Connect with us

China

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲ အရေးကြီးသဘောတူညီချက်များ အကောင်အထည်ဖော်၊ တရုတ်နိုင်ငံဘက်က အမေရိကန်အပေါ် ထပ်တိုးစည်းကြပ်ခွန်များ ချိန်ညှိပြောင်းလဲ

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ပြီးနောက် မေ ၁၁ ရက်က ဂျီနီဗာမြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို ဒေသစံတော်ချိန် မေ ၁၀ ရက်မှ ၁၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည်။ မေ ၁၂ ရက်တွင် နှစ်နိုင်ငံအနေဖြင့် “တရုတ်-အမေရိကန် ဂျီနီဗာ စီးပွားရေးနှင့် ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲကြေညာချက်” ကို ထုတ်ပြန်ခဲ့သည်။ ပူးတွဲကြေညာချက်တွင် နှစ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် သဘောတူညီချက်များစွာ ရရှိခဲ့ရာ မေ ၁၄ ရက်မတိုင်မီ သက်ဆိုင်ရာအစီအမံများ ဆောင်ရွက်ရန် သဘောတူညီခဲ့သည်။

အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မေ ၁၂ ရက်တွင် အမေရိကန်ဘက်က အမိန့်ကြေညာချက်ထုတ်ပြန်ပြီး အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မေ ၁၄ ရက် ၀၀ နာရီ ၀၁ မိနစ်မှစ၍ တရုတ်နိုင်ငံအပေါ် ထပ်တိုးစည်းကြပ်ခွန်များကို ချိန်ညှိပြောင်းလဲမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲ၏ အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်အလို့ငှာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်ရေးရာကော်မရှင်က ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မေ ၁၄ ရက် ၁၂ နာရီ ၀၁ မိနစ်မှစ၍ “အမေရိကန်နိုင်ငံထုတ် သွင်းကုန်ပစ္စည်းများအား ထပ်တိုးစည်းကြပ်ခွန်ကောက်ခံခြင်းဆိုင်ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်ရေးရာကော်မရှင်၏ ကြေညာချက်” (အကောက်ခွန်ရေးရာကော်မရှင် ကြေညာချက် ၂၀၂၅ ခုနှစ် အမှတ် ၄ ) သတ်မှတ်ထားသည့် ထပ်တိုးစည်းကြပ်ခွန်းနှုန်းထားကို ၃၄ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ချိန်ညှိပြောင်းလဲကြောင်း၊ ရက် ၉၀ အတွင်း အမေရိကန်နိုင်ငံအပေါ် ထပ်တိုးစည်းကြပ်ခွန်နှုန်းထား ၂၄ ရာခိုင်နှုန်း အကောင်အထည်ဖော်ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
မေ ၁၄ ရက် ၁၂ နာရီ ၀၁ မိနစ်မှစ၍ “အမေရိကန်နိုင်ငံထုတ် သွင်းကုန်ပစ္စည်းများအား ထပ်တိုးစည်းကြပ်ခွန်ကောက်ခံမှု အစီအမံ ချိန်ညှိပြောင်းလဲခြင်းဆိုင်ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်ရေးရာကော်မရှင်၏ ကြေညာချက်” (အကောက်ခွန်ရေးရာကော်မရှင် ကြေညာချက် ၂၀၂၅ ခုနှစ် အမှတ် ၅ ) နှင့် “အမေရိကန်နိုင်ငံထုတ် သွင်းကုန်ပစ္စည်းများအား ထပ်တိုးစည်းကြပ်ခွန်ကောက်ခံမှု အစီအမံ ချိန်ညှိပြောင်းလဲခြင်းဆိုင်ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်ရေးရာကော်မရှင်၏ ကြေညာချက်” (အကောက်ခွန်ရေးရာကော်မရှင် ကြေညာချက် ၂၀၂၅ ခုနှစ် အမှတ် ၆ ) သတ်မှတ်ထားသည့် ထပ်တိုးစည်းကြပ်ခွန်အစီအမံများ ဖော်ဆောင်ခြင်းအား ရပ်ဆိုင်းကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအကြိမ် တရုတ်-အမေရိကန် နှစ်ဖက် စည်းကြပ်ခွန်အဆင့် များစွာလျှော့ချခြင်းသည် နှစ်နိုင်ငံ ထုတ်လုပ်သူနှင့် စားသုံးသူများ၏ မျှော်လင့်ချက်နှင့်ကိုက်ညီသလို တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်စီးပွား သွားလာမှုအတွက် အကျိုးရှိစေကာ ကမ္ဘာ့စီးပွားရေးအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။

ထို့အပြင် ဧပြီ ၂ ရက်နောက်ပိုင်းတွင် အမေရိကန်၏ စည်းကြပ်ခွန်ထပ်တိုးမှုကို ဦးတည်သည့် အခြားသော အကောက်ခွန်မဟုတ်သည့် တန်ပြန်အစီအမံများကို တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာဌာနများက မကြာမီ အလိုက်သင့် ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
落实中美经贸高层会谈重要共识 中方调整对美加征关税措施
新华社北京5月13日电 当地时间5月10日至11日,中美经贸高层会谈在瑞士日内瓦举行。5月12日,双方发布《中美日内瓦经贸会谈联合声明》。双方在联合声明中达成多项积极共识,同意于5月14日前采取有关举措。
美东时间5月12日,美方发布行政令,宣布自美东时间5月14日0时01分起调整对华加征关税措施。
为落实中美经贸高层会谈的重要共识,国务院关税税则委员会今天发布公告,自5月14日12时01分起,调整《国务院关税税则委员会关于对原产于美国的进口商品加征关税的公告》(税委会公告2025年第4号)规定的加征关税税率,由34%调整为10%,在90天内暂停实施24%的对美加征关税税率。自5月14日12时01分起,停止实施《国务院关税税则委员会关于调整对原产于美国的进口商品加征关税措施的公告》(税委会公告2025年第5号)和《国务院关税税则委员会关于调整对原产于美国的进口商品加征关税措施的公告》(税委会公告2025年第6号)规定的加征关税措施。
本次中美大幅降低双边关税水平,符合两国生产者和消费者的期待,有利于中美两国经贸往来,有利于全球经济。
另外,针对4月2日后美国加征关税的其他非关税反制措施,中方有关部门近期也将相应暂停或取消。(完)
1. 中美经贸高层会谈5月10日至11日在瑞士日内瓦举行。中美经贸中方牵头人、国务院副总理何立峰当地时间11日晚在出席中方代表团举行的新闻发布会时表示,此次中美经贸高层会谈坦诚、深入、具有建设性,达成重要共识,并取得实质性进展。这是5月11日在日内瓦拍摄的新闻发布会现场。 新华社记者 赵丁喆 摄