North America
အမေရိကန် ဒုတိယသမ္မတ၏ ဇနီးက ဂရင်းလန်းကျွန်းသို့ ခရီးစဉ် သွားရောက်ရန် စီစဉ်ထားရာ “အန္တရာယ်ရှိသောရန်စမှု” ဟု ဝေဖန်ခံရ

ဂရင်းလန်းကျွန်း Nuuk၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် ဒုတိယသမ္မတ James David Vance ၏ ဇနီးဖြစ်သူ Usha Vance သည် ယခုအပတ်အတွင်း ဂရင်းလန်းကျွန်းသို့ ခရီးစဉ်သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုအကြိမ် ခရီးစဉ်သည် အမေရိကန်သမ္မတ ထရမ့်က ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည့်စိတ်ကူးအား အကြိမ်များစွာ ထုတ်ဖော် ပြောကြားထားသည့် အချိန်အခါနှင့်တိုက်ဆိုင်လျက်ရှိရာ ဂရင်းလန်းကျွန်းဘက်က ယင်းသည် “အန္တရာယ်များသော စိန်ခေါ်မှုတစ်မျိုး” ဖြစ်သည်ဟု ယူဆထားကြောင်း သိရသည်။

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk ရှုခင်းများကို မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆင်ဟွာသတင်းထောက်က မတ် ၂၃ ရက် ညနေပိုင်းတွင် ဂရင်းလန်းကျွန်းမြို့တော် Nuuk ရှိ Nuuk လေဆိပ်၌ ဒိန်းမတ်ရဲအများအပြားက စုစည်းနေသည်ကို တွေ့ရှိခဲ့ရသည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်လာရောက်ခြင်းအား ကိုင်တွယ်စီမံနိုင်ရန်အတွက် အဆိုပါရဲများကို ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မှ စေလွှတ်ခြင်းဖြစ်သည်ဟု ဒိန်းမတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk ရှုခင်းများကို မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
Usha Vance သည် မတ် ၂၇ ရက်တွင် စတင်ထွက်ခွာပြီး မတ် ၂၉ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ၏ဇနီး ရုံးခန်းက မတ် ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင်အနေဖြင့် ၎င်းသည် “ဂရင်းလန်းကျွန်း၏ ယဉ်ကျေးမှုအမွေအနှစ်များ အကြောင်း နားလည်သိရှိရန်” နှင့် “သမိုင်းအမွေအနှစ် နေရာများအား သွားရောက်လေ့လာရန်” သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး Michael Waltz လည်း ခရီးစဉ်တွင် အတူတကွ လိုက်ပါသွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြကြသည်။
Usha Vance နှင့်အဖွဲ့သည် Nuuk မြို့နှင့် ဂရင်းလန်းကျွန်း၏ ဒုတိယအကြီးဆုံးမြို့ Sisimiut သို့ သွားရောက်ရန် စီစဉ်ထားပြီး Sisimiut တွင် ဒေသတွင်းနာမည်ကျော် ခွေးဆွဲ စွတ်ဖားပြိုင်ပွဲအား ကြည့်ရှုသွားမည်ဖြစ်ကြောင်း ဒိန်းမတ်ရေဒီယို (DR) သတင်းဌာန သတင်းဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါပြိုင်ပွဲကျင်းပသူဘက်က ပြိုင်ပွဲလာရောက် ကြည့်ရှုရန် “မည်သည့်အမေရိကန်သား” ကိုမျှ ဖိတ်ကြားထားခြင်း မရှိဟု ပြောကြားထားသည်။
ဂရင်းလန်းကျွန်း နိုင်ငံရေးပါတီခေါင်းဆောင် အများအပြားက မတ် ၂၃ ရက်တွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အား ဝေဖန်ခဲ့ကြသည်။ ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလွှတ်တော် အကြီးဆုံးပါတီ Demokraatit ပါတီခေါင်းဆောင် Jens-Fredrik Nielsen က အမှာစကားပြောကြားရာ၌ ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရသစ် မပေါ်ထွက်လာခင် “ဒီအမေရိကန်သားတွေ” လာရောက်ခြင်းသည် ၎င်းတို့က ဂရင်းလန်းကျွန်းပြည်သူများအပေါ် လေးစားမှုမရှိခြင်းကို ပေါ်လွင်စေသည်ဟု ဆိုခဲ့သည်။
