China
ဂျပန်နိုင်ငံ၏ နျူကလီးယားရေဆိုးစွန့်ပစ်မှုအပေါ် ဆန့်ကျင်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမှုမရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ၏ နျူကလီးယားရေဆိုးစွန့်ပစ်မှုအပေါ် ဆန့်ကျင်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမှုမရှိကြောင်း၊ ပင်လယ်ပြင်သို့ ရေဆိုးစွန့်ပစ်မှုကို နိုင်ငံတကာ စောင့်ကြပ်စစ်ဆေးစမ်းသပ်မှုအောက်တွင် အာမခံဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံအနေဖြင့် ကတိကဝတ်များကို လက်တွေ့ဖော်ဆောင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) စသည့် သက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့အစည်းများနှင့် အတူဆက်လက်၍ တိုက်တွန်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပညာရှင်များ ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ဖူကူရှီးမား နျူးကလီးယားရေဆိုးနှင့်သက်ဆိုင်သည့် နမူနာကို သီးခြားယူဆောင်ခဲ့ကြောင်း၊ ယခုရက်ပိုင်းများတွင် စမ်းသပ်စစ်ဆေးမှုရလဒ်ထွက်ရှိပြီဖြစ်ရာ အသေးစိတ်အခြေအနေများကို မိတ်ဆက်ပေးနိုင်မည်လော ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
“သက်ဆိုင်ရာ ဌာနမှ သိရှိရတာက ယခုနှစ် ဖေဖော်ဝါရီလမှာ ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်သို့ သွားရောက်ပြီး သီးခြားယူဆောင်လာခဲ့သော ပင်လယ်ရေ၊ အဏ္ဏဝါဇီဝ စတဲ့ နမူနာတွေကို တရုတ်သိပ္ပံနှင့် သုတေသနဌာနက စစ်ဆေးစမ်းသပ်၊ ခွဲခြမ်းစိတ်ဖြာပြီးပါပြီ။ နမူနာမှာ tritium ၊ caesium-134 ၊ caesium-137 ၊ strontium-90 အစရှိသော ရေဒီယိုသတ္တိကြွ နျူကလိုက်ဒ်များ၏ ရေဒီယိုသတ္တိကြွအဆင့်က ပုံမှန်မဟုတ်သော အခြေအနေများ မတွေ့ရှိရဘူး” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် တရုတ်နိုင်ငံက သက်ဆိုင်ရာ စစ်ဆေးစမ်းသပ်သည့် အချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) သို့ ပေးပို့သွားမည် ဖြစ်ပြီး ၎င်းမှတစ်ဆင့် တစ်စုတစ်စည်းတည်း စာရင်းပြုစု ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လျင်ကျ့န်က ပြောကြားခဲ့သည်။
“တစ်ကြိမ် စမ်းသပ်စစ်ဆေးတဲ့ရလဒ်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေမရှိခြင်းက နောင်အခါ စစ်ဆေးစမ်းသပ်တဲ့အခါ ပြဿနာမရှိနိုင်ဘူးလို့ အာမမခံနိုင်ကြောင်းကို တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ထောက်ပြပြောကြားခဲ့ပါတယ်” ဟု လျင်ကျန့်က ဆိုသည်။
မကြာမီရက်ပိုင်းက ကျင်းပသည့် တရုတ်-ဂျပန် စီးပွားရေး အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံက ပင်လယ်ပြင်သို့ ရေဆိုးစွန့်ပစ်မှုကို ရေရှည်နိုင်ငံတကာစောင့်ကြည့်စမ်းသပ်စစ်ဆေးမှုနှင့် တရုတ်နိုင်ငံ၏ သီးခြား နမူနာယူ စောင့်ကြည့်စမ်းသပ်စစ်ဆေးမှုကို လက်ခံသည်ဟု ထပ်လောင်းပြောကြားကာ အထက်ပါ စောင့်ကြည့်စမ်းသပ်စစ်ဆေးရေး လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ရန် အတည်ပြုခဲ့ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံ၏ နျူကလီးယားရေဆိုး စွန့်ပစ်မှုအပေါ် ဆန့်ကျင်တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ဘယ်အခါမှ မပြောင်းလဲပါဘူး။ ရေဆိုးစွန့်ပစ်မှုကို နိုင်ငံတကာ စောင့်ကြပ်စစ်ဆေးစမ်းသပ်မှုအောက်မှာ အာမခံထား ဆောင်ရွက်နိုင်ဖို့ ဂျပန်နိုင်ငံအနေနဲ့ ကတိကဝတ်တွေကို လက်တွေ့ဖော်ဆောင်ဖို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုက်အဝန်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) စတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်အဖွဲ့အစည်းများတွေနဲ့အတူ ဆက်လက်၍ တိုက်တွန်းသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
外交部:中方反对日方排放核污染水的立场从未变化
新华社北京4月7日电(记者袁睿、成欣)中国外交部发言人林剑7日表示,中方反对日方排放核污染水的立场从未变化,将继续会同国际社会和国际原子能机构等相关专业组织,敦促日方切实履行承诺,确保排海处于国际监督之下。
当日例行记者会上,有记者问:据报道,今年2月,中国专家再次赴日本福岛第一核电站独立采集福岛核污染水有关样本,近日已得出检测结果,能否介绍具体情况? “经向有关部门了解,中方科研机构已完成对今年2月赴日本福岛核电站附近海域独立采集的海水、海洋生物等样本的检测、分析,样本中氚、铯-134、铯-137、锶-90等放射性核素活度浓度未见异常。”林剑说,后续,中方相关检测数据将提交国际原子能机构,由其统一汇总发布。
“中方多次指出,单次检测结果没有异常不能保证今后检测都没有问题。”林剑说。 林剑表示,在日前举行的中日经济高层对话中,日方重申接受对排海的长期国际监测和中方独立取样监测,确认持续开展上述监测活动。
“中方反对日方排放核污染水的立场从未变化,我们将继续会同国际社会和国际原子能机构等相关专业组织,敦促日方切实履行承诺,确保排海处于国际监督之下。”他说。(完)