North America
အမေရိကန်သို့ တင်သွင်းလာသော မော်တော်ကားများအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်းခန့် စည်းကြပ်မည်ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
အမေရိကန်သို့ တင်သွင်းလာသော မော်တော်ကားများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းခန့် ကောက်ခံမည်ဖြစ်ပြီး ဤစည်းကြပ်ခွန်အစီအမံကို ဧပြီလ ၂ ရက်တွင် တရားဝင်ကြေညာမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဆေးဝါးနှင့် ချိ(ပ်)စသည့် ကုန်ပစ္စည်းများ၏ တင်သွင်းမှု စည်းကြပ်ခွန်ကိုလည်း ကနဦးအနေဖြင့် ၂၅ ရာခိုင်နှုန်းခန့် သတ်မှတ်ထားပြီး တစ်နှစ်အတွင်း “သိသိသာသာ တိုးမြှင့်” မည်ဟု ထရမ့်က အဆိုပါနေ့တွင် ဖလော်ရီဒါပြည်နယ် ပါမ်ကမ်းခြေရှိ မာအာလာဂိုစံအိမ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စည်းကြပ်ခွန်က ကုမ္ပဏီများအား အမေရိကန်သို့ ပြန်လာရန် တွန်းအားပေးမည်ဖြစ်ပြီး အကယ်၍ အမေရိကန်နိုင်ငံအတွင်း၌ စက်ရုံတည်ထောင်ပါက စည်းကြပ်ခွန်ရှိမည်မဟုတ်ဟု ထရမ့်က ပြောကြားခဲ့သည်။ တစ်ချို့သော ကုမ္ပဏီလုပ်ငန်းကြီးများက အမေရိကန်၏ စည်းကြပ်ခွန်၊ အကောက်ခွန်၊ အားပေးမှု အစီအမံကဏ္ဍ၏ စီးပွားရေးမူဝါဒများကြောင့် အဆိုပါ ကုမ္ပဏီလုပ်ငန်းများက “အမေရိကန်သို့ ပြန်လာရန် မျှော်လင့်” ကြောင်း ၎င်းထံ ပြောကြားခဲ့သည်ဟု ထရမ့်က ဆိုသည်။
ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာချက်လက်မှတ်ရေးထိုးကာ အမေရိကန်သို့ တင်သွင်းသော သံ၊ သံမဏိနှင့် လူမီနီယံအားလုံးအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံပြီး ကုန်သွယ်ရေးမိတ်ဖက်အချို့၏ သံ၊ လူမီနီယံ အခွန်ကင်းလွတ်ခွင့် ပမာဏနှင့် အခွန်ကင်းလွတ်ခွင့် မူဝါဒကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီ ၁၃ ရက်က စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်တစ်ဦးစီအပေါ် အပြန်အလှန် “ညီမျှသော စည်းကြပ်ခွန်” အတည်ပြုရန် တောင်းဆိုခဲ့သည်။
အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒသည် ဘက်ပေါင်းစုံ၏ ကန့်ကွက်မှုကိုခံခဲ့ပြီး ယင်းသည် စည်းမျဉ်းစည်းကမ်းများကို အခြေခံထားသော နိုင်ငံစုံ ကုန်သွယ်မှုယန္တရားအပေါ် ပြင်းထန်စွာ ချိုးဖောက်သလို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်အပေါ် ရိုက်ခတ်မှုများ၊ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခြင်းအပေါ် အဟန့်အတားများဖြစ်စေပြီး ဘက်ပေါင်းစုံ၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဟု နိုင်ငံအများအပြားမှ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များက ယူဆကြသည်။ (Xinhua)
…………………………………………….
(Chinese Version)
特朗普称将对进口汽车征收25%左右关税
新华社华盛顿2月18日电(记者熊茂伶)美国总统特朗普18日说,美国将对进口汽车征收25%左右的关税,他将于4月2日正式宣布这一关税措施。
特朗普当天在佛罗里达州棕榈滩的海湖庄园召开媒体发布会时称,针对药品和芯片等产品的进口关税也将初步定在25%左右,并将在一年内“大幅提高”。
特朗普称,关税将促使企业回到美国,如果在美国境内设厂,关税将是零。他说,一些大企业已经向他表示,由于美国在关税、税收、激励措施方面的经济政策,这些企业“希望回到美国”。
特朗普10日签署文件,宣布对所有美国进口钢铁和铝征收25%的关税,并取消对部分贸易伙伴的钢铝免税配额和豁免政策。他还于13日签署备忘录,要求相关部门确定与每个外国贸易伙伴的“对等关税”。
美国的关税政策招致各方反对,多国政商学界人士认为这将严重破坏以规则为基础的多边贸易体制,对全球供应链造成冲击,阻碍全球经济复苏,损害各方利益。(完)
图说:2月13日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