China
တရုတ်နိုင်ငံက ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှု မည်သည့်အခါကမျှ လက်ခံရရှိထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)
“ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ဖမ်းဆီးခြင်း မခံရမီ တရုတ်နိုင်ငံဘက်သို့ ခိုလှုံခွင့်လျှောက်ထားခဲ့ကြောင်း သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်” ဟု သတင်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက မတ် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားရာ၌ မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ သွားရောက်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း သဘောထား ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မစ္စတာ ဒူတာတေး ဟောင်ကောင်ဒေသကို သွားရောက်တာဟာ ပုဂ္ဂိုလ်ရေး အပန်းဖြေ ခရီးစဉ်ဖြစ်တယ်လို့ ကျွန်တော်အထူး ထောက်ပြလိုပါတယ်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတဟောင်း ဒူတာတေးနဲ့ ၎င်းရဲ့မိသားစုဝင်တွေက တရုတ်နိုင်ငံအစိုးရထံ ခိုလှုံခွင့်လျှောက်ထားမှုကို ဘယ်သောအခါကမျှ လက်ခံရရှိထားခြင်း မရှိပါဘူး”၊ “လုပ်ကြံဖန်တီးထားတဲ့ သို့မဟုတ် တမင်ရည်ရွယ်ချက်ရှိသူများက ပြောကြားတဲ့ ‘သတင်းအရင်းအမြစ် ပြောကြားချက်’ တွေကို မီဒီယာမိတ်ဆွေများအနေဖြင့် သေချာစိစစ်ဖို့၊ အလွယ်တကူမယုံကြည်ကြဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
————————-
(Chinese Version)
外交部:中方从未收到杜特尔特寻求庇护的申请
新华社北京3月24日电(记者冯歆然、马卓言)针对有报道称“知情人士透露菲律宾前总统杜特尔特在被国际刑事法院逮捕前曾向中方提出庇护请求”,外交部发言人郭嘉昆24日在例行记者会上答问时说,关于杜特尔特先生赴港事,外交部驻港公署已作出回应,菲方相关人士也有表态。
“我愿特别指出,杜特尔特先生赴香港系私人度假行程。中方从未收到所谓杜特尔特前总统及其家人向中国政府寻求庇护的申请。”郭嘉昆说,“对于某些无中生有或别有用心的所谓‘知情人士透露’,希望媒体朋友们认真甄别,切勿轻信。”(完)