Connect with us

Asia

မော်စကိုတိရစ္ဆာန်ဥယျာဉ်မှ ပန်ဒါဝက်ဝံကြီး “ကတ်ယုရှ” ကစားစရာအသစ်ရရှိ

ရုရှားနိုင်ငံ မော်စကိုတိရစ္ဆာန်ဥယျာဉ်တွင် ထိုင်ခုံပေါ်၌ ဆော့ကစားနေသော ပန်ဒါဝက်ဝံကြီး “ကတ်ယုရှ” ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုတိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံကြီး “ကတ်ယုရှ” သည် ဖေဖော်ဝါရီ ၁၈ ရက်က လက်ဆောင်အသစ်ဖြစ်သည့် ထိုင်ခုံနှင့် ကစားစရာ သစ်သားမြင်းကို လက်ခံရရှိခဲ့သည်။ အဆိုပါထူးခြားသော လက်ဆောင်များကြောင့် “ကတ်ယုရှ” က ဆော့ကစားရန် ပိုမိုများပြားသော ရွေးချယ်မှုများရှိလာသည်။ ထိုနေ့တွင် ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကိုယ်စားလှယ်၊ လက်ဆောင်ပေးသော တရုတ်ကုမ္ပဏီ ကိုယ်စားလှယ်နှင့် မော်စကို တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းများ၊ လာရောက်လည်ပတ်သူ မြို့သူမြို့သားများက အဆိုပါအခိုက်အတန့်ကို အတူသက်သေထူခဲ့ကြကြောင်း သိရသည်။ (Xinhua)

ရုရှားနိုင်ငံ မော်စကိုတိရစ္ဆာန်ဥယျာဉ်တွင် ထိုင်ခုံပေါ်၌ ဆော့ကစားနေသော ပန်ဒါဝက်ဝံကြီး “ကတ်ယုရှ” ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုတိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံကြီး “ကတ်ယုရှ” (ယာ) နှင့် မိခင်ဖြစ်သူ “တင်တင်” တို့အတူ အစာစားနေသည်ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုတိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံကြီး “ကတ်ယုရှ” (ယာ) နှင့် မိခင်ဖြစ်သူ “တင်တင်” တို့အတူ အစာစားနေသည်ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
莫斯科动物园大熊猫“喀秋莎”有了新玩具
新华社照片,莫斯科,2025年2月19日
俄罗斯莫斯科动物园大熊猫“喀秋莎”18日收到新礼物——椅子和木马玩具。这些特别的礼物为“喀秋莎”提供了更多娱乐选择。当天,中国驻俄罗斯大使馆代表、赠送礼物的中国企业代表与莫斯科动物园工作人员、市民游客共同见证了这一时刻。
图说1、2:2月18日,在俄罗斯莫斯科动物园,大熊猫“喀秋莎”在椅子上玩耍。新华社记者 白雪骐 摄
图说3、4:2月18日,在俄罗斯莫斯科动物园,大熊猫“喀秋莎”(右)和妈妈“丁丁”一起进食。