Connect with us

Environment, Disasters & Accidents

အချိန် ၂ နာရီအတွင်း လူ ၃ ဦးဆက်တိုက် ကယ်ဆယ်ခြင်း၊ မြန်မာနိုင်ငံ၌ ကယ်ဆယ်ရေးဖြစ်စဉ်အကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် မိတ်ဆက်ရှင်းပြ

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအား ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် အောင်မြင်စွာ ကယ်ထုတ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး ၊ မြန်မာ ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ဒေသစံတော်ချိန် မတ် ၃၁ ရက်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် အချိန် ၂ နာရီအတွင်း မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ လူ ၃ ဦးအား ဆက်တိုက် ကယ်ထုတ်နိုင်ခဲ့သည်။ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ (China Search and Rescue Team) အဖွဲ့ခွဲ (၁) အဖွဲ့ခေါင်းဆောင် ယွဲ့ရှင်းက ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကိုဖြေကြားရာ၌ ယခုအကြိမ် ကယ်ဆယ်ရေးဖြစ်စဉ်အကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့က မနေ့ည ၁၁ နာရီကတည်းက စလုပ်နေတာ ဒီနေ့မနက် နေစထွက်လာတဲ့အထိပဲ။ အလုပ်လုပ်ရတဲ့ အချိန်ဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး။ အရေးကြီးဆုံးက ကျွန်တော်တို့က ဒေသခံပြည်သူတွေကို အသက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ယူဆောင်လာပေးနိုင်တာပါ” ဟု ဆိုသည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် နေရာဦးစားပေးအခြေအနေကို အကဲဖြတ်ထားမှုအရ Sky Villa ကွန်ဒိုတွင် ကယ်ဆယ်ရေးလုပ်ဆောင်ရန် စေလွှတ်ခံရခြင်းဖြစ်ကြောင်း၊ ထိုနေရာ၏ “အထွေထွေအခြေအနေက ထင်ထားတာထက် ပိုဆိုးနေပြီး ပြိုကျတဲ့အခြေအနေက ဆိုးရွားပါတယ်” ၊ အသက်ရှင်ကျန်သူများ နေရာအတည်ပြုခြင်းနှင့် ရှာဖွေရှာ၌ အခက်အခဲများစွာ ရင်ဆိုင်ရကြောင်း ယွဲ့ရှင်းက ပြောကြားခဲ့သည်။
ရှေးဦးစွာ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများ အဆက်မပြတ်ဖြစ်ပွားကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် နောက်ဆက်တွဲငလျင် ၂ ကြိမ်မှ ၃ ကြိမ် ကြုံရကြောင်း၊ ထိုသို့ဖြစ်သည့်တိုင် “ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေကလည်း အပျက်အစီးတွေကြားမှာ ဆက်နေပြီး ပိတ်မိနေသူတွေကို အချိန်နဲ့တစ်ပြေးညီ နေရာအတည်ပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အသက်ရှင်ကျန်သူများသည် အဓိကအားဖြင့် ကွန်ဒို၏ ၅ လွှာ သို့မဟုတ် ၆ လွှာတွင် စုစည်းနေပြီး ကွန်ဒိုအောက်ထပ်များသည် မုန့်များထပ်ထားသည့်ပမာ ပြိုကျနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အသက်ရှင်ကျန်သူအား နေရာအတည်ပြုရာတွင် အဆောက်အဦအား ဖြိုဖျက်၍ နေရာအတည်ပြုခြင်း၊ နေရာသတ်မှတ်၍ ဗီဒီယိုဖြင့် စောင့်ကြည့်ခြင်း၊ အဆောက်အဦအား ခေါက်ကြည့်ကာ မေးမြန်းခြင်း စသည့်နည်းလမ်းများကို အသုံးပြုရကြောင်း၊ ထို့နောက်မှ ဖြိုဖျက်၍ အစိမ်းရောင်လမ်းကြောင်း ဖောက်လုပ်ရကြောင်း၊ “လုပ်ငန်းစဉ်တစ်ခုလုံးက ကျွန်တော်တို့အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်အင်အားနဲ့ ခန္ဓာအင်အားအပေါ် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေပါပဲ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ကယ်ဆယ်ရေးနေရာ၌ ပြည်သူများ အတန်အသင့်များကြောင်း၊ “ကျွန်တော်တို့က တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ဒီနေရာက ပြည်သူတွေကို အမြန်ဆုံး သတင်းကောင်းတစ်ခု၊ စိတ်အားတက်ကြွစေတဲ့ သတင်းတစ်ခု ပေးချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အဖွဲ့ဝင်တွေက မမောမပန်းနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်” ဟု ယွဲ့ရှင်းက ပြောကြားခဲ့သည်။

Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့သည်လည်း ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့ပြီး အဆောက်အဦ ဖြိုဖျက်ရေးနှင့် နေရာအတည်ပြုရေးတို့အား အတူတကွလုပ်ဆောင်ခဲ့ကာ အသက်ရှင်ကျန်သူများအား ကယ်ထုတ်ရာတွင် ထူးချွန်စွာအကျိုးထမ်းဆောင်ခဲ့ကြကြောင်း၊ “ပိုများတဲ့ အသက်ရှင်ကျန်သူတွေကို ကျွန်တော်တို့ ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအား ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် အောင်မြင်စွာ ကယ်ထုတ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအား ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် အောင်မြင်စွာ ကယ်ထုတ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ အသက်ရှင်ကျန်သူတစ်ဦးအား ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက် နံနက် ၇ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ ကယ်ထုတ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
两小时连救3人,中方救援人员解读在缅救援过程
新华社缅甸曼德勒3月31日电(记者张东强)当地时间3月31日,中方救援队两个小时内在缅甸曼德勒天空公寓连续救出3人。在救援现场,中国救援队一分队分队长岳馨接受新华社记者专访,对此次救援过程进行解读。
岳馨说:“我们从昨天晚上11时开始,一直工作到今天早上太阳初升。我认为,工作时间再长都没有关系,最主要的是我们能给当地群众带来生的希望。”
岳馨说,中国救援队是根据场地优先级评估被选派到天空公寓开展救援工作的,这里“整体环境超乎想象,坍塌程度比较严重”,人员定位和搜索遇到许多问题。
首先,余震不断。搜救过程中遇到两三次余震。即便如此,“我们的队员也坚守在废墟中,对被困人员进行实时定位”。
其次,幸存者主要集中在公寓的5层或6层,公寓下层呈叠饼式坍塌。因此,人员定位需要采取包括破拆定位、有针对性视频监控、人工敲击询问等方式,再破拆打开绿色通道,“整体过程对我们队员的意志力和体能是一个极大的挑战”。
岳馨还表示,现场民众较多,“我们作为中国救援队,也想尽快给这个地方的老百姓一个好消息、一个鼓舞人心的消息。所以我们的队员废寝忘食地进行搜救”。
他还介绍,公羊救援队也参与救援,一起进行了破拆和定位,对救出幸存者做出了卓越贡献。“希望我们能救出更多幸存者。”(完)
图说1-3:当地时间3月31日6时20分许,中国救援队和公羊救援队合作在缅甸曼德勒天空公寓成功救出一名孕妇。 新华社发(苗觉梭摄)
图说4-5:当地时间3月31日7时20分,中国救援队和公羊救援队合作在缅甸曼德勒天空公寓成功救出一名幸存者。 新华社发(苗觉梭摄)