Connect with us

China

ဝမ်ရိနှင့် ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဧပြီ ၂၂ ရက်တွင် ဖိတ်ကြားချက်အရ ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက ဩစတြီးယားနိုင်ငံသည် သမိုင်းအနှစ်သာရနက်ရှိုင်းလှပြီး နိုင်ငံခြားရေးမူဝါဒ ရင့်ကျက်တည်ငြိမ်ကာ တရုတ်-ဩစတြီးယား ဆက်ဆံရေးမှာ ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း၊ နှစ်ဖက်သည် မိတ်ဖက်ဆက်ဆံရေး အနေအထားကို အစဉ်အမြဲထိန်းသိမ်းကာ ပူးပေါင်းဆောင်ရွက်မှု အခြေခံလမ်းစဉ်ကို လိုက်နာ၍ အပြန်အလှန် လေးစားခြင်း၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

ဩစတြီးယား အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသော မူဝါဒကို ဆက်လက်ကျင့်သုံးကာ နှစ်နိုင်ငံဆက်ဆံရေးကို တွန်းအားပေးပြီး လက်ရှိနိုင်ငံတကာအခြေအနေကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကျော်လွှား၍ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုကို တစ်ဆင့်တိုးရင်းနှီးအောင် ဆောင်ရွက်၍ အပြန်အလှန်ယုံကြည်မှုအခြေခံအား ခိုင်မြဲစေကာ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ စီမံထိန်းချုပ်သွားရန် ဆန္ဒရှိကြောင်း၊ တရုတ်-ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အခါအခွင့်ကြုံခိုက် အကျိုးရှိသော အတွေ့အကြုံများကို စုစည်းကာ နောက်ထပ်အောင်မြင်သော နှစ် ၅၀ အား အတူတကွ ထပ်မံဖွင့်လှစ်ရန် ဆန္ဒရှိကြောင်း၊ ဩစတြီးယားဘက်က ယင်းအတွက် တက်ကြွသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် မျှော်လင့်ကြောင်းလည်း ဝမ်ရိက ပြောကြားခဲ့သည်။

အမေရိကန်သည် မိမိဆန္ဒအလျောက် နိုင်ငံများအပေါ် စည်းကြပ်ခွန် အလွဲသုံးကောက်ခံခြင်းသည် နိုင်ငံတကာ ကုန်သွယ်စီးပွား စည်းမျဉ်းစည်းကမ်းနှင့် စည်းစနစ်ကို ဆိုးရွားစွာ ထိုးနှက်မှုဖြစ်စေကြောင်း၊ ယင်းသည် စံတင်သည့် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် စီးပွားရေးအရ ဗိုလ်ကျအနိုင်ကျင့်သောလုပ်ရပ်ဖြစ်ကြောင်း ဝမ်ရိက ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တာဝန်သိစိတ်ရှိသောနိုင်ငံအနေဖြင့် ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ဆက်လက်ခိုင်မြဲစွာ ကာကွယ်ပြီး နိုင်ငံတကာဥပဒေအား အခြေခံသည့် နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းကာ အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအား ကမ္ဘာကြီးနှင့် အတူတကွမျှဝေသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး၏ မဏ္ဍိုင်ကြီးနှစ်ရပ်နှင့် ဈေးကွက်ကြီးနှစ်ခုအနေဖြင့် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် နိုင်ငံတကာတာဝန်ကို ထမ်းဆောင်ပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အတူတကွ ကာကွယ်စောင့်ရှောက်ကာ တံခါးဖွင့်လှစ်မှုအသွင် ကမ္ဘာကြီးအား အတူတည်ဆောက်သင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Beate Meinl-Reisinger က တရုတ်နိုင်ငံသည် ဩစတြီးယား၏ အာရှတိုက်တွင် အရေးကြီးဆုံး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ နှစ်ဖက် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ခရီးသွားလာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများသည် ရလဒ်များစွာရရှိခဲ့ပြီး ကြီးမားသော အလားအလာရှိကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေသည် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပွားလာရာ ဩစတြီးယားဘက်က တရုတ်နိုင်ငံနှင့်အတူ နှစ်ဖက်နှင့် နိုင်ငံစုံကဏ္ဍများတွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား တန်ဖိုးထား၍ နက်ရှိုင်းအောင် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဩစတြီးယားအစိုးရသစ်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စွဲမြဲစွာကိုင်စွဲထားပြီး တရုတ်နိုင်ငံအပေါ် မူဝါဒ စဉ်ဆက်မပြတ်ရှိမှု ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၅၀ ပြည့်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ ဥရောပသမဂ္ဂ-တရုတ်ဆက်ဆံရေး၏ တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရန်၊ တစ်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ရန် မျှော်လင့်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် စည်းလုံးညီညွတ်စွာ မိမိကိုယ်ပိုင် အကျိုးစီးပွားနှင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်အား ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
王毅同奥地利外长迈因尔-赖辛格通电话
新华社北京4月22日电 4月22日,中共中央政治局委员、外交部长王毅应约同奥地利外长迈因尔-赖辛格通电话。
王毅表示,奥地利历史积淀深厚,外交政策成熟稳定,中奥关系保持着健康发展。双方始终坚持伙伴定位,坚持合作主基调,坚持相互尊重、求同存异。希望奥地利新政府继续奉行对华友好政策,推动两国关系克服当前国际形势带来的挑战,为世界的和平与发展发挥建设性作用。中方愿同欧盟进一步密切高层交往,夯实互信基础,妥善管控分歧,以中欧建交50周年为契机,总结有益经验,共同开辟下一个成功的50年。希望奥地利继续为此发挥积极作用。
王毅指出,美国随心所欲向各国滥施关税,严重冲击国际经贸规则和秩序,这是典型的单边主义、保护主义和经济霸凌行径。中国作为负责任国家,将继续坚定维护以联合国为核心的国际体系,维护以国际法为基础的国际秩序,以高水平对外开放同世界共享发展机遇。作为世界经济两大支柱和两大市场,中欧应扛起国际责任,共同捍卫多边贸易体制,共建开放型世界经济。
迈因尔-赖辛格表示,中国是奥地利在亚洲的重要合作伙伴,双边经贸、旅游等领域合作富有成果,潜力巨大。当前国际形势发生重大变化,奥方珍视并期待深化同中国在双多边的良好合作关系。奥新政府坚持一个中国政策,将保持对华政策连续性。今年是欧盟同中国建交50周年,欧盟期待加强对华经贸合作,保持欧中关系的稳定和建设性发展,共同应对全球性挑战。欧盟将团结一致,维护自身利益和多边贸易体制。(完)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.