Connect with us

Europe

ဥရောပက အမေရိကန်အား အစဉ်သဖြင့် မှီခိုနေခြင်းမှာ “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု ပြင်သစ်သမ္မတ ပြောကြား

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Arc de Triomphe အနီးတွင် အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသော ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်အား ၂၀၂၄ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မေ ၁၄ ရက် (ဆင်ဟွာ)
ဥရောပက အမေရိကန်အပေါ် အစဉ်သဖြင့် မှီခိုနေပါက “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က မတ် ၁၃ ရက် ညပိုင်းတွင် ပြင်သစ်ရုပ်သံလိုင်း TF1 ၏ အထူးအစီအစဉ်တစ်ခု၌ ပြောကြားခဲ့သည်။

အကယ်၍ ဥရောပသည် နောက် ၅ နှစ်မှ ၁၀ နှစ်အတွင်း မိမိကိုယ်ကို စုစည်းနိုင်ခြင်း၊ အမေရိကန်နိုင်ငံအပေါ် ပိုမိုသီးခြားရပ်တည်နိုင်ခြင်း မရှိပါက “တာဝန်မဲ့မှု” ဖြစ်လိမ့်မည်ဟု မက်ခရွန်က ပြောကြားခဲ့သည်။

ဥရောပစစ်ပွဲအပြီး ငြိမ်းချမ်းရေးအတွက် ပေါင်းစည်းမှုစတင်ခဲ့ရာ သာယာဝပြောသော ဘုံဈေးကွက်အဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ယခုအခါတွင် “ပထဝီဝင်နိုင်ငံရေးနိုးထမှု အချိန်အခိုက်အတန့်” ရောက်လာကာ ဥရောပသည် “အင်အား” တစ်စုဖြစ်လာရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဥရောပသည် အမေရိကန်၏ အကျိုးစီးပွားတည်ရှိရာနေရာ မဟုတ်တော့ကြောင်း လက်ရှိ အမေရိကန်အစိုးရ၏ တချို့သော လုပ်ရပ်များက ယင်းအချက်ကို သက်သေပြနေကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အမေရိကန်၏ စည်းကြပ်ခွန် မူဝါဒက အမေရိကန်၏ စီးပွားရေးတိုးတက်မှုကို ဦးစွာထိခိုက်နစ်နာစေသည်ဟု မက်ခရွန်က ယူဆသည်။

ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂအတွင်း နျူကလီးယားပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ပြင်သစ်နိုင်ငံအနေဖြင့် အခြားဥရောပနိုင်ငံများတွင် ပြင်သစ်နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားရေးနှင့် စပ်လျဉ်း၍ “ဆွေးနွေးမှုများ ပြုလုပ်ရန်” ဆန္ဒရှိကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် မက်ခရွန်က ယူကရိန်းအား စဉ်ဆက်မပြတ် ထောက်ခံအားပေးရမည်ကို ထပ်လောင်းပြောကြားခဲ့ပြီး တစ်ချိန်တည်းမှာပင် အခြေအနေ အရှိန်မြှင့်တက်လာမှုကို ရှောင်းရှားရန်၊ အပစ်အခတ်ရပ်စဲရန် တိုက်တွန်းခဲ့သည်။

အကယ်၍ ရုရှားက အပစ်အခတ်ရပ်စဲရန် လက်မခံပါက ဥရောပနှင့် အမေရိကန်တို့သည် “လာမည့် ရက်အနည်းငယ်အတွင်း” အရေးယူပိတ်ဆို့မှုအသစ်များ ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နောင်လာမည့် အပစ်အခတ်ရပ်စဲကာလအတွင်းတွင်လည်း စစ်ဖြစ်လျက်ရှိသော နှစ်ဖက်၏ နယ်မြေပိုက်နက် ကိစ္စရပ်များကို ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံသားများအနေဖြင့် ၂၀၁၄ ခုနှစ် ယူကရိန်းအကျပ်အတည်းမတိုင်မီက နယ်နိမိတ်များဆီသို့ ပြန်သွားရန် ၎င်းတို့တွင် “အင်အားမရှိ” ကြောင်း ရှင်းရှင်းလင်းလင်းသိကြသည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဂရိနိုင်ငံ မြို့တော် အေသင် တောင်ပိုင်းရှိ Tanagra လေတပ်အခြေစိုက်စခန်း ဝေဟင်တွင် ပျံသန်းနေသော ပြင်သစ်နိုင်ငံထုတ် “Dassault Rafale” တိုက်လေယာဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
法国总统:欧洲始终依赖美国将是“不负责任”
新华社巴黎5月13日电(记者乔本孝)法国总统马克龙13日晚在法国电视一台一档特别节目中说,欧洲若始终依赖美国将是“不负责任”。
马克龙说,若再过5到10年,欧洲仍未能自我组织起来,对美更加独立,就将是“不负责任的”。他说,欧洲战后为和平开启一体化,逐步发展为繁荣的共同市场,如今到了“地缘政治觉醒的时刻”,欧洲要成为一支“力量”。他指出,欧洲将越来越不是美国的利益所在,美国现政府的一些做法也对此加以印证。对于美国的关税政策,马克龙认为,首先伤害的是美国经济增长。
法国是欧盟内唯一有核国家。马克龙表示,法国愿意就在其他欧洲国家部署法国核武器“开启讨论”。
谈及乌克兰问题,马克龙重申要持续支持乌克兰,同时避免事态升级并呼吁停火。他说,若俄罗斯不接受停火,欧洲将与美国在“未来几天内”施加新的制裁。他表示,在未来停火期间,还应处理交战双方领土问题,乌克兰人清楚其“没有能力”重回2014年乌克兰危机以前的边界。(完)
图说1:2024年7月14日,在法国巴黎凯旋门附近,法国总统马克龙出席国庆阅兵式。新华社发(亨利·施瓦茨摄)
图说2:2022年1月19日,法国产“阵风”战机飞翔在希腊首都雅典以北的塔纳格拉空军基地上空。新华社发(马里奥斯·罗洛斯摄)