China
ဆင်ဟွာသတင်းဌာနနှင့် ဟောင်ကောင်နယ်ပယ်အသီးသီး ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး နက်ရှိုင်းမည်ဖြစ်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ ဟောင်ကောင်တက္ကသိုလ် ပါမောက္ခချုပ် ကျန်းရှန်၊ Bauhinia Culture (Hong Kong) Holdings Limited ဥက္ကဋ္ဌ ရွှီကျိန့်ကျုံးနှင့် ဟောင်ကောင်သတင်းစာဆရာများအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဟောင်ကောင် Ta Kung Wen Wei Media Group ဥက္ကဋ္ဌ လီတာ့ဟုန်တို့နှင့် အသီးသီးတွေ့ဆုံခဲ့ပြီး ဘက်အသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး နက်ရှိုင်းစေရေးအတွက် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာသတင်းဌာနနှင့် ဟောင်ကောင်တက္ကသိုလ်တို့သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဖက်အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ တတ်သိပညာရှင်အဖွဲ့ တည်ဆောက်မှု၊ လူရည်ချွန်ပျိုးထောင်မှု၊ နည်းပညာပြောင်းလဲမှု၊ နိုင်ငံတကာဖြန့်ချိမှု စသည့် ကဏ္ဍများတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန် သဘောတူခဲ့ကြသည်။ ဖုဟွာက လက်မှတ်ရေးထိုးမှုကို သက်သေထူခဲ့ပြီး ဆင်ဟွာသတင်းဌာနနှင့် ဟောင်ကောင်တက္ကသိုလ်သည် ကဏ္ဍများစွာ၌ ပူးပေါင်းဆောင်ရွက်ရန် ကျယ်ပြန့်သော အလားအလာရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးမှုကို စမှတ်အသစ်အဖြစ် ထားရှိကာ ကူးလူးဖလှယ်မှု စာမျက်နှာသစ် ဖွင့်လှစ်ရေးသားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကျန်းရှန်က ဟောင်ကောင်တက္ကသိုလ်နှင့် ဆင်ဟွာသတင်းဌာနတို့အနေဖြင့် ကိုယ်စီအားသာသည့် အခန်းကဏ္ဍမှပါဝင်ကာ ရေရှည်ဖြစ်သော၊ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာထုတ်ဝေရေးဌာနနှင့် Sino United ထုတ်ဝေရေးဌာနတို့သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ ဖုဟွာက ထိုနေ့မနက်ပိုင်း၌ ရွှီကျိန့်ကျုံးနှင့် တွေ့ဆုံရာတွင် ဆင်ဟွာသတင်းဌာနနှင့် Bauhinia Culture (Hong Kong) Holdings Limited တို့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်၍ အဓိကရုပ်ပုံစာအုပ်များအား ရိုးရာတရုတ်စာလုံး (Traditional Chinese) ဗားရှင်းဖြင့် ထုတ်ဝေဖြန့်ချိရေးကို အတူတကွကောင်းမွန်စွာ ဆောင်ရွက်ပြီး နိုင်ငံတော် မဟာဗျူဟာနှင့် ဟောင်ကောင်ဒေသ သတ်မှတ်ချက်နှင့်အညီ စာကောင်းပေမွန်များအား ထုတ်ဝေကာ ထုတ်ဝေမှု ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသစ်အား စူးစမ်းရှာဖွေသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရွှီကျိန့်ကျုံးက ဆင်ဟွာသတင်းဌာနနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ ဟောင်ကောင်ဒေသ ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး တရုတ်နိုင်ငံအကြောင်းအရာများအား အတူတကွ ကောင်းမွန်စွာ တင်ဆက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဖုဟွာသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် လီတာ့ဟုန်နှင့် တွေ့ဆုံခဲ့ပြီး