China
သမ္မတ ရှီကျင့်ဖိန် တရုတ်-CELAC ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်မည်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မိတ်ဆက်ပြောကြား

ပေကျင်း၊ မေ ၁၂ ရက် (ဆင်ဟွာ)
သမ္မတ ရှီကျင့်ဖိန်က တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်မည်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၁ ရက်တွင် ပြည်တွင်းပြည်ပမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးလက်ထောက် မြောင်တယ်ယွီက သက်ဆိုင်ရာ အခြေအနေများအား မိတ်ဆက်ပြောကြားခဲ့သလို မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည်။
မြောင်တယ်ယွီက ယခုအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေး၏ အဓိကခေါင်းစဉ်မှာ “ဖွံ့ဖြိုးတိုးတက်ရေး အတူဆွေးနွေးခြင်းဖြင့် တရုတ်-CELAC အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်မည်” ဟူ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံ (LAC) ဆက်ဆံရေး တိုးတက်မှုအား ပြန်လည်အောက်မေ့ကာ တရုတ်-LAC အေးအတူပူအမျှ အသိုက်အဝန်း အရေးကြီးအတွေးအခေါ်၏ ပြည့်ဝသည့်အနက်အဓိပ္ပာယ်၊ ဖော်ဆောင်သည့် အောင်မြင်မှုနှင့် ကျယ်ပြန့်သည့် အလားအလာကို ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း၊ တရုတ်-LAC ဆက်ဆံမှု တိုးတက်ရေး၏ အဆိုပြုချက်သစ်၊ အစီအမံသစ်များကို အဆိုပြုကာ တရုတ်-LAC ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းနိုင်ရေးအတွက် ဦးတည်ချက်ကို လမ်းညွှန်ပေးပြီး စွမ်းအားသစ်များ ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အောင်မြင်မှုရလဒ်ဆိုင်ရာ သဘောတူစာချုပ်များစွာကို အတည်ပြုမည် ဖြစ်ရာ နှစ်ဖက်က သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှု၊ ဉာဏ်ရည်တု၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ၊ စက်မှုနှင့် သတင်းအချက်အလက်အသွင်ပြောင်းမှု၊ စွမ်းအင်သတ္တု၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်ရေး စသည့် ကဏ္ဍများနှင့်စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှု အသေးစိတ်အစီအမံများ ပါဝင်မည် ဖြစ်ကာ တရုတ်-LAC ၏ ငြိမ်းချမ်းရေးလိုလားမှု၊ ဖွံ့ဖြိုးတိုးတက်ရေး အားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မှုကဏ္ဍများတွင် ခိုင်မာသည့် သန္နိဋ္ဌာန်ကို ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၁၀ နှစ်မတိုင်မီက တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ပေကျင်းမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်-LAC ဆက်ဆံရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအလုံးစုံ အတူတကွ အပြန်အလှန် မြှင့်တင်သည့် အဆင့်သစ်ကို တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း မြောင်တယ်ယွီက ပြောကြားခဲ့သည်။
၁၀ နှစ်ကြာကာလအတွင်း နိုင်ငံ့ခေါင်းဆောင်များသံတမန်ဆက်ဆံရေး မဟာဗျူဟာ ဦးဆောင်မှုနှင့် နှစ်ဖက်အတူတကွ ကြိုးပမ်းမှုအောက်တွင် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ်သည် ဝန်ကြီးအဆင့် အစည်းအဝေး၊ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) “Quartet” နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲ၊ အမျိုးသား ညှိနှိုင်းရေးမှူးများ အစည်းအဝေး စသည့် ယန္တရားများကို ထူထောင်ခဲ့ရာ တရုတ်-CELAC အလုံးစုံ ပူးပေါင်းဆောင်ရွက်မှု၏ ပင်မ မဏ္ဍိုင်များ တည်ဆောက်ခဲ့ကြောင်း၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် တရားဝင်လည်ပတ်သည့် ၁၀ နှစ်ပြည့် အခါသမယတွင် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပခြင်းသည် တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ နှစ်ဖက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သည့် အစဉ်အလာကို ဆက်ခံ၍ ခြေလှမ်းသစ်ကို တက်လှမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အတူဆွေးနွေးခြင်း၊ အနာဂတ် အတူဖန်တီးခြင်း၏ အရေးကြီးသည့် အစီအမံ ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ (LAC) ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်တွင် အရေးကြီးသည့် အမှတ်သင်္ကေတအသွင် အနက်အဓိပ္ပာယ်ရှိရာ ကမ္ဘာတစ်ဝန်းသို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကိုင်တွယ်ခြင်း၏ ရှင်းလင်းသော သတင်းစကားပါးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးဖွဲ့စည်းပုံအစိတ်အပိုင်း ဖြစ်ကြောင်း၊ ဧရာမကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ်ကို ပိုင်ဆိုင်ထားရာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ကာကွယ်ထိန်းသိမ်းရာတွင် အရေးကြီးသည့် အင်အားဖြစ်ကြောင်း မြောင်တယ်ယွီက အလေးထားပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအပေါ် ဆက်ဆံရေးကို မြင့်မားသော မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ အစဉ်အမြဲရှုမြင်ပါကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသများသို့ ရှေ့ဆင့်နောက်ဆင့် ၆ ကြိမ် သွားရောက်ခဲ့ရာ နှစ်ဖက်၊ ဘက်ပေါင်းစုံ ပလက်ဖောင်းများတွင် ယင်းဒေသ နိုင်ငံများ၏ ခေါင်းဆောင်များနှင့်အတူ နီးကပ်စွာ သွားလာမှုရှိခဲ့ရာ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ (LAC) ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ကို ကိုယ်တိုင် ရေးဆွဲခဲ့ကြောင်း၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ဆက်ဆံရေး တန်းတူညီမျှသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော၊ ဆန်းသစ်ဖန်တီးသော၊ တံခါးဖွင့်လှစ်သော၊ အများအကျိုးဖြစ်ထွန်းသော ကဏ္ဍသစ်သို့ ဝင်ရောက်ရေးကို ဦးဆောင်ခဲ့ရာ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း၏ အနက်အဓိပ္ပာယ်နက်ရှိုင်းလာအောင် ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ဗိုလ်ကျစိုးမိုးမှုနှင့် အင်အားနိုင်ငံရေးကို ဆန့်ကျင်ခြင်း၊ တန်းတူညီမျှ၍ အပြန်အလှန် လေးစားမှုကို အဆိုပြုခြင်းသည် တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ၏ နှစ်ဖက်အတူတကွ လိုလားမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများသည် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်းကို ထောက်ခံသလို နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထောက်ခံကြောင်း၊ တစ်ဖက်သတ်ဝါဒနှင့် စီးပွားရေး အနိုင်ကျင့်ဗိုလ်ကျမှုကို ဆန့်ကျင်သလို ကုန်သွယ်စီးပွားဆက်ဆံရေးအား နိုင်ငံရေးအသွင်၊ လက်နက်အသွင်ပြောင်းခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး အခွင့်အခိုက်တွင် လက်တင်အမေရိက၊ ကာရေဘီယံနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကြီးကို အတူတကွ ဆွေးနွေးကာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးအား တွန်းအားပေးခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းခြင်းအတွက် ဉာဏ်ပညာနှင့် အင်အားများဖြင့် အတူတကွ အကျိုးဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတို့နှင့် စပ်လျဉ်း၍လည်း မြောင်တယ်ယွီက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ (Xinhua)
————————————————————————————–
(Chinese Version)
外交部就习近平主席将出席中拉论坛第四届部长级会议开幕式介绍情况
新华社北京5月11日电(记者马卓言、冯歆然)5月11日,外交部就习近平主席出席中拉论坛第四届部长级会议开幕式举行中外媒体吹风会。外交部部长助理苗得雨介绍有关情况并答问。
苗得雨表示,本次部长级会议主题为“共商发展振兴 共建中拉命运共同体”。习近平主席将出席会议开幕式并发表重要讲话,回顾中拉关系发展,阐述中拉命运共同体重要理念的丰富内涵、实践成就和广阔前景,提出发展中拉关系的新倡议新举措,为中拉关系行稳致远指明方向、注入新动能。会议将通过多份成果文件,涉及双方在科技创新、经贸投资、人工智能、金融、基础设施、农业粮食、工业和信息化、能源矿产以及共建“一带一路”等领域合作具体举措,展现中拉在求和平、谋发展、促合作方面的坚定决心。
苗得雨说,十年前,中拉论坛首届部长级会议在北京成功举行,正式开启中拉关系双边合作与整体合作并行互促的新阶段。十年来,在元首外交战略引领和双方共同努力下,中拉论坛建立了部长级会议、中国-拉共体“四驾马车”外长对话、国家协调员会议等机制,搭建起中拉整体合作的四梁八柱。在中拉论坛正式运行十周年之际,举办第四届部长级会议是中拉双方协商采取的承前启后、共商合作、共创未来的重要举措,在中拉合作进程中具有重要标志性意义,将向全世界发出团结协作、共同应对全球性挑战的清晰信号。
苗得雨强调,拉美和加勒比地区是全球南方重要组成部分,拥有巨大发展潜力和良好发展前景,是维护世界和平与发展的重要力量。中国政府一贯从战略高度和长远角度看待和发展中拉关系。习近平主席先后6次访问拉美和加勒比地区,在双多边场合同地区国家领导人密集互动,亲自擘画中拉关系发展蓝图,引领中拉关系进入平等、互利、创新、开放、惠民的新阶段,赋予中拉命运共同体深刻内涵。反对霸权强权、倡导平等互尊是中拉双方共同追求。中拉双方都支持经济全球化,支持多边主义和多边贸易体制,反对单边主义、经济霸凌,反对将经济贸易关系政治化、武器化。中方愿以中拉论坛第四届部长级会议为契机,同拉方共商发展大计、共襄合作盛举,共同为应对全球性挑战、推动全球治理变革、维护世界和平稳定贡献智慧和力量。
苗得雨还就中拉关系和全球贸易等答问。(完)