China
ယူကရိန်းအကျပ်အတည်းဆိုင်ရာ တရုတ်-ဘရာဇီး ပူးတွဲကြေညာချက်

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မေ ၁၃ ရက်၊ ပေကျင်းမြို့တွင် ထုတ်ပြန်ခဲ့သော ယူကရိန်းအကျပ်အတည်းဆိုင်ရာ တရုတ်-ဘရာဇီး ပူးတွဲကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) တရုတ်နှင့် ဘရာဇီးအနေဖြင့် သမ္မတ ပူတင်၏ မေ ၁၀ ရက်က စတင်ခဲ့သော ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှု အဆိုပြုချက်နှင့် သမ္မတ ဇယ်လန်းစကီး၏ အပြုသဘောဆောင်သည့် သဘောထားဖော်ပြချက်တို့အား ကြိုဆိုသည်။
(ခ) တရုတ်နှင့် ဘရာဇီးအနေဖြင့် ရုရှား-ယူကရိန်း နှစ်ဖက် တိုက်ရိုက်ဆွေးနွေးမှုများ အမြန်ဆုံး စတင်ရန် မျှော်လင့်ရာ ယင်းမှာ ပဋိပက္ခကို အဆုံးသတ်ရန် တစ်ခုတည်းကြောင်း လမ်းကြောင်းဖြစ်သည်။
(ဂ) တရုတ်နှင့် ဘရာဇီးအနေဖြင့် လတ်တလောတွင် ဆွေးနွေးမှုစတင်ရန် ဆန္ဒရှိကြောင်း အချက်ပြမှုများအပေါ် အပြုသဘောဆောင်သည့် မှတ်ချက်ပေးရာ သက်ဆိုင်ရာဘက်အသီးသီးတို့က ရလဒ်ကြွယ်ဝသော စေ့စပ်ညှိနှိုင်းမှု စတင်နိုင်ရန်၊ နိုင်ငံရေးဖြင့် ဖြေရှင်းရေးကို ဖော်ဆောင်ပြီး ပိုမိုများပြားသော သဘောတူညီချက်များကို စုစည်းသွားရန်၊ ဘက်အသီးသီး၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်မှုကို ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်သလို နောက်ဆုံးတွင် တရားမျှတမှု၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ထိန်းချုပ်နိုင်သောစွမ်းရည်ရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရရှိနိုင်ရန် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးနည်းလမ်းကို အရင်းအမြစ်မှ ရှာဖွေရန် လိုအပ်သည်ဟု ယူဆကြသည်။
(ဃ) အထက်ဖော်ပြပါ ရည်မှန်းချက်များ ဖော်နိုင်ဆောင်ရန် တရုတ်-ဘရာဇီးတို့သည် ၂၀၂၄ ခုနှစ် မေလတွင် ဘက်အသီးသီးအား ပြန်လည်ဆွေးနွေးမှုအတွက် အခြေအနေများဖန်တီးရန် တိုက်တွန်းခဲ့ဖူးကြသည်။ ထိုနှစ် စက်တင်ဘာလတွင်လည်း တရုတ်-ဘရာဇီး နှစ်နိုင်ငံက “ငြိမ်းချမ်းရေးမိတ်ဖက်အဖွဲ့ငယ်” ကို ကုလသမဂ္ဂ၌ အဆိုပြုခဲ့ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအား အတူတကွ ပေါင်းစည်းခဲ့သည်။
(င) တရုတ်နှင့် ဘရာဇီးအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ အကျပ်အတည်း ဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကြိုးပမ်းမှုများ ဆက်လက်ပါဝင်လုပ်ဆောင်သွားရန် ဆန္ဒရှိသည်။ (Xinhua)
………………………………………..
(Chinese Version)
中国巴西关于乌克兰危机的联合声明
新华社北京5月13日电 中国巴西关于乌克兰危机的联合声明
(2025年5月13日,北京)
一、中国和巴西欢迎普京总统5月10日开启和平谈判的提议,以及泽连斯基总统的积极表态。
二、中国和巴西希望俄乌双方尽快开启直接对话,这是结束冲突的唯一途径。
三、中国和巴西积极评价近期关于开展对话意愿的信号,期待有关各方能开启富有成果的谈判、为实现政治解决汇聚更多共识,解决各方的合理关切,认为有必要从根源上找到解决乌克兰危机的办法,以期最终达成一个公平、持久、有约束力的和平协议。
四、为实现上述目标,中国和巴西曾于2024年5月呼吁各方为恢复对话创造条件。同年9月,两国在联合国发起“和平之友”小组,将全球南方国家团结在一起。
五、中国和巴西愿同全球南方国家一道,继续为解决危机作出积极努力。(完)