China
အမေရိကန်က စည်းကြပ်ခွန်ကို အခိုင်အမာတိုးမြှင့်ခြင်းဖြင့် ဖိအားပေး အကျပ်ကိုင်ခြိမ်းခြောက်မှုသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာဖြစ်လိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ဖန်တာနိုင်းလ်ပြဿနာကို အကြောင်းပြပြီး စည်းကြပ်ခွန်ကို အခိုင်အမာတိုးမြှင့်ခြင်းဖြင့် ဖိအားပေး အကျပ်ကိုင်ခြိမ်းခြောက်မှုသည် တဇွတ်ထိုးလုပ်ခြင်းဖြစ်ကာ ကျေးဇူးကို ရန်ဖြင့်တုံ့ပြန်ခြင်း ဖြစ်သောကြောင့် မိမိပင်ကို စိုးရိမ်ဖွယ်ရာ အကြောင်းအရာများကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာဖြစ်ပြီး နှစ်ဖက်၏ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးနယ်ပယ်တွင် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြင်းထန်သော ထိုးနှက်မှုများ ဖြစ်စေလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဖေဖော်ဝါရီ ၂၈ ရက်တွင် တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်က ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုကို ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က အမေရိကန် သမ္မတ ထရမ့်သည် လာမည့်သီတင်းပတ်မှစ၍ တရုတ်နိုင်ငံမှ အမေရိကန်သို့တင်ပို့သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံမည်ဟု အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ရာ ယင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မှတ်ချက်ကို မေးမြန်းခဲ့သည်။
လျင်ကျန့်က အမေရိကန်အနေဖြင့် ဖန်တာနိုင်းလ်ပြဿနာကို ထပ်မံအကြောင်းပြပြီး အမေရိကန်သို့ တရုတ်နိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် မကျေနပ်သလို ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံက လိုအပ်သည့် အစီအမံများအားလုံး လုပ်ဆောင်ပြီး မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လျင်ကျန့်က ကုန်သွယ်ရေးစစ်ပွဲ၊ စည်းကြပ်ခွန်စစ်ပွဲတွင် အနိုင်ရသူ မရှိဟု တရုတ်နိုင်ငံက အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းလုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံနှင့် ကမ္ဘာ့အကျိုးစီးပွားကို ထိခိုက်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးမူဝါဒ အတင်းကျပ်ဆုံးနှင့် အဆုံးတိုင် အကောင်အထည်ဖော်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ဖန်တာနိုင်းလ်သည် အမေရိကန်၏ ပြဿနာဖြစ်ကြောင်း၊ လူသားချင်းစာနာမှုစိတ်ဓာတ်ကို အခြေခံ၍ တရုတ်နိုင်ငံက အမေရိကန် ဖန်တာနိုင်းလ်ပြဿနာ ကိုင်တွယ်ဖြေရှင်းမှုအတွက် အားပေးပံ့ပိုးခဲ့ကြောင်း လျင်ကျန့်က ဆိုသည်။
အမေရိကန်၏တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ဖန်တာနိုင်းလ်အမျိုးအစား ဒြပ်ပစ္စည်း အမျိုးအစားတစ်ခုလုံးကို ထိန်းချုပ်ပစ္စည်း၌ ထည့်သွင်းသည်ဟု ကြေညာခဲ့ရာ ဖန်တာနိုင်းလ်အမျိုးအစား ဒြပ်ပစ္စည်း အမျိုးအစားတစ်ခုလုံးကို ထိန်းချုပ်ပစ္စည်းအဖြစ် ထည့်သွင်းခဲ့သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်နှင့်အတူ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ပြီး သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ယင်းမှာ မျက်မြင်ထင်ရှားဖြစ်ကြောင်း၊ အမေရိကန် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက တရုတ်နိုင်ငံအပေါ် ကျေးဇူးတင်ရှိမှုအား အကြိမ်များစွာ ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သည် ဖန်တာနိုင်းလ်ပြဿနာကို အကြောင်းပြပြီး စည်းကြပ်ခွန်ကို အခိုင်အမာတိုးမြှင့်ခြင်းဖြင့် ဖိအားပေး အကျပ်ကိုင်ခြိမ်းခြောက်မှုသည် တဇွတ်ထိုးလုပ်ခြင်းဖြစ်ကာ ကျေးဇူးကို ရန်ဖြင့်တုံ့ပြန်ခြင်း ဖြစ်သောကြောင့် မိမိပင်ကို စိုးရိမ်ဖွယ်ရာ အကြောင်းအရာများကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသာဖြစ်ပြီး နှစ်ဖက်က မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးနယ်ပယ်တွင် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြင်းထန်သော ထိုးနှက်မှုများ ဖြစ်စေလိမ့်မည်ဟု လျင်ကျန့်က ဆိုသည်။
“ဖိအားပေးခြင်း၊ အကျပ်ကိုင်ခြင်းနဲ့ ခြိမ်းခြောက်ခြင်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံတဲ့ မှန်ကန်သော နည်းလမ်းမဟုတ်ပါဘူး။ အပြန်အလှန်လေးစားမှုက အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အမေရိကန်ဘက်က မှားယွင်းသောလုပ်ရပ်များကို မှန်ကန်အောင် ပြုပြင်ပြီး တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ကိုယ်စီဂရုပြုတဲ့ ကိစ္စရပ်များကို ဖြေရှင်းသည့် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်သွားရောက်ဖို့ တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
中国外交部:美方执意搞关税施压讹诈只会适得其反
新华社北京2月28日电(记者成欣、马卓言)外交部发言人林剑28日就美方威胁对中国输美产品再加征10%关税答记者问时表示,美方借芬太尼问题,执意搞关税施压讹诈,一意孤行,恩将仇报,不可能解决自身关切,只会适得其反,对双方在禁毒领域的对话与合作造成严重冲击。
当日例行记者会上,有记者问:美国总统特朗普美国东部时间2月27日称,将于下周对中国输美商品再加征10%的关税。外交部对此有何评论?
林剑说,美方再次以芬太尼问题为借口,威胁对中国输美产品加征关税,中方对此强烈不满,坚决反对,将采取一切必要措施坚定维护自身正当利益。
林剑表示,中方反复声明,贸易战、关税战没有赢家。美方单方面加征关税严重违反世贸组织规则,损害两国和全球利益。中国是世界上禁毒政策最严格、执行最彻底的国家之一。芬太尼是美国的问题。本着人道主义精神,中国为美国应对芬太尼问题提供了支持。应美方请求,中方于2019年宣布正式整类列管芬太尼类物质,是全球第一个正式整类列管芬太尼类物质的国家。中方同美方开展了广泛、深入的禁毒合作并取得显著成效,这是有目共睹的,美国各界人士多次对中方表示感谢。美方借芬太尼问题,执意搞关税施压讹诈,一意孤行,恩将仇报,不可能解决自身关切,只会适得其反,对双方在禁毒领域的对话与合作造成严重冲击。
“施压、胁迫和威胁不是同中国打交道的正确方式,相互尊重是基本前提。中方敦促美方纠正错误做法,回到通过平等磋商解决各自关切的正确轨道。”林剑说。(完)