ယခုအကြိမ် ခရီးစဉ်လာရောက်မှုသည် “အန္တရာယ်ရှိသော ရန်စမှုတစ်မျိုး” ဖြစ်ကြောင်း၊ လတ်တလောကာလအတွင်း အမေရိကန်က ဂရင်းလန်းကျွန်းအပေါ် ဖိအားပေးမှုသည် “ကျွန်တော်တို့ရဲ့ အမျိုးသားရေးဂုဏ်သိက္ခာကို ထိပါးနေတယ်” ဟု ဂရင်းလန်းကျွန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ဝန်ကြီးချုပ် Múte Bourup Egede က ဒေသတွင်းမီဒီယာများအား ပြောကြားခဲ့သည်။
ဒိန်းမတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ သို့သော် ထိုပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံများအကြား အပြန်အလှန် အချုပ်အခြာအာဏာအား လေးစားသည့် အခြေခံ တန်ဖိုးအမြင်ပေါ်တွင်သာ တည်ဆောက်ရမည်ဖြစ်ကြောင်း ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen က ထိုနေ့တွင် ဒိန်းမတ်မီဒီယာများအား ပြောကြားခဲ့သည်။ Usha Vance ၏ ယခုအကြိမ်ခရီးစဉ်သည် “ကျွန်မတို့ အလေးအနက်သဘောထားရှုမြင်နေတဲ့ ကိစ္စ” ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဂရင်းလန်းကျွန်းသည် မြောက်အမေရိကတိုက် အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းဖြစ်သည်။ ယင်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေလည်းဖြစ်ပြီး ကျွန်းပေါ်တွင် မြေရှားသတ္တု စသည့်အရင်းအမြစ်များ ပေါကြွယ်ဝကြောင်း သိရသည်။
ယမန်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပပြီးနောက် ထရမ့်က ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ခွင့်အား ရယူမည့်ဆန္ဒကို အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်း၏သားအကြီးဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာနှင့် အခြား “ကိုယ်စားလှယ်” အချို့အား ဂရင်းလန်းကျွန်းသို့ စေလွှတ်ခဲ့သည့်အပြင် “စစ်ရေး သို့မဟုတ် စီးပွားရေးအရ အကျပ်ကိုင်မှု” နည်းလမ်းဖြင့် အဆိုပါကျွန်း၏ ထိန်းချုပ်ခွင့်အား ရယူမည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှားထား၍မရကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#US #SecondLady #Greenland #အမေရိကန် #ဒုတိယသမ္မတကတော် #ဂရင်းလန်းကျွန်း
————————————
美副总统夫人计划访格陵兰岛 被批“危险的挑衅”
新华社格陵兰岛努克3月24日电(记者张玉亮 郭爽)美国副总统詹姆斯·戴维·万斯的夫人乌莎·万斯计划本周访问格陵兰岛。此访正值美国总统特朗普多次提出要吞并格陵兰岛的想法之际,格陵兰岛方面认为是“一种危险的挑衅”。
在格陵兰岛首府努克,新华社记者23日下午在努克机场看到,许多丹麦警察在此集结。丹麦警方声明说,这些警察是从丹麦首都哥本哈根派出,以应对美国代表团的来访。
美国第二夫人办公室23日发表声明说,乌莎·万斯将于27日出发,29日返回。作为美国代表团成员,她将“参观历史遗址”并“了解格陵兰岛的文化遗产”。另据美媒报道,美总统国家安全事务助理迈克尔·华尔兹将陪同访问。
据丹麦广播公司报道,乌莎·万斯一行计划访问努克和格陵兰岛第二大城市锡西米尤特,并在锡西米尤特观看当地知名的狗拉雪橇比赛。但该赛事主办方表示,并未邀请“任何美国人”来观赛。
23日,格陵兰岛多位政党领导人对美国代表团的访问计划提出批评。格陵兰岛自治议会第一大党民主党主席延斯-弗雷德里克·尼尔森发表讲话说,在格陵兰岛新一届自治政府尚未产生时,“这些美国人”到访,显示出他们对格陵兰岛人民缺乏尊重。格陵兰岛自治政府总理穆特·埃格德在对当地媒体说,此次来访是“一种危险的挑衅”,近期美国对格陵兰岛施加的压力“正在侵犯我们作为一个民族的尊严”。
丹麦首相梅特·弗雷泽里克森同日对丹麦媒体表示,丹麦希望与美国合作,但这种合作必须也只能建立在国家间相互尊重主权的基本价值观之上。她说,乌莎·万斯此访“是我们正在认真对待的事情”。
格陵兰岛位于北美洲东北部,是世界第一大岛,属于丹麦的自治领地,岛上稀土等资源丰富。去年美国总统选举后,特朗普多次表达要夺取格陵兰岛控制权的意愿,曾派其长子小特朗普和其他几名“代表”到访格陵兰岛,还称不会排除通过“军事或经济胁迫”手段夺取该岛控制权的可能性。(完)
图说1:3月19日,在丹麦自治领地格陵兰岛首府努克,一名男子走过格陵兰岛自治议会。新华社记者 赵丁喆 摄
图说2、3:这是3月20日拍摄的丹麦自治领地格陵兰岛首府努克景色。新华社记者 赵丁喆 摄