Europe
ထရမ့်နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်း ပူတင် ဆို

မော်စကို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်က ၎င်းအနေဖြင့် အမေရိကန်သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် အလွန်ဆန္ဒရှိကြောင်း၊ သို့သော် ကြိုတင်အသင့်ပြင်ထားရမည်ဖြစ်ကြောင်း ၎င်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပူတင်သည် အဆိုပါနေ့တွင် စိန့်ပီတာစဘတ်ရှိ ဒရုန်းထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစဉ် ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သော ရုရှား- အမေရိကန် တွေ့ဆုံဆွေးနွေးပွဲကို အပြုသဘောဆောင်သော မှတ်ချက်များပေးခဲ့ကြောင်း ရုရှားမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် ရုရှား-အမေရိကန် ယုံကြည်မှု ပြန်လည်ရရှိရန် ရည်ရွယ်ပြီး နှစ်နိုင်ငံ ဘုံအာရုံစိုက်သော ကဏ္ဍအသီးသီးတွင် လုပ်ငန်းများပြန်လည်စတင်ရန် ပထမခြေလှမ်းဖြစ်ခဲ့သည်ဟု ၎င်းက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ရုရှားအနေဖြင့် စေ့စပ်ညှိနှိုင်းမှု စကားဝိုင်းတွင် ယူကရိန်းကိစ္စ ဆွေးနွေးရန် ဆန္ဒရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ ယင်းမတိုင်မီ ၎င်းနှင့် ထရမ့် ဖုန်းဖြင့်ဆက်သွယ်စဉ်တွင် ပြောကြားခဲ့သော အမေရိကန်၏ ရပ်တည်ချက်မှာ စေ့စပ်ညှိနှိုင်းမှုတွင် ရုရှား၊ ယူကရိန်းတို့ အာလုံးပါဝင်သော အခြေအနေတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး “မည်သူမျှ ယူကရိန်းအား ဖြစ်စဉ်တွင်းမှ ဖယ်ရှားထားမည်မဟုတ်” ကြောင်း၊ ဥရောပအနေဖြင့် ရုရှား-အမေရိကန် တွေ့ဆုံဆွေးနွေးမှုအပေါ် အပျက်သဘောဆောင်သော တုံ့ပြန်မှုပေးရန်မလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့တို့သည် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်တွင် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံ သံတမန်အဖွဲ့ ပုံမှန် ပြန်လည် လည်ပတ်ရေးနှင့် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး စသည်တို့တွင် သဘောတူညီမှုများရရှိခဲ့သည်။ အဆိုပါနေ့ ညပိုင်းတွင် ထရမ့်က ၎င်းနှင့် ပူတင် ဖေဖော်ဝါရီလကုန်တွင် “တွေ့ဆုံနိုင်” ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
普京:愿同特朗普会面
新华社莫斯科2月19日电(记者包诺敏)俄罗斯总统普京19日说,他非常愿意同美国总统特朗普会面,但会面前必须做好准备。
据俄罗斯媒体报道,普京当天参观圣彼得堡一家无人机制造厂,其间积极评价18日在沙特阿拉伯举行的俄美会谈。他在回答记者提问时说,此次会谈旨在恢复俄美信任,两国在恢复共同关心的各领域工作方面已迈出第一步。
普京说,俄罗斯愿坐上谈判桌讨论乌克兰问题。特朗普此前同他通话时告知的美方立场是,谈判将在俄乌双方均参与的情况下进行,“没有人将乌克兰排除在这一进程之外”。欧洲也无需对俄美会谈做出负面反应。
俄罗斯和美国代表团18日在沙特首都利雅得举行会谈,就恢复双方外交使团正常运作和结束俄乌冲突等达成共识。特朗普当天晚些时候说,他“可能”在2月底前同普京会面。(完)
图说:这是2019年6月28日在日本大阪拍摄的参加G20峰会的美国总统特朗普(右)和俄罗斯总统普京。新华社/美联