Connect with us

Europe

အမေရိကန် အထူးသံတမန်နှင့် တွေ့ဆုံမှုက “များစွာအကျိုးဖြစ်ထွန်းမှုရှိ” ဟု ဇယ်လန်းစကီး ဆို

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် သတင်းထောက်များ၏ မေးမြန်းမှုအား လက်ခံဖြေကြားနေသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်း၌ လူမှုကွန်ရက်ပေါ် ပို့စ်တင်ကာ ၎င်းသည် ယင်းနေ့တွင် ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံအစိုးရ၊ ယူကရိန်းနှင့် ရုရှားရေးရာ အထူးသံတမန် Keith Kellogg နှင့် စစ်မြေပြင်အခြေအနေ၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ အာမခံမှု စသည်တို့ကို အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့ပြီး ထိုတွေ့ဆုံမှုသည် “များစွာအကျိုးဖြစ်ထွန်းမှုရှိ” သည်ဟု ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းဘက်အနေဖြင့် ပဋိပက္ခ စတင်ပေါက်ကွဲဖြစ်ပွားသည့် ပထမဆုံးအခိုက်အတန့်တွင်ပင် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေး၏ ယုံကြည်အားကိုးရမှုနှင့် စဉ်ဆက်မပြတ်ဖြစ်မှုကို မဖြစ်မနေ အာမခံကာ ရုရှားဘက်က စစ်ပွဲအသစ် ထပ်မံမစတင်ရန် အာမခံရမည်ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် အမေရိကန်နှင့်အတူ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ “အင်အားကောင်းကာ အမှန်တကယ် အပြန်အလှန်အကျိုးဖြစ်ထွန်း” သော သဘောတူညီချက်ကို လက်မှတ်ရေးထိုးသွားရန် ဆန္ဒရှိကြောင်း၊ ယူကရိန်းဘက်က ယင်းအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို “အလျင်မြန်ဆုံး၊ အပြုသဘောအဆောင်ဆုံး” ဖော်ဆောင်သည့်နည်းလမ်းကို အဆိုပြုထားကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ထို့ပြင် Keith Kellogg သည် ယင်းနေ့တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Sybiha Andrii နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု Ukrinform သတင်းဌာန ဖော်ပြချက်အရ သိရသည်။ Sybiha Andrii က ယူကရိန်းအနေဖြင့် “စစ်ရေးအင်အားဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့်” သဘောထားကို အသင့်ပြင်ထားရန် ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းနှင့် “အတ္တလန္တိတ်ဖြတ်ကျော်” လုံခြုံရေးကို ခွဲခြား၍မရကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
泽连斯基说与美国特使的会晤“富有成效”
新华社基辅2月20日电(记者李东旭)乌克兰总统泽连斯基20日晚在社交媒体上发文说,他当天与到访的美国政府乌克兰和俄罗斯问题特使凯洛格就战场局势、双边合作和安全保障等进行了良好沟通,会晤“富有成效”。
泽连斯基表示,乌方从冲突爆发第一刻就在寻求和平,必须确保和平的可靠和持续,确保俄方不会再发起新的战争。乌方愿与美方就投资与安全签署“强大、真正互利”的协议。乌方为此提出了实现双方合作“最快速、最具建设性”的办法。
另据乌克兰国家通讯社报道,凯洛格当天与乌克兰外长瑟比加举行会晤。瑟比加重申了乌方准备“通过武力实现和平”的立场,并强调乌克兰和“跨大西洋”安全不可分割。
据报道,凯洛格19日抵达乌克兰首都基辅进行访问。(完)
图说:2023年10月11日,乌克兰总统泽连斯基在比利时布鲁塞尔出席北约防长会时接受记者采访。新华社记者赵丁喆摄