Asia
ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ

မနီလာ၊ မေ ၁၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၅ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကို မေ ၁၂ ရက်တွင် ကျင်းပခဲ့ရာ နာမည်စာရင်းသွင်းထားသည့် မဲဆန္ဒရှင် သန်း ၇၀ နီးပါးက မဲပေးရန် ပါဝင်ကြမည်ဖြစ်သည်။
ယခုအကြိမ် ရွေးကောက်ပွဲသည် အောက်လွှတ်တော်ရှိ အမတ်နေရာအားလုံးဖြစ်သော ၃၁၇ နေရာနှင့် အထက်လွှတ်တော်ရှိ အမတ်နေရာ ၂၄ နေရာအနက် ၁၂ နေရာကို ပြန်လည်ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ ပြည်နယ်၊ မြို့ကြီးအားလုံး၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲများနှင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်များကိုလည်း ပြန်လည်ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံ လွှတ်တော်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ နှစ်ရပ်ပါဝင်သည်။ အထက်လွှတ်တော်မှာ လွှတ်တော်အမတ် ၂၄ ဦးဖြင့် ဖွဲ့စည်းထားကာ ရာထူးသက်တမ်းမှာ ၆ နှစ်ဖြစ်ပြီး ၃ နှစ်ကြာတိုင်း အမတ်နေရာတစ်ဝက်ကို ပြန်လည်ရွေးကောက်တင်မြှောက်ကြခြင်းဖြစ်သည်။ အောက်လွှတ်တော် ရာထူးသက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး ၃ နှစ်လျှင် တစ်ကြိမ်ပြန်လည်ရွေးကောက်တင်မြှောက်သည်။
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးက Davao မြို့ မြို့တော်ဝန်ရာထူးအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒူတာတေးသည် ယခုနှစ် မတ်လတွင် မနီလာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် ထိန်းသိမ်းခံထားရသည်။ ဖိလစ်ပိုင် ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်း ဖမ်းဆီးခံထားရခြင်းသည် ၎င်း၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်အား ပယ်ဖျက်ခံရမည်မဟုတ်ကြောင်း သိရသည်။
ရွေးကောက်ပွဲကာလအတွင်း တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းထားနိုင်ရန် ဖိလစ်ပိုင် ရဲတပ်ဖွဲ့က မေ ၃ ရက်မှ စ၍ “အပြည့်အဝ တပ်လှန့်” ထားခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင် ရဲတပ်ဖွဲ့ဝင် အရေအတွက် ၁၆၀,၀၀၀ ကျော်ကို ဖြန့်ကြက်ထားသည်။
ယခုအကြိမ် ကြားဖြတ် ရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များကို ၅ ရက်မှ ၇ ရက်အကြာတွင် ကြေညာပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
菲律宾举行2025年中期选举
新华社马尼拉5月12日电(记者杨云起)菲律宾12日举行2025年中期选举,近7000万登记选民将参加投票。
据菲律宾选举委员会介绍,本次选举将改选国会众议院全部317个席位和参议院24个席位中的12席。此外,全菲各省市地方行政首长和地方议会议员也将改选。
菲律宾国会包括参众两院,参议院由24名议员组成,任期6年,每3年改选半数席位。众议员任期3年,每3年改选一次。
菲律宾前总统杜特尔特将角逐达沃市市长一职。今年3月,杜特尔特在马尼拉机场被捕,目前被羁押在荷兰海牙的国际刑事法院。根据菲律宾选举法,候选人被捕不会导致其失去参选资格。
为维持选举期间治安,菲律宾警方已于5月3日进入“全面警戒”状态,并在全国部署超过16万名警察。
菲律宾选举委员会表示,本次中期选举官方结果将在5到7天内宣布。(完)