ဟောင်ကောင်သတင်းစာဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ဖုဟွာက ဆင်ဟွာသတင်းဌာနသည် ဟောင်ကောင် စာနယ်ဇင်းလောကနှင့်အတူ ပူးတွဲတွေ့ဆုံမေးမြန်းမှု၊ မီဒီယာပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပဆက်သွယ်ရေး၊ လူရည်ချွန်ပျိုးထောင်မှု စသည့်ကဏ္ဍများစွာတွင် မိမိ၏အားသာသည့်အခန်းကဏ္ဍမှ ပါဝင်ကာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး “တစ်နိုင်ငံ စနစ်နှစ်မျိုး” လက်တွေ့ကျင့်သုံးမှု တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းရေးအတွက် ကောင်းမွန်သော လူထုသဘောထား ပတ်ဝန်းကျင် ဖန်တီးသွားလိုကြောင်း ပြောကြားခဲ့သည်။
လီတာ့ဟုန်က ဟောင်ကောင်သတင်းစာဆရာများအဖွဲ့ချုပ်၏ နိုင်ငံကိုချစ်မြတ်နိုးမှုနှင့် ဟောင်ကောင်ဒေသကို ချစ်မြတ်နိုးမှုဟူသော အဖွဲ့ချုပ်စတင်ထူထောင်သည့် မူရင်းရည်ရွယ်ချက်သည် ပြောင်းလဲမှုမရှိကြောင်း၊ အနာဂတ်တွင် ဆင်ဟွာသတင်းဌာနနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်၍ “တစ်နိုင်ငံစနစ်နှစ်မျိုး” အောင်မြင်စွာ ကျင့်သုံးရေးအတွက် ပိုမိုများပြားသည့် အကျိုးပြုသောအလုပ်များ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် Bauhinia Culture (Hong Kong) Holdings Limited ဥက္ကဋ္ဌ ရွှီကျိန့်ကျုံး (ယာ ၂) တို့ ဆင်ဟွာထုတ်ဝေရေးဌာနနှင့် Sino United ထုတ်ဝေရေးဌာနတို့ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးမှုအား သက်သေထူနေသည်ကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဟောင်ကောင်သတင်းစာဆရာများအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဟောင်ကောင် Ta Kung Wen Wei Media Group ဥက္ကဋ္ဌ လီတာ့ဟုန်နှင့်တွေ့ဆုံခဲ့ပြီး ဟောင်ကောင်သတင်းစာဆရာများအဖွဲ့ချုပ် အဖွဲ့ဝင်ကိုယ်စားလှယ်နှင့် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)
…………………………..
(Chinese Version)
新华社与香港各界进一步深化合作
新华社香港2月21日电(记者陆芸、曹霁阳、王茜)连日来,新华通讯社社长傅华在香港分别会见香港大学校长张翔、紫荆文化集团董事长许正中和香港新闻工作者联会主席、香港大公文汇传媒集团董事长李大宏,与各方就进一步深化合作达成共识。
19日,新华社与香港大学签署合作备忘录,双方一致同意在区域发展、智库建设、人才培养、技术转化、国际传播等领域展开务实合作。傅华见证签署并表示,新华社与香港大学在众多领域拥有广阔合作空间,希望双方以此次合作备忘录签署为新起点,开创交流新篇章。
张翔表示,期待香港大学和新华社发挥各自优势,建立长期、紧密的合作关系。
21日,新华出版社和联合出版集团签署战略合作协议。当日上午会见许正中时,傅华表示,希望新华社和紫荆文化集团全方位合作,共同做好重点图书繁体字版出版发行,围绕国家战略和香港定位打造出版精品,探索出版融合发展新赛道。
许正中表示,希望与新华社紧密合作,推动香港文化事业发展,共同讲好中国故事。
傅华21日还会见李大宏并与香港新闻工作者联会会员代表座谈。傅华表示,新华社愿与香港新闻界一道,在联合采访、融媒发展、对外传播、人才培养等多个领域,发挥各自优势、加强深度合作,共同为“一国两制”实践行稳致远创造良好舆论环境。
李大宏表示,香港新闻工作者联会爱国爱港的创会初心始终不改,期待未来与新华社紧密合作,为“一国两制”成功实践做更多有益的工作。(完)
图说1:2月19日,新华通讯社社长傅华会见香港大学校长张翔。新华社记者 陈铎 摄
图说2:2月21日,新华通讯社社长傅华与紫荆文化集团董事长许正中(右二)见证新华出版社和联合出版集团签署战略合作协议。新华社记者 陈铎 摄
图说3:2月21日,新华通讯社社长傅华会见香港新闻工作者联会主席、香港大公文汇传媒集团董事长李大宏并与香港新闻工作者联会会员代表座谈。新华社记者 朱炜 摄