China
အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲရေး အရှိန်အဟုန် ခိုင်မြဲရေးနှင့် စဉ်ဆက်မပြတ်ရေး လုပ်ဆောင်သွားရန် မျှော်လင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ခြင်းအား ထောက်ခံအားပေး၍ ကြိုဆိုပါကြောင်း၊ အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲရေး အရှိန်အဟုန် ခိုင်မြဲရေးနှင့် စဉ်ဆက်မပြတ်ရေး လုပ်ဆောင်သွားရန်၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများအား သင့်လျော်စွာဖြေရှင်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
သတင်းဖော်ပြချက်များအရ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မေ ၁၀ ရက်တွင် သဘောတူညီချက် ရရှိခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြောင်း၊ နှစ်ဖက်သည် မေ ၁၂ ရက်တွင် နောက်ထပ် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၀ ရက် ညပိုင်းတွင် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး Shri Ajit Doval တို့အား သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ကို မိမိတို့ သတိပြုမိကြောင်း၊ နိုင်ငံအများအပြားကလည်း အိန္ဒိယ-ပါကစ္စတန် တင်းမာမှုအခြေအနေ ပြေလျော့ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က ယင်းအပေါ်ကျေးဇူးတင်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့သည်။
လျင်ကျန့်က အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ခြင်းသည် အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်၏ အခြေခံနှင့် ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုအတွက် အကျိုးရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၏ အများမျှော်လင့်ချက်လည်းဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေး၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ရွှေ့ပြောင်း၍မရသော အိမ်နီးချင်းများဖြစ်သလို တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများလည်းဖြစ်ကြောင်း၊ အိန္ဒိယ-ပါကစ္စတန် အခြေအနေတင်းမာမှု ဖြစ်ပွားသည့်အချိန်မှစ၍ တရုတ်နိုင်ငံသည် သက်ဆိုင်ရာဘက်အသီးသီးနှင့် အမြဲနီးကပ်စွာ ညှိနှိုင်းဆွေးနွေးခဲ့ရာ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံက ထိန်းထိန်းသိမ်းသိမ်း တည်တည်ငြိမ်ငြိမ် လုပ်ဆောင်ခြင်းဖြင့် အခြေအနေ အရှိန်မြင့်တက်လာခြင်းအား ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မေ ၁၀ ရက် ညပိုင်းတွင် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Ishaq Dar နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး Shri Ajit Doval တို့အား သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အခြေအနေ အရှိန်ပြေလျော့ရေး၊ ဘက်စုံရေရှည်အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ခဲ့ကြောင်း၊ ပါကစ္စတန်နှင့် အိန္ဒိယ နှစ်ဖက်လုံးက အပြုသဘောဆောင်သည့် သဘောထားရပ်တည်ချက်များ ဖော်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အိန္ဒိယနဲ့ ပါကစ္စတန်က ပဋိပက္ခထပ်မံဖြစ်ပွားတာကို ရှောင်ကြဉ်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး အရှိန်အဟုန် ခိုင်မြဲရေးနဲ့ စဉ်ဆက်မပြတ်ဖြစ်ရေးကို လုပ်ဆောင်သွားကာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကို သင့်လျော်စွာဖြေရှင်းပြီး နိုင်ငံရေးအရ ဖြေရှင်းရေး လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာဖို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်” ၊ တရုတ်နိုင်ငံက အိန္ဒိယ-ပါကစ္စတန် နှစ်ဖက်နှင့်အတူ အမြဲချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်သွားပြီး အိန္ဒိယ-ပါကစ္စတန် ဘက်စုံရေရှည် အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ကာကွယ်ထိန်းသိမ်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
外交部:期待印度和巴基斯坦巩固和延续停火势头
新华社北京5月12日电(记者许可)外交部发言人林剑12日表示,中方对印度和巴基斯坦实现停火表示支持和欢迎,期待印巴巩固和延续停火势头,通过对话谈判妥处分歧。
当日例行记者会上,有记者问:据报道,印度和巴基斯坦于5月10日达成共识,同意立即停火。双方将于5月12日再次举行会谈。我们注意到,中共中央政治局委员、中央外办主任、外交部长王毅5月10日晚分别同巴基斯坦副总理兼外长达尔和印度国家安全顾问多瓦尔通电话,许多国家也为缓解印巴紧张局势发挥了积极作用,巴基斯坦总理夏巴兹对此表示感谢。请问中方对此有何评论?
林剑说,印度和巴基斯坦实现停火符合印巴双方根本和长远利益,有利于地区和平稳定,也是国际社会的普遍期待。中方对此表示支持和欢迎。
林剑表示,印度和巴基斯坦是搬不走的邻居,也都是中国的邻国。印巴局势紧张以来,中方一直同有关各方保持着密切沟通,呼吁印巴两国保持冷静克制,避免局势升级。5月10日晚,中共中央政治局委员、中央外办主任、外交部长王毅分别同巴基斯坦副总理兼外长达尔和印度国家安全顾问多瓦尔通电话,推动局势缓和降温,实现全面持久停火。巴、印双方都作出了积极表态。
“中方期待印度和巴基斯坦巩固和延续停火势头,避免冲突再起,通过对话谈判妥处分歧,回到政治解决的轨道上来。”林剑说,中方愿继续同印巴双方保持沟通,为实现印巴全面持久停火、维护地区和平稳定发挥建设性作用。(完)