Connect with us

Africa & Middle East

အနာဂတ် မည်သည့်ဆွေးနွေးညှိနှိုင်းမှုမဆို စစ်မီးလျှံများအောက်တွင် လုပ်ဆောင်သွားမည်ဟု အစ္စရေး ဆို

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့၌ သဲမုန်တိုင်းရာသီဥတုအခြေအနေအောက်တွင် နေရပ်စွန့်ခွာသူများ စုစည်းရာနေရာအား ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ မူဝါဒအရ စစ်ရေးရည်မှန်းချက်အားလုံး ဖော်ဆောင်နိုင်ရန်အတွက် အနာဂတ်တွင် မည်သည့် ဆွေးနွေးညှိနှိုင်းမှုကိုမဆို စစ်မီးလျှံများအောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက မေ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က အမေရိကန်နှင့် အစ္စရေး နိုင်ငံသားဖြစ်ခွင့်နှစ်ခု ကိုင်ဆောင်ထားသော ဖမ်းဆီးခံထားရသူ Edan Alexander ပြန်လွှတ်ပေးမည်ကို အမေရိကန်ဘက်က အစ္စရေးအား အသိပေးပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်သည် ဟားမက်စ်ဘက်က အမေရိကန်ဘက်သို့ သဘောထားဖော်ပြချက်တစ်မျိုးဖြစ်ကြောင်း၊ နှစ်ဖက်က အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steven Witkoff ထိုမတိုင်မီကအဆိုပြုသော အပစ်အခတ်ရပ်စဲရေး နည်းလမ်းအရ ကျန်ရှိသော ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရန် တွန်းအားပေးသွားနိုင်ခြေရှိကြောင်း၊ အစ္စရေးဘက်က ထိုမတိုင်မီ အဆိုပါနည်းလမ်းအား သဘောတူညီပြီးဖြစ်ကာ အဆိုပါနည်းလမ်း အကောင်အထည်ဖော်ဆောင်နိုင်ခြေရှိမှုအတွက် ပြင်ဆင်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဟားမက်စ်ဘက်က လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမေရိကန်အစိုးရနှင့် ထိတွေ့မှု လုပ်ဆောင်ခဲ့ကြောင်း၊ Edan Alexander အား ပြန်လွှတ်ပေးခြင်းသည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး၊ နယ်စပ်ဂိတ် ဖွင့်လှစ်ရေး၊ ကူညီထောက်ပံ့သည့်ပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများထံ ပို့ဆောင်နိုင်ရေးအတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဟားမက်စ်ဘက်က မေ ၁၁ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်၍ပြောကြားခဲ့သည်။

ဟားမက်စ်ဘက်က စတင်ဆွေးနွေးညှိနှိုင်းရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ စစ်ပွဲရပ်တန့်ရန်နှင့် ဖမ်းဆီးခံထားရသူများကို အလဲအလှယ်ပြုလုပ်ရန်အတွက် နောက်ဆုံးသဘောတူညီချက်ရရှိအောင် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လာမည့်နှစ်များအတွင်း အဆိုပါဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး တစ်ချိန်တည်းတွင် ပြန်လည်တည်ဆောက်ခြင်းနှင့် ပိတ်ဆို့မှု ဖယ်ရှားခြင်းအား လုပ်ဆာင်နိုင်ရန်အတွက် လွတ်လပ်၍ ကျွမ်းကျင်သော ကော်မတီတစ်ခုက ဂါဇာကမ်းမြောင်ဒေသအား စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

———————
(Chinese Version)
以色列:未来任何谈判都将在炮火中进行
新华社耶路撒冷5月11日电(记者冯国芮 王卓伦)以色列总理办公室11日发表声明说,根据以色列的政策,任何未来谈判都将在炮火中进行,以实现所有战争目标。
声明说,美国方面已通知以色列,巴勒斯坦伊斯兰抵抗运动(哈马斯)将释放拥有美国和以色列双重国籍的被扣押人员艾丹·亚历山大,此举是哈马斯向美方展现的一种姿态,预计将促成双方根据美国中东问题特使史蒂文·威特科夫此前提出的停火方案,就释放剩余被扣押人员展开谈判。以色列此前已同意该方案,并正在为该方案可能实现做准备。
哈马斯11日晚发表声明说,哈马斯在过去几天与美国政府进行了接触,释放艾丹·亚历山大是实现加沙地带停火、开放边境口岸、允许援助物资送达加沙地带民众的努力的一部分。哈马斯已准备好开始谈判,尽最大努力达成最终协议,以停止战争、交换被扣押人员,并由一个独立、专业的委员会管理加沙地带,确保该地区在未来多年保持平静和稳定,同时进行重建和结束封锁。(完)
图说:这是4月30日在加沙城拍摄的沙尘天气下的流离失所者聚集区。新华社发(里泽克·阿卜杜勒贾瓦德摄)