Connect with us

Europe

ဥရောပအနေဖြင့် အမေရိကန်အပေါ် မှီခိုအားထားမှုမှ ရုန်းထွက်သင့်သည်ဟု Friedrich Merz က ပြောကြား

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ ဌာနချုပ်၌ မဲထည့်ပြီးသူများနှင့် တွေ့ဆုံမေးမြန်းထားသည့် စစ်တမ်းတွင် ရွေးကောက်ပွဲတွင် ဦးဆောင်နေ၍ ဂုဏ်ပြုမှုကို လက်ခံနေသော CDU/CSU ပါတီ ဝန်ကြီးချုပ်လောင်း Friedrich Merz ကို ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဂျာမနီ CDU/CSU ပါတီ ဝန်ကြီးချုပ်လောင်း Friedrich Merz က ဂျာမနီ ပြည်ထောင်စု လွှတ်တော် (အောက်လွှတ်တော်) ရွေးကောက်ပွဲအသစ်၌ ၎င်းပါတီ အနိုင်ရခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် ကြေညာခဲ့ပြီး ဥရောပအနေဖြင့် အမေရိကန်အပေါ် မှီခိုအားထားမှုမှ ရုန်းထွက်ကာ ကာကွယ်ရေး “သီးခြားရပ်တည်မှု” ကို ဖော်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ရက်သတ္တပတ် ၈ ပတ်အတွင်း ဂျာမနီ ဖက်ဒရယ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း၊ “(နိုင်ငံရေး) တင်းမာမှုအခြေအနေကို ကျွန်တော်တို့ ထိုးဖောက်ရမယ်။ ဒါကို အမြန်ဆုံး လုပ်နိုင်ဖို့ မျှော်လင့်တယ်” ဟု Friedrich Merz က ပြောကြားခဲ့သည်။
ဂျာမနီ၏ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်က ဥရောပအနေဖြင့် အမေရိကန်အပေါ် မှီခိုအားထားမှုမှ ရုန်းထွက်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော့်အတွက် ပြောရရင် လုံးဝဥဿုံ ဦးစားပေးရမယ့် တာဝန်က ကျွန်တော်တို့ အမေရိကန်အပေါ် မှီခိုအားထားနေမှုက တစ်ဆင့်ချင်း အမှန်တကယ် ရုန်းထွက်နိုင်ဖို့အတွက် ဥရောပကို အင်အားတောင့်တင်းအောင် အမြန်ဆုံးလုပ်ရမယ် ” ဟု ၎င်းက ဆိုသည်။
ဂျာမနီ လက်ရှိ ဝန်ကြီးချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ဝန်ကြီးချုပ်လောင်း Olaf Scholz က ရွေးကောက်ပွဲပြီးနောက် ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီး ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ (CDU) နှင့် ခရစ်ယာန်ဆိုရှယ်ယူနီယံ (CSU) တို့ဖွဲ့စည်းထားသော CDU/CSU ညွန့်ပေါင်းပါတီ အနိုင်ရရှိခြင်းအပေါ် ဂုဏ်ပြုခဲ့သည်။
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ပူးတွဲဥက္ကဋ္ဌ Lars Klingbeil က ယခုအကြိမ်ရွေးကောက်ပွဲမှာ “အပိုင်းအခြား” တစ်ခု ဖြစ်ကြောင်း၊ ပါတီအနေဖြင့် မျိုးဆက်အစားထိုးမှုကို စတင်ဆောင်ရွက်ရမည် ဖြစ်သလို လုပ်ငန်းစဉ်များကို ပြန်လည်အထိုင်ချရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
默茨:欧洲应摆脱对美依赖
新华社柏林2月24日电(记者邰思聪 李超)德国联盟党总理候选人默茨23日晚宣布他所在的联盟党赢得了新一届德国联邦议院(议会下院)选举,并表示欧洲应摆脱对美国的依赖,在国防上实现“独立”。
默茨表示,他希望能在八周内组建新一届德国联邦政府,“我们必须打破(政治)僵局,希望能够尽快做到这点”。
他说,德国的外交政策目标是摆脱欧洲对美国的依赖,“对我而言,绝对优先的任务是尽快加强欧洲,以便我们能够真正逐步实现摆脱对美国的依赖”。
德国现任总理、社民党总理候选人朔尔茨在选举后承认败选,祝贺基督教民主联盟和基督教社会联盟组成的联盟党胜选。
社民党联合主席克林贝尔表示,本次选举是一个“分水岭”,社民党必须启动代际更替,纲领方面也将重新定位。(完)
1. 这是2月23日,在德国柏林的基督教民主联盟总部,联盟党总理候选人默茨在出口民调显示领先后接受祝贺。 新华社记者 杜哲宇 摄