口。
美国的关税措施还引发人们对欧洲工业发展的担忧。近年来,由于能源成本高企和消费者需求疲软,欧洲工业已经陷入困境,而美欧贸易战可能加剧欧洲工业面临的风险。荷兰国际集团经济学家贝尔特·科莱恩认为,美国征收额外关税将“导致欧洲工业长期低迷”。
自去年夏天以来,欧洲央行一直在稳步降息,以提振地区经济。贸易战可能导致欧元区通胀率再度上升,打乱欧洲央行的降息节奏。欧洲央行行长拉加德此前警告,美国政府计划征收的关税“将对全球产生负面影响”。
谈判留有后手
上周,欧盟27个成员国负责贸易事务的部长召开视频会议,商讨应对美国关税的措施。他们普遍认为,谈判是最佳选择,可通过谈判在美国关税措施正式实施前达成“停战”协议,同时欧盟应展现团结一致的立场。
谢夫乔维奇表示,欧盟将继续致力于建设性对话,随时准备进行谈判,在可能的情况下找到解决方案。他此前在慕尼黑安全会议上指出,欧盟愿意就贸易逆差、汽车、大豆、液化天然气等一切可在谈判桌上解决的问题与美方展开讨论。
分析人士指出,欧盟希望通过削减对美贸易顺差来避免破坏性的贸易战,而增加在美国采购是其中一个相对简单易行的方法。此前,欧委会主席冯德莱恩就将扩大从美国进口液化天然气视为可采取的贸易策略。欧盟还考虑从美国进口更多农产品和军事装备,并将美国汽车的进口关税从当前的10%下调至与美国持平的2.5%。
此外,欧盟正通过强化与其他经济体的合作来化解来自美国的单边压力。去年12月,尽管遭到部分成员国反对,欧盟依然与南方共同市场达成自贸协定,以期对冲美国贸易政策的不确定性,实现贸易关系多元化。本月,加拿大总理特鲁多造访布鲁塞尔之际,双方同意加强贸易和投资往来。
不过,一旦谈判无果,欧盟就可能通过加征报复性关税、动用反胁迫工具,以及加强对美科技巨头的监管等措施进行反制。
反制清单已成
据欧委会和欧洲议会消息人士透露,欧盟的反制措施清单已经完成。
欧洲议会国际贸易委员会主席贝恩德·朗格警告称,可以立即对美反制,关税税率可能翻番,摩托车、牛仔裤、花生酱、威士忌以及一系列影响美国出口商的产品都将成为目标,并会“特别关照”共和党支持者较多的州的产品以及传统上美国出口强劲的产品。
欧委会官员透露,本周欧盟方面将研究更严格的进口限制,包括限制进口使用了欧盟禁用杀虫剂的大豆等农产品,以回应美方“对等关税”。
此外,根据2023年底正式生效的欧盟反胁迫工具,欧盟将对试图以经济压力胁迫成员国改变政策的第三国采取报复措施。该工具提供了更广泛的反制选项,欧盟不仅可对商品加征关税,还可限制第三国公司参与公共采购项目,或对服务贸易和投资设限。
美国对欧盟在货物贸易方面存在逆差,但在服务贸易方面存在顺差。许多美国科技巨头,如亚马逊、微软等都依赖欧盟市场。作为反制措施,欧盟可削弱对美国企业在欧盟市场的知识产权保护力度,还可通过监管手段限制美国科技公司在欧洲的业务。
目前,欧盟已根据《数字市场法案》和《数字服务法案》对苹果、“字母表”公司、X平台和元宇宙平台公司展开调查。另外,欧盟还可能重新推动“数字服务税”,对美国科技公司提供的在线广告、数据销售等数字服务征税。(完)
图说 1:2024年11月27日,在法国斯特拉斯堡,冯德莱恩(左)出席欧洲议会会议。新华社记者赵丁喆摄
图说 2:2024年12月19日,在比利时布鲁塞尔,德国总理朔尔茨在欧盟峰会前接受采访。新华社记者彭子洋摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.