Connect with us

China

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ကားအစီးရေ ၄,၀၀၀ ကျော် ထျန်းကျင်းဆိပ်ကမ်းမှ တောင်အမေရိကသို့ ပို့ဆောင်

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်း ဂလိုဘယ်ကားတင်သင်္ဘောဆိပ်၌ သင်္ဘောပေါ်တင်ဆောင်ရန် ကားများ ရပ်နားထားသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေဒေသမှ တရုတ်ပြည်တွင်းထုတ် အမှတ်တံဆိပ် မော်တော်ကား အစီးရေပေါင်း ၄,၀၀၀ ကျော်အား ဖေဖော်ဝါရီ ၂၆ ရက်တွင် ထျန်းကျင်းဆိပ်ကမ်း ဂလိုဘယ် ကားတင်သင်္ဘောဆိပ်မှ စတင်ထွက်ခွာ၍ တောင်အမေရိက စသည့်ပြည်ပဈေးကွက်များသို့ ပို့ဆောင်ခဲ့ရာ ယင်းသည် လတ်တလောနှစ်ပိုင်းအတွင်း ထျန်းကျင်းဆိပ်ကမ်း၏ သင်္ဘောတစ်စင်းတည်းဖြင့် မော်တော်ကားများအား နိုင်ငံခြားကုန်သွယ်တင်ပို့မှု မှတ်တမ်းသစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ် တင်ပို့သည့်ကားများမှာ “ပေကျင်းတွင် သုတေသနပြုလုပ်၍ ထျန်းကျင်းနှင့် ဟဲပေတွင် ထုတ်လုပ်” သောယာဉ်များဖြစ်ပြီး လျှပ်စစ်သီးသန့်သုံး၊ နှစ်မျိုးစပ်သုံးနှင့် လောင်စာသုံးယာဉ် စသဖြင့် အမျိုးအစား အမျိုးမျိုးပါဝင်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်း ဂလိုဘယ်ကားတင်သင်္ဘောဆိပ်၌ သင်္ဘောပေါ်တင်ဆောင်ရန် ကားများ ရပ်နားထားသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်း ဂလိုဘယ်ကားတင်သင်္ဘောဆိပ်မှ ကားများ ကုန်တင်သင်္ဘောဆီသို့ မောင်းနှင်လာသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်း ဂလိုဘယ်ကားတင်သင်္ဘောဆိပ်မှ ကားများ ကုန်တင်သင်္ဘောဆီသို့ မောင်းနှင်လာသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
天津港超四千辆国产汽车发往南美
新华社照片,天津,2025年2月26日
2月26日,来自京津冀地区的超4000辆国产自主品牌汽车从天津港环球滚装码头启航,驶向南美等海外市场,这也是近年来天津港单船外贸出口商品车新纪录。此次出口的车辆均为“北京研发、津冀制造”,涵盖纯电动、混合动力及燃油车等多种类型。
图说1、2:2月25日,等待装船的车辆停靠在天津港环球滚装码头(无人机照片)。 新华社记者 赵子硕 摄
图说3、4:2月25日,车辆从天津港环球滚装码头驶至货轮。新华社记者 赵子硕 摄