North America
မက္ကဆီနှင့် ကနေဒါ နှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှု အစီအမံ မတ် ၄ ရက်တွင် စတင်အသက်ဝင်မည်ဟု ထရမ့်ပြောကြား

ဝါရှင်တန်၊ မတ် ၄ ရက် (ဆင်ဟွာ)
မက္ကဆီနှင့် ကနေဒါ နှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် အစီအမံသည် မတ် ၄ ရက်တွင် စတင်အသက်ဝင်မည်ဟု အမေရိကန် သမ္မတ ထရမ့်က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် အိမ်ဖြူတော်၌ မီဒီယာများ၏ သက်ဆိုင်ရာမေးမြန်းမှုကို ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက မက္ကဆီကိုနှင့် ကနေဒါသည် အမေရိကန်၌ မော်တော်ယာဉ်စက်ရုံနှင့် အခြားအဆောက်အုံများကို “မဖြစ်မနေ” တည်ထောင်ရမည်ဖြစ်ပြီး “ဒီလိုဆို သူတို့ စည်းကြပ်ခွန်ပေးဆောင်စရာ မလိုတော့ဘူး” ဟု ပြောကြားခဲ့သည်။
“အလားတူ စည်းကြပ်ခွန်” သည် ဧပြီ ၂ ရက်တွင် စတင်အသက်ဝင်မည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် ဖေဖော်ဝါရီ ၁ ရက်တွင် အမိန့်ကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါအမိန့်အရ မက္ကဆီကိုနှင့် ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၎င်းအနက် ကနေဒါ၏ စွမ်းအင်ထုတ်ကုန်များအပေါ် တိုးမြှင့်ကောက်ခံမည့် စည်းကြပ်ခွန် ပမာဏသည် ၁၀ ရာခိုင်နှုန်းဖြစ်သည်။
ထရမ့်က ဖေဖော်ဝါရီ ၃ ရက်တွင် နှစ်နိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံအား ရက် ၃၀ ရွှေ့ဆိုင်းလိုက်ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု အစီအမံသည် မတ် ၄ ရက်တွင် အသက်ဝင်မည်ဖြစ်သည်။ ထို့အပြင် ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်တွင် စာချွန်လွှာ၌ လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာဌာနများအား နိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်များနှင့် “အလားတူ စည်းကြပ်ခွန်” သတ်မှတ်အတည်ပြုရန် တောင်းဆိုခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
特朗普:对墨加两国加征25%关税措施4日生效
新华社华盛顿3月3日电(记者熊茂伶 胡友松)美国总统特朗普3日说,拟对墨西哥和加拿大加征25%关税的措施将于4日生效。
特朗普当天在白宫回答媒体相关提问时作出上述表态。他说,墨西哥和加拿大“必须”在美国设立汽车工厂和其他设施,“这样他们就不必支付关税”。
特朗普还表示,“对等关税”将于4月2日生效。
特朗普于2月1日签署行政令,对进口自墨西哥、加拿大两国的产品加征25%的关税,其中对加拿大能源产品的加税幅度为10%。2月3日,特朗普宣布对两国加征关税措施暂缓30天实施,并继续进行谈判。根据这一决定,相关加征关税措施将于3月4日生效。此外,特朗普2月13日签署备忘录,要求相关部门确定与每个外国贸易伙伴的“对等关税”。(完)
图说:2月13日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