Europe
ဥရောပသမဂ္ဂက ယူကရိန်းအတွက် အထောက်အပံ့အသစ် ယူရို ၃.၅ ဘီလီယံ မတ်လတွင် ပေးအပ်မည်

ကိဗ်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂက အနေဖြင့် ယူကရိန်းအတွက် အထောက်အပံ့အသစ် ယူရို ၃.၅ ဘီလီယံကို မတ်လတွင် ပေးအပ်မည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကိဗ်မြို့၌ ပြောကြားခဲ့ကြောင်း Interfax-Ukraine သတင်းဌာန၏ ယင်းနေ့ ဖော်ပြသောသတင်းအရ သိရသည်။
Ursula von der Leyen သည် “ယူကရိန်းကို ထောက်ခံခြင်း” ထိပ်သီးအစည်းအဝေးကာလအတွင်း အထက်ပါအတိုင်း ဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂ နှင့် G7 အဖွဲ့သည် ယခုနှစ်တွင် ချေးငွေအစီအစဉ် စသည်တို့မှတစ်ဆင့် ယူကရိန်း၏ တစ်နှစ်တာ ဘဏ္ဍာရေးလိုငွေပြမှုကို ဖြည့်ဆည်းပေးရန် အတည်ပြုပေးမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ နှင့် အနောက်တိုင်းမိတ်ဖက်များအနေဖြင့် ယူကရိန်းထံ လက်နက်နှင့် ခဲယမ်းများ ချက်ချင်း လွှဲပြောင်းပေးရန် တိုက်တွန်းခဲ့ပြီး လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဘက်အသီးသီးက အတူတကွ လုပ်ငန်းများ လုပ်ဆောင်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ursula von der Leyen က ဥရောပလက်နက်ထုတ်လုပ်မှုစွမ်းရည်နှင့် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်မည့် ဘက်စုံအစီအစဉ်တစ်ရပ်ကို အဆိုပြုမည်ဖြစ်ပြီး ယင်းမှ ယူကရိန်းလည်း အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘဏ္ဍာရေးလိုငွေပြမှုပြဿနာကို ဖြေရှင်းရန် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်တွင် ယူကရိန်းအနေဖြင့် ပြင်ပဘဏ္ဍာရေး မြှုပ်နှံမှု ကန်ဒေါ်လာ ၃၈.၄ ဘီလီယံနှင့် ၂၅ ဘီလီယံ အသီးသီး လိုအပ်လိမ့်မည်ဟု ယူကရိန်းအမျိုးသားဘဏ်၏ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာလတွင် G7 ခေါင်းဆောင်များက ရုရှားထံမှ ပိတ်ဆို့ထားသော ပိုင်ဆိုင်မှုများမှ ရရှိသော အကျိုးအမြတ်များကို ပေါင်နှံပစ္စည်းအဖြစ် သတ်မှတ်၍ ယူကရိန်းထံ ကန်ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေပေးရန်နှင့် ပတ်သက်၍ ဘုံသဘောတူညီမှု ရရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီလတွင် ယူကရိန်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပထမအသုတ် ယူရို ၃ ဘီလီယံ ချေးငွေကို ဥရောပသမဂ္ဂက ရုရှားထံမှ ပိတ်ဆို့ထားသော ပိုင်ဆိုင်မှုများမှ ရရှိသော အကျိုးအမြတ်များကို ပေါင်နှံပစ္စည်းအဖြစ် အသုံးပြုထားခြင်းမှ လက်ခံရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ ယူကရိန်းထံ အသုတ်ခွဲ၍ ယူရို ၁၈.၁ ဘီလီယံ ချေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
欧盟将于3月向乌克兰提供35亿欧元新援助
新华社基辅2月24日电(记者李东旭)据乌克兰国际文传电讯社24日报道,欧盟委员会主席冯德莱恩当天在基辅说,欧盟将于3月向乌克兰提供35亿欧元的新一笔援助。
冯德莱恩是在参加“支持乌克兰”峰会期间作出上述表态的。她表示,欧盟和七国集团今年将通过贷款计划等弥补乌克兰全年的财政赤字。她呼吁欧盟和西方伙伴立即向乌克兰交付武器和弹药,并表示未来数周各方将共同展开工作。
冯德莱恩还说,她将提出一项提高欧洲武器产能和防御能力的全面计划,乌克兰也将从中受益。
乌克兰国家银行1月30日发布报告称,2025和2026年,乌克兰将分别需要从外部融资384亿美元和250亿美元,以解决财政赤字问题。
去年10月,七国集团领导人就以俄罗斯被冻结资产所产生的收益作为抵押、向乌克兰提供500亿美元贷款达成共识。今年1月,乌克兰财政部表示,已收到欧盟以俄罗斯被冻结资产收益作为抵押的首批30亿欧元贷款,欧盟将在2025年年底前分批向乌克兰提供181亿欧元贷款。(完)
图说:12月19日,在比利时布鲁塞尔,欧盟委员会主席冯德莱恩在欧盟峰会后出席新闻发布会。新华社记者 赵丁喆 摄