Connect with us

China

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို ကြိုဆိုကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

ကုလသမဂ္ဂ၊ မေ ၁၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များအပေါ် ကြိုဆိုကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးအတွက် “အလွန် အပြုသဘောဆောင်သော” အချက်ပြမှုတစ်ခုဖြစ်သည်ဟု ယူဆကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်ကောင်းမွန်သော အစပြုခြင်းတစ်ခုဖြစ်သည်မှာ သိသာ” ကြောင်း၊ ယင်းက ကမ္ဘာ့စီးပွားရေးအတွက် “အလွန် အပြုသဘောဆောင်သော” အချက်ပြမှုတစ်ခုဖြစ်ကြောင်း၊ “ကမ္ဘာကြီးအတွက် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြှင့်ဖို့ မလိုအပ်ဘူး၊ လိုအပ်တာက ဆွေးနွေးရေးလုပ်ဖို့ဆိုတာ ကျွန်တော်တို့ အမြဲ အလေးပေးပြောပါတယ်”၊ ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးအုပ်စု နှစ်ခုက အပြုသသောဆောင်သော၊ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ခြင်းသည် လူအားလုံးအပေါ် အကျိုးရှိကြောင်း Stephane Dujarric က အဆိုပါနေ့တွင် သတင်းထောက်များ၏ မေးမြန်းမှု ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်အပေါ် ဂူတာရက်စ်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးဖြစ်ရာ “စီးပွားရေး ချိတ်ဖြုတ်ခြင်း” ဟူသည်ကို ဆန့်ကျင်သလို “ကုန်သွယ်ရေးစစ်ပွဲမှ အနိုင်ရသူဟူ၍ မရှိနိုင်ကြောင်း” အလေးအနက်ပြောကြားခဲ့သည်ဟု Stephane Dujarric က ထပ်မံပြောကြားခဲ့သည်။

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ရာ နှစ်ဖက်သည် ရိုးသားပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိသော ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေးကဏ္ဍတွင် အရေးကြီးသော သဘောတူညီမှုများစွာရရှိခဲ့ကြောင်း၊ နှစ်ဖက်က “တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးမှု ပူးတွဲကြေညာချက်” ကို မေ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
联合国秘书长欢迎中美经贸高层会谈成果
新华社联合国5月12日电 联合国秘书长发言人迪雅里克12日说,联合国秘书长古特雷斯对中美经贸高层会谈成果表示欢迎,认为这对全球经济是一个“非常积极”的信号。   迪雅里克当天在回答记者提问时表示,中美经贸高层会谈“显然是一个很好的开始”,对世界经济是“非常积极”的信号,“我们一直强调,世界不需要贸易战升级,而是需要对话”。世界上最大的两个经济体保持积极、互利的关系对所有人都有益。
迪雅里克还说,古特雷斯已经很清楚地表达了其在贸易问题上的立场,即反对所谓“经济脱钩”,强调“没有人能在贸易战中获胜”。
中美经贸高层会谈10日至11日在瑞士日内瓦举行,双方进行了坦诚、深入、具有建设性的沟通,在经贸领域达成一系列重要共识。12日,双方发布《中美日内瓦经贸会谈联合声明》。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.