Connect with us

China

ထျယ်နင်က တရုတ်-ထိုင်း ချစ်ကြည်ရင်းနှီးမှု ကူးလူးဖလှယ်ရေး အခမ်းအနားသို့ တက်ရောက်၍ ထိုင်းတော်ဝင် မင်းသမီး မဟာချက္ကရီ သီရိဒုံနှင့် တွေ့ဆုံ

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယအကြီးအကဲ ထျယ်နင်သည် ဧပြီ ၈ ရက်တွင် တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း၌ တရုတ်-ထိုင်း ချစ်ကြည်ရင်းနှီးမှု ကူးလူးဖလှယ်ရေး အခမ်းအနားသို့ တက်ရောက်၍ ထိုင်းနိုင်ငံ မင်းသမီး မဟာ ချက္ကရီ သီရိဒုံနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယအကြီးအကဲ ထျယ်နင်သည် ဧပြီ ၈ ရက်တွင် တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း၌ တရုတ်-ထိုင်း ချစ်ကြည်ရင်းနှီးမှု ကူးလူးဖလှယ်ရေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထိုင်းတော်ဝင် မင်းသမီး မဟာချက္ကရီ သီရိဒုံ (Maha Chakri Sirindhorn) နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ထျယ်နင်က ထိုင်းတော်ဝင် မင်းသမီး မဟာချက္ကရီ သီရိဒုံ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းအား ကြိုဆိုခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်၏ ထိုင်းနိုင်ငံ ဘုရင် မဟာ ဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) အပေါ် ရင်းနှီးစွာနှုတ်ခွန်းဆက်သမှုနှင့် ဆုမွန်ကောင်းတောင်းပေးမှုကို မင်းသမီး မဟာချက္ကရီ သီရိဒုံမှ တစ်ဆင့် ပြောကြားရန်မေတ္တာရပ်ခံခဲ့ကြောင်း၊ မင်းသမီး မဟာချက္ကရီ သီရိဒုံ၏ တရုတ်-ထိုင်း ချစ်ကြည်ရေးမြှင့်တင်ရန်အတွက် အရေးပါသော အကျိုးထမ်းဆောင်မှုများအား များစွာ ချီးကျူးပါကြောင်းပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့်နှင့် “တရုတ်-ထိုင်းချစ်ကြည်ရေး၏ နှစ် ၅၀ ပြည့် ရွှေရတု” ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုတွင် တိုးတက်မှုအသစ်များ အဆက်မပြတ် ရရှိရန် တွန်းအားပေးသွားလိုကြောင်း ထျယ်နင်က ပြောကြားခဲ့သည်။
မင်းသမီး မဟာချက္ကရီ သီရိဒုံက တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်တိုင်းတွင် တရုတ်ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲရှီမှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို ခံစားရကြောင်း၊ ထိုင်း-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
铁凝出席中泰友好交流活动并会见泰国公主诗琳通
新华社北京4月8日电 4月8日,全国人大常委会副委员长铁凝在中国人民对外友好协会出席中泰友好交流活动,并会见泰国公主诗琳通。
铁凝欢迎诗琳通公主访华,请其转达习近平主席对哇集拉隆功国王陛下的亲切问候和良好祝愿,高度赞赏诗琳通公主为增进中泰友好所作重要贡献。铁凝表示,今年是中泰建交50周年暨“中泰友谊金色50年”,中方愿同泰方一道,推动中泰命运共同体建设不断取得新的发展。
诗琳通表示,每次访华都能感受到中国人民的热情友好,祝愿泰中友谊万古长青。(完)
图说:4月8日,全国人大常委会副委员长铁凝在中国人民对外友好协会出席中泰友好交流活动,并会见泰国公主诗琳通。 新华社记者 姚大伟 摄