China
ဝမ်ရိနှင့် ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mauro Vieira ၊ ဘရာဇီးနိုင်ငံ သမ္မတ အထူး ထိပ်တန်းအကြံပေး Celso Luiz Nunes Amorim တို့ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mauro Vieira ၊ ဘရာဇီးနိုင်ငံ သမ္မတ အထူး ထိပ်တန်းအကြံပေး Celso Luiz Nunes Amorim တို့နှင့် မေ ၁၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သမ္မတ ရှီကျင့်ဖိန် လွန်ခဲ့သည့်နှစ်က ဘရာဇီးသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မှုတွင် ရရှိခဲ့သည့် ရလဒ်များကို လက်တွေ့ဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်က နက်ရှိုင်းစွာ ညှိနှိုင်းဆွေးနွေးကာ သမ္မတ လူလာ တရုတ်သို့ နိုင်ငံတော်ခရီးစဉ် လာရောက်မှုနှင့် အထူးသဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ မကြာမီကျင်းပမည့် အရေးကြီး တွေ့ဆုံဆွေးနွေးမှုအတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာလမ်းညွှန်မှုများအတိုင်း လုပ်ဆောင်ရန်၊ တရုတ်-ဘရာဇီး အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဆက်လက်ထိန်းသိမ်းထားရန်၊ အများလက်ခံအသိအမှတ်ပြုထားသော နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းကာကွယ်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို အတူတကွ ကာကွယ်ရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်-ဘရာဇီး၏ ပံ့ပိုးကူညီမှုကို မြှင့်တင်ရန် အတူတကွ သဘောတူညီခဲ့ကြသည်။
ယူကရိန်း အကျပ်အတည်းစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြပြီး ရုရှား-ယူကရိန်း နှစ်ဖက် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုကို အားပေးကြောင်း၊ “ငြိမ်းချမ်းရေးမိတ်ဆွေအဖွဲ့ငယ်” အခန်းကဏ္ဍမှ ဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်ငံရေးဖြင့် အကျပ်အတည်း ဖြေရှင်းရေးကို တွန်းအားပေးရန် ပိုမိုများပြားသော နိုင်ငံတကာ သဘောတူညီချက်များကို စုစည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
王毅会见巴西外长维埃拉、总统首席特别顾问阿莫林
新华社北京5月13日电 中共中央政治局委员、外交部长王毅12日在京会见巴西外长维埃拉、总统首席特别顾问阿莫林。
双方就落实好习近平主席去年访巴成果深入沟通,并为卢拉总统访华、特别是两国元首即将举行的重要会晤作了准备,一致同意将按照两国元首战略指引,推进中巴命运共同体建设,坚持多边主义,维护公认的国际规则,共同捍卫全球南方正当权益,为促进世界和平稳定发展作出中巴贡献。
双方就乌克兰危机等交换看法,表示支持俄乌双方直接对话谈判,将继续发挥“和平之友”小组作用,为推动危机政治解决汇聚更多国际共识。(完)
图说:5月12日,中共中央政治局委员、外交部长王毅在北京会见巴西外长维埃拉、总统首席特别顾问阿莫林。 新华社记者 岳月伟 摄