Asia
ဘရူနိုင်းနိုင်ငံက မတ် ၈ ရက်မှစတင်၍ တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ အကောင်အထည်ဖော်မည်

ဘန်ဒါဆရီဘီဂါဝန်၊ မတ် ၈ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံ အစိုးရက သာမန်နိုင်ငံကူးလက်မှတ်စာအုပ်ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို မတ် ၈ ရက်မှစတင်၍ တရားဝင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဘရူနိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက မတ် ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသားများကိုင်ဆောင်ထားသော သာမန်နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းမှာ ၆ လအထက်ရှိရမည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံသို့ သတ်မှတ်ထားသော မည်သည့် နယ်စပ်ဂိတ်မှမဆို ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်ပြီးနောက် ဘရူနိုင်းနိုင်ငံတွင် အများဆုံးနေထိုင်ခွင့်မှာ ၁၄ ရက် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
တရုတ်နိုင်ငံသားများ ဘရူနိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့်ကာလအတွင်း ဒေသဆိုင်ရာ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဓလေ့ထုံးတမ်းများ လိုက်နာရန်၊ ယဉ်ကျေးမှုဖြင့် ဘေးကင်းလုံခြုံစွာ ခရီးသွားရန် ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတိပေးခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
文莱8日起对中国公民实施免签入境政策
新华社斯里巴加湾3月7日电(记者李萌)文莱移民局6日发布公告说,自3月8日起,文莱政府对持有普通护照的中国公民正式实施免签入境政策。
根据公告,中国公民所持普通护照有效期须在6个月以上,可从任何指定的边境口岸进入文莱,无需签证。免签入境后,在文莱停留时间最长为14天。
中国驻文莱使馆提醒中国公民来文期间注意遵守当地法律法规和风俗习惯,安全文明出行。(完)